Popular Posts

Thursday, May 1, 2014

သစ္စာရှိသော ပြည်စောင့်ခွေး (သို့ မဟုတ် ) မီဒီယာသစ္စာကြီးမားသူတစ်ဦး




သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ၏ သေဆုံးမှု သည် မြန်မာ့မီဒီယာလော ကနှင့် မြန်မာ့နိုင်ငံ ရေးသမားများအတွက် အလွန်တော်သော သင်တန်းနည်းပြမှူးကြီး တစ်ဦး ခက်ခဲသော ပု စ္ဆာ နှင့် သင် ခန်းစာများ လက်တွေ့ ပြသဆဲ ကာလအတွင်းမှာ ပျောက်ကွယ်သွားသော သင်တန်း သား/သူ ၊ကျောင်း သား /သူများ ကဲ့သို့ ခံစားမှုများဖြစ်ပေါ်စေပါသည်။
မြန်မာ့မီဒီယာလောကတွင် ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက်ပိုင်း တပ်မတော်အစိုးရလက်ထက် အထင် ရှားဆုံး လူပြောအများဆုံး သတင်းစာ ဆရာ နှစ် ဦး ပေါ်ထွက်ခဲ့ ပြီး တပ်မတော်အစိုးရ ကို အစဉ် တစ်စိုက် ထောက်ခံသော တက္ကသိုလ် မြတ် သူ နှင့် တပ်မတော် အစိုးရကို အစဉ်တစ်စိုက် ဆန့်  ကျင်ခဲ့သော ဟံသာဝတီ ဦးဝင်းတင် တို့ နှစ်ဦးဖြစ်ကြောင်း တွေ့ ရသည်။   
ယင်းတို့ နှစ်ဦးစလုံး သည် အစိုးရပိုင် သတင်းစာတိုက်များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများဖြစ်ကြ ပြီး နိုင်ငံတော်ပိုင် ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာတိုက်များ မှ နေ၍ ပြည်စောင့်ခွေးတာဝန်ကို ကျေပွန် စွာထမ်းဆောင်ခဲ့ကြသည့်  မီဒီယာ သစ္စာကြီးမားကြ သူများဖြစ်ကြောင်း တွေ့ ရသည် ။ နှစ်ဦးစလုံး သည် ရဲဘော်ရဲဘက် စိတ်ကြီး သူများဖြစ်ကြသလို ခေါင်းမာသူများလည်းဖြစ်ကြသည်။ ယင်းတို့ ရပ်တည်သည့်ဘက်ကို အစဉ်တစ်စိုက် အသက်သေသည်အထိ ထောက်ခံအားပေးသည့် ခေါင်းမာမှုမျိုးလည်း အတူတူပင်ဖြစ်သည် ကို တွေ့ ရသည် ။ ဦးဝင်းတင်သည် ပါတီတွင်းအစည်းအဝေး များတွင် ဖွဲ့ စည်းပုံ အခြေခံဥပဒေ၏  ၅၉ (စ) အတွက် လည်းကောင်း၊ ကော့ကရိတ် သိန်းညွန့်  အား ဒီမိုကရေစီလုပ်ဖေါ်ကိုင်ဖက်အဖြစ် NLD ပါတီတွင်ပြန်လည်လက်ခံရေးအတွက်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် သဘော ထားမတိုက်ဆိုင်မှုများဖြစ်ပေါ်ခဲ့သော်လည်း အသက်သေသည် အထိ ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ် ရာအဖြစ် သစ္စာကြီးမားခဲ့သလို တစ်နိုင်ငံလုံးနှင့်သက်ဆိုင် သည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ကိုလည်း ထောက်ခံခဲ့သူအဖြစ် ရပ်တည်ခဲ့ သည်မှာလည်း ပြန်ကြားရေးဌာန ၏ ပြည်စောင့်ခွေး တာဝန်ကို  ပြည်သူနှင့် နို်င်ငံအတွက် တတ်စွမ်းသမျှ သစ္စာတည် သွား သည် ကို တွေ့ ရသည့်အတွက် ပြန်ကြားရေးဝန်ကြီး ဌာ န အနေဖြင့် နောင်လာ နောက်သား သတင်းစာ/ဂျာနယ် စသည်ဖြင့် မီဒီယာသမားအလွှာအသီးသီးအတွက် စံနမူနာပြ ပုဂ္ဂိုလ် အဖြစ် အမှတ်တရ ဆောင်ရွက်ပေး သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။
ရန်ကုန်ကြေးမုံ  

1 comment:

  1. စစ် ခွေး သတင်း စာ သမား နဲ့  အနှိုင်း ခံ ရ တာ တော့ နာ တယ် ကွာ

    ReplyDelete