Popular Posts

Saturday, May 3, 2014

ကျွန်ယုံတော့ တစ်ဖက်ကန်း / သားသမီး ယုံတော့ စုံလုံးကန်း



 







မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့ လှု့ံဆော်ရေး ကြွေးကြော်သံ ကတော့  အမျိုး /ဘာသာ / သာသ နာ ဖြစ်ပါသည်။
မြန်မာ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်တဲ့ လှု့ံဆော်ရေး ကြွေးကြော်သံ ကတော့ ဒီမိုကရေစီနှင့် လူ့  အခွင့် အရေးဖြစ်ပါသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန် မြန်မာ့ နိုင်ငံရေး ပါတီကြီးများဖြစ်သည့် ကြံ့ခိုင်ရေး ပါတီ က လူထု လှု့ံဆော်ရေး ကြွေးကြော်သံ အဖြစ် အမျိုး/ ဘာသာ / သာသနာ ကို စွဲကိုင်ပြီး ပြည်သူလူထု အနေဖြင့် ပါတီကို ထောက်ခံလာရေးဆောင်ရွက်နေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ က လူထုလှု့ံ ဆော်ရေး ကြွေးကြော်သံ အဖြစ် ဒီမိုကရေစီ နှင့် လူ့ အခွင့်အရေး ကို စွဲကိုင်ပြီး ပါတီကို လူကြိုက်များလာ အောင် ဆောင်ရွက်လျှက်ရှိသည်။
တပ်မတော်အစိုးရလက်ထက်တွင် NLD  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို သနားကရုဏာ ဖြစ်ပေါ်သောကြောင့် ဘုန်းတော်ကြီးများက  မေတ္တာ ဘာဝနာ တန်ခိုးဖြင့်   စောင့်ရှောက်မှု များ ပြုလုပ်ခဲ့ကြသည်။ 
ဘာဝနာ တန်ခိုးဖြင့် အကာအကွယ်ရရှိခဲ့သည် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သာသနာတော် ကို စောင့်ရှောက်မှုများ မရှိပဲ သာသနာအဆောက်အဦများ ပျက်စီးစေမှုများကိုဆောင်ရွက်ခဲ့သလို သမုတိ မင်းဖြစ်သည့် ဦးသိန်းစိန် ကလည်း  လက်ပန်းတောင်း တောင် လယ်တီသိမ်နှင့် စေတီ ဖျက်သိမ်းမှုအပေါ် လစ်လျူရှု ခဲ့ကြသဖြင့် သားသမီးယုံ စုံလုံးကန်း အဖြစ်နှင့် ဘာသာ/သာသနာ စောင့် ရှောက်သူများ ကြုံတွေ့ ခံစားခဲ့ကြရသည်။
ယင်းသို့ သော အကြောင်းတရားများကြောင့် ဘာဝနာတန်ခိုးရှိသည့် ကမ္မဋ္ဌာနာ စရိယ ဆရာတော် များက ဘာဝနာ တရားကို စနစ်တကျ အားထုတ်ထားသူများ အား ကွန်ယက်ဖွဲ့ စေခဲ့ပြီး သာသနာ အစောင့်အရှောက် ကို ကိုယ်တိုင်ပြုလုပ်ကြရန် လမ်းညွန်မှုများ ပြုလုပ်လျက်ရှိကြသည်။  သားဆိုး/သမီးဆိုး များဖြစ်သည့် စုကြည်မ နှင့် သိန်းစိန် တို့ ကို ယုံကြည်မှုမရှိ တော့ပဲ ဘာဝနာ တန်ခိုး၏ အစောင့်အရှောက်မှ လစ်လျူရှု ခံစေခဲ့သဖြင့် မြန်မာ့ နိုင်ငံရေးခေါင်းဆောင်များ ကိုယ်စိတ်နှစ် ဖြာ ကျန်းမာခြင်းအတွက် ကိုယ်တိုင်စောင့်ရှောက်ရတော့မည်ဖြစ်ကြောင်း ဘာသာ/သာ သနာ စောင့်ရှောက်သူများထံ သိရသည်။
www.facebook.com/myanmarinternetnews1?fref=photo မှ ဓတ်ပုံ များ ကူးယူဖေါ်ပြသည်။

1 comment:

  1. နိုင်ငံခေါင်းဆောင်တွေ ကို အပြစ်တင် မစောပါနဲ့ ဗျာ

    လယ်တီ=တောင်ဝှေး = = = = = ကတ်ကင်း
    လယ်တီ=လက်ပံတောင်း = = = = = ဓါတ်တူ နာမ်တူ
    တရုတ်=လက်ပံတောင်း = = = = = ကတ်ကင်း
    တရုတ် ကုမ္ပဏီ က လက်ပံတောင်း တောင်ကို ဖြို တယ် ဖျက်ရဲတယ်ဆိုတော့  မြန်မာပြည်မှာ တရုတ်ပြည်အတွက် နေရာ မရှိတော့ ဘူး ဆိုတဲ့  အတိတ်နိမိတ်ဖြစ်တယ် ။
    လက်ပံတောင်း တောင်မှာ ရှိတဲ့ လယ်တီ သိမ် နဲ့ ဘုရားကို ဖျက်ဆီးတဲ့ အတွက် တရုတ်ပြည်ကြီး လောင်မီးကျမဲ့  အချိန်ရောက် ပြီဆိုတဲ့  မြန်မာအတိတ်တဘောင်လာ --- တရုတ်က ဖိ - ရှမ်း က အိ - ရှိသည့် မြန်မာ အနောက် မှာ ဆိုသည့် တဘောင်ပါ အတိုင်း တရုတ်ပြည်ကြီး တစ်ခြမ်းလုံး မီးလောင် ပျက် စီးတော့မယ့် အချိန် ကို အစ ပျိုးလိုက် တာပါပဲ ။ မြန်မာပြည်ဖွားနှင့် နိုင်ငံအသီးသီးရှိ တရုတ်များ ပြည်မကြီး သို့ ပြန်ရောက် ချိန် ဆိုတဲ့ နိမိတ် ပါ ဆိုရင် ပို မှန် ပါလိမ့်မယ်


    နိုင်ငံခေါင်းဆောင်တွေ ကို အပြစ်တင် မစောပါနဲ့ ဗျာ

    ReplyDelete