Popular Posts
Tuesday, October 30, 2012
Democratic Culture များထွန်းကားတိုးတက်နေသည့် ရေကျော် သီတင်းကျွတ်မီးထွန်းပွဲတော်
တူတာတွေ ပေါင်း လုပ် နေသည့် ရေကျော်က ပါတီ အ စုံ မှ ခေါင်းဆောင်များ
မကျင်းပရသည့်အကြောင်းရင်းမှာ ပွဲပါမစ် စားရိတ် နှင့် လုံခြုံရေးစားရိတ် များကြီးမြင့်ခဲ့မှု ကြောင့် ဟု သိရသည်။ 
၂၀၁၁ ခုနှစ်တွင် အမှတ် ( ၉ ) ရပ်ကွက် မှ ရပ်မိ/ရပ်ဘ များ ဖြစ်သော ဦးဆန်းထွန်း၊ဦးအုန်းမောင် ( ရေကျော် / ရာမ ) ၊  ဦးဌေးကို ၊ ဦးတင့်ထူး၊ ဦးအောင် နိုင် ၊ ဦးခင်မောင်တင် အစရှိသူများ၏ ဦးဆောင်မှုဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပြန်လည်ကျင်းပရန်စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည် ။  ရေကျော်သီတင်းကျွတ်မီးထွန်း ပွဲတော်နှင့် အတူ အမှတ် ( ၁၀ )  ရပ်ကွက်၊ လမ်း( ၅၀ ) တွင်လည်း ကာတွန်းပြပွဲကို လမ်းတစ်လျောက်စည်ကားစွာ ပြသကျင်းပလျက်ရှိကြောင်း သိရသည် ။ 
နာမည်ရှိပြီးသား အဆိုတော်များ နှင့် ၀ါသနာရှင် များ ၊ ပြိုင်ပွဲများတွင်ဆုရရှိထားကြသည့် အဆိုဝါသနာရှင်များ၊ လာရောက် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း၊ ၀င်ခွင့်လက်မှတ်များ ကို တစ်စောင် လျှင် ၃၀၀၀/- ကျပ် နှင့် ၅၀၀၀/- ကျပ် နှုန်း သတ်မှတ် ရောင်းချလျက်ရှိ ကြောင်း ၊ လက်မှတ်များကို ဗိုလ်ချုပ်အောင်ဆန်းနှင့် သူငယ် ချင်း များ လွတ်လပ်ရေးကြိုးပမ်းဆဲကာလတွင်အခြေချနေထိုင်ခဲ့ဖူးသည့် ရေကျော်လူငယ် အဆောက်အဦးရှေ့ တွင် ရောင်းချလျက်ရှိကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး / ရပ်မိရပ်ဖ ဖြစ်သူ ဦးအောင်နိုင် (0949251751 နှင့် 396551 ) သို့  လည်း  တယ်လီဖုန်းဖြင့် ဆက်သွယ်မှာထားနိုင်ကြောင်း   သိရသည် ။
ရန်ကုန်ကြေးမုံ
ရန် ကုန် သား များ မ မှား ရ အောင် ရ ခိုင် အ ကြောင်း သိ သ လောက် မျှ ဝေ ခြင်း
ရ ခို င် ပ ဋိ ပ က္ခ ဘာ ကြောင့် ကြာ ရှည် နေ ရ  လဲ
ရခိုင်ပြည်နယ်တွင် ဖြစ်ပွား လျှက်ရှိသည့်  ပ ဋိ ပ က္ခ များ ဘာကြောင့် ရှည်ကြာ ဖြစ်ပွားနေရသလဲ ဆိုသည့်  မေးခွန်း နှင့် အဖြေ ကို ရန်ကုန်သားတိုင်း သိချင်နေသလို ရန်ကုန် ကြေးမုံ ကလဲ သိချင် ဖေါ်ပြချင်သောကြောင့်  ရခိုင်ပြည်နယ် မှ ရောက်လာသော ဆရာသမားအစ်ကို ဦးလေး တို့ ကို မေးမြန်းခဲ့ရသည်။
၁၆၆၆ ခုနှစ်က ရခိုင် 
ရခိုင်သမိုင်း အထောက်အထားအရ ၁၆၆၆ ခုနှစ်ကတည်းက ရခိုင်မင်းများက ဘင်္ဂါလီ ဆယ့်နှစ်ပြည်ထောင် ကို အုပ်ချုပ် မင်းလုပ်ခဲ့ပြီး ဘင်္ဂါလီဒေသတွင် ရခိုင်မင်းများသွန်းလုပ်ခဲ့သည့် ဒင်္ဂါးများကို သုံးစွဲခဲ့ကြောင်း ပစ္စည်း သက်သေ ၊ သမိုင်းသက်သေ၊ ပထ၀ီ သက်သေ အ တိအကျ ရှိ ကြောင်း သိရသည် ။
ယင်းကြောင့် မြန်မာပြည်နယ်နိမိတ်ကိုခွဲ ခြား ပေးရန် ဖဲ့ပေးရန်တောင်းဆိုနေသည့် ရိုဟင်ဂျာ / ဘင်္ဂါလီများ ၏ တောင်းဆိုချက် လိုက်လျောရန် လုံးလုံး မဖြစ်နိုင်တော့ပါ ။ ( ရန်ကုန် ကြေးမုံ
မူလ အစ  ပဋိပက္ခ ဖြစ်ပွားစေသည့် ဇစ်မြစ် 
မိမိ ကိုယ်ကို လူမျိုးကြီးပါလို့ အခိုင်အမာသန္နိ္န ဌာန် ချထားသည့် ရခိုင်တို့ ၏ ကျဥ်းမြောင်းသည့်လူမျိုးရေး ၀ါ ဒ  နှင့်  ငါတို့ ဘာသာ သည်သာ တစ်ကမ္ဘာလုံး ၏ ကိုးကွယ်ရာလို့  မှတ်ယူထားသည့် ဘာသာရေးအစွန်းရောက် အစ္စလာမ် ၀ါ ဒ တို့ ထိပ်တိုက်တွေ့ ဆုံခြင်းသည်လည်းတစ်ချက်၊ ဘာသာရေးအစွန်းရောက်ရုံသာမက ရခိုင်ဒေသ ကို အစ္စလာမ်ပြည်နယ် ဖြစ်ရေးအတွက် နိုင်ငံတကာအစ္စလာမ်နိုင်ငံများ နှင့် ကုလသမဂ္ဂ မှ ကိုယ်တိုင် အထောက်အပံ့ပေးနေခြင်းလည်းတစ်ချက်၊ ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအမည်ခံ သည့် လွှတ်တော်ပြင်ပနိုင်ငံရေးသမားများထဲမှ အစ္စလာမ်ဘာသာဝင် နိုင်ငံရေးသမားတို့ ကလည်း ကမ္ဘာ့ အစ္စလာမ္မစ် နိုင်ငံများထံမှ ငွေကြေးရယူ ကာ ရခိုင်ပြည်နယ်တွင် အစ္စလာမ်များနယ်မြေသစ်တည်ထောင်ခွင့်ရရေး ဆောင်ရွက်နေမှုများသည်လည်း တစ်ချက်တို့ ကြောင့် ရခိုင် ဒေသတွင် ပဋိ ပက္ခ ဖြစ်ပွားစေခဲ့ကြောင်း သိရသည်။
အမေရိကန်နှင့် ကုလသမဂ္ဂ တို့  ၏ ရပ်တည်ချက် 
အမေရိကန်နှင့် ကုလသမဂ္ဂတို့  က ရခိုင်ပြည်နယ်အရေးတွင် ဗု ဒ္ဓ ဘာသာ နှင့် ရခိုင်လူမျိုးများဘက်မှ ရပ်တည်ခြင်း လုံးလုံးမရှိပဲ ဘင်္ဂါလီ နှင့် အစ္စလာမ်များဘက်မှ လုံးလုံးရပ်တည်လျက်ရှိသည်။ မြန်မာအစိုးရ ဘက် မှပြောဆိုချက်များ အားလုံးကိုဆန့် ကျင်လျှက်ရှိသည်။  ကုလသမဂ္ဂ မှ ကင်တားနား ရောက်ရှိစဉ်က လည်း  စောမြင့် ၏ မိသားစု ထံအရောက် သွားခဲ့သလို  ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ရုံး မော်တော်ယာဉ်မောင်းထံမှ တစ်ဆင့် ပေးပို့ ခဲ့သည့် လွှတ်တော်ပြင်ပ နိုင်ငံရေးသမားများ၏ တင်ပြချက် memory sticks  ကိုလက်ခံခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံထံသို့ တင်ပြရန် / ကိုးကား ရန် ဆုံးဖြတ်ခဲ့သည်။  အမေရိကန်သံရုံး ၊ စာကြည့် တိုက် ရန် ကုန် တွင်ဖွင့်လှစ်သော အင်္ဂလိပ်စာသင်တန်းများ တွင် နည်းပြ  ဆောင်ရွက်နေသူ ကိုယ်တိုင်ကလည်း ကင်တားနား ၏  memory sticks လက်ခံခဲ့မှုအကြောင်း ကို  အမေရိကန်နိုင်ငံ ရှိ  ပြည်နယ်များထဲမှ  ကိုလံဘီယာ နှင့် စပ်ဆက်နေသော ပြည်နယ်တစ်ခု ကို  မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် စပ်ဆက်ပြည်နယ် နှင့်  နီးစပ်သည့်  ဥပမာ ပေးမှု ကို လက်ခံခဲ့ပြီး မှ ဖွင့်ချဝန်ခံခဲ့သည့်  မဟာမြို့ တော် ရန်ကုန် ၏ အမေရိကန်ပြည်တော်ပြန် ညစာစားပွဲ  တစ်ခု ထံမှ သိရသည် ။  ယင်းညစာစားပွဲတွင် မြန်မာ ကျောင်းသားလေး က မင်းတို့ ဆီမှာရော မင်းတို့ ပြည်နယ်ထဲမှာ နယ်မြေခွဲ ပေးပါလို့ တောင်းရင်လက်ခံမလား လို့   မေးတဲ့အခါမှ ကိုယ်ချင်းစာစိတ်ဝင်ခဲ့တဲ့ အမေရိကန်တွေ ပါ။  ဒါတောင် ရန်ကုန် စာလာသင်တဲ့ ဆရာဆိုသူ ပါ ။ ယင်းထက်အဆင့်မြင့်တဲ့အမေရိကန် ကိုယ်စားလှယ်များဆိုလျှင် မြန်မာနိုင်ငံနှင့်ပတ်သက်သမျှ ကို နိုင်ငံရေး သမား များထံမှ သာ သတင်းမှန်သည် ဟု ယုံမှတ် ရပ်တည်လျှက်ရှိနေသည် ။
ရခိုင် ပဋိပက္ခ ဘာကြောင့် ကြာရှည်နေလဲ 
ရခိုင်ပြည်နယ်ဒေသကြီးရှိ ရခိုင်ပါတီ နှစ်ခု စလုံး နှင့် ရခိုင်လူမျိုး တို့ ၏ ကျဉ်းမြောင်းသည့်လူမျိုးရေးဝါဒကို တရားသေ စွဲလက်ခံပြီး  ၀င်ရောက်ကူညီဖြေရှင်းပေးသည့် လူများကို မြန်မာ/ဗမာ တွေ ဖြစ်လို့ ဆိုသည့် အယူမှား များကြောင့် ပဋိပက္ခ ဖြစ်ပွားချိန် ကြာမြင့်နေကြောင်းသိရသည်။
ပဋိပက္ခ များ ကို ၀င်ရောက်ဖြေရှင်းပေးသူများကို လည်း ဒေါ်လာယူသည် / လူသတ်သည် ဟု ရခိုင်ပါတီများက  နည်းမျိုးစုံဖြင့် အပုတ်ချ/စွပ်စွဲ လျှက်ရှိနေဆဲဖြစ်သည်။
ရခိုင်ပြည်နယ်သည် ရဲစခန်းမှတ်တမ်းများအရ မြန်မာနိုင်ငံ၏ တိုင်း/ပြည်နယ် ဒေသအသီးသီးတွင် လူသတ်မှုအများ ဆုံး ဖြစ်ပွားသည့် ပြည်နယ်ဖြစ်ကြောင်းသိရသည် ။ ရခိုင်လူမျိုးတို့ သည် အရက်သောက်ပြီးလျှင် သွေးဆူလွယ် ပြီး သတိလက်လွှတ် ကာယကံမြောက် ကျူးလွန် လေ့ ရှိကြောင်း သိရသည် ။ ရခိုင်လူမျိုးများက ပညာတတ်ပြီးလျှင် ၊ ချမ်းသာကြွယ်ဝသွားလျှင် ရခိုင်ပြည်နယ်တွင်နေလေ့ မရှိပဲ ရန်ကုန် နှင့် ပြည်ပ နိုင်ငံများတွင် အခြေချ နေထိုင်လျှက် ရှိသည် ။
လုံခြုံရေးတာဝန်ရှိသူများ က အယ်ကေဒါ သင်တန်းဆင်း အစ္စလာမ္မစ် စစ်သွေးကြွများ ၀င်ရောက်မှုမရှိအောင် လုံခြုံရေးစည်းမကျိုးပေါက်ရေး တာဝန်ထမ်းဆောင်နေချိန်တွင် ပြည်ပများစစ်သွေးကြွများ ပြည်တွင်းအလွယ်တကူ ၀င်ခွင့် ရရှိစေရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော် ကို အကြောင်းအမျိုးမျိုး ဖြင့် စွပ်စွဲ ပုတ် ခတ် ပြောဆို မှုများ ကို အယ်ကေးဒါးထံမှ ငွေကြေးရယူထားကြသည့် ပြည်တွင်း /ပြည် ပ နိုင်ငံရေးအဖျက်သမားက စနစ်တကျ စီမံဆောင်ရွက်လျှက်ရှိသည် ။
ဘုရားကြို ဘုရားကြား ပြောစကား 
ရခိုင်ပြည်နယ်နှင့် ဗု ဒ္ဓ ဘာသာ အရေးများကြောင့် ဗု ဒ္ဓ ဘာသာစောင့်ရှောက်သူ လူငယ်များအစု ကလည်း  ဗု ဒ္ဓ ဘာသာ ကျဆုံးအောင်ဆောင်ရွက်သည့်လူများ/ တာဝန်ရှိသူများအားလုံး(အစိုးရ/ပါတီခေါင်းဆောင်/ နိုင်ငံရေးသမားဆိုသူများအားလုံး) ကို ဖယ်ရှားသုတ်သင်နိုင်ရေးအတွက် ဂမ္ဘီ ရနည်းများဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 
ရခိုင်အရေးအဆုံးသတ်စေဖို့ 
ကုလသမဂ္ဂကလဲ စွက်ဖက်တာ နည်းနည်းလျော့၊ အစိုးရကလည်း မြန်မြန်အရေးယူ၊အမေရိကန်တို့ အင်္ဂလန်တို့ ကလည်း မြန်မာအစိုးရပြောတာကို များများယုံ ၊  လူထု ခေါင်းဆောင်နေရာယူ ထားသည့် မစု ( ဒေါ်အောင်ဆန်းစုကြည်) ကလဲ အမှန်တရားဘက်ကမြန်မြန်ရပ်တည်၊ ရခိုင်ပါတီတွေကလည်း  ကျဉ်းမြောင်းတဲ့ လူမျိုးရေး ၀ါဒ တွေ ကို မြန်မြန်စွန့် လွှတ် ၊ ကြံ့ခိုင်ရေးပါတီကလည်း ရခိုင်လူမျိုးတွေ အမြင်လွှဲ မှားစေသည့် လွှတ်တော်ကိုယ်စားလှယ်တွေ ကို ပါတီက နေ မြန်မြန် ဖယ်ထုတ် ပစ် ၊ နိုင်ငံရေးသမားတွေအချင်းချင်းကလည်း အစိုးရက အရေးယူနိုင်ဖို့ အတွက် အယ်ကေးဒါးများထံက ငွေကြေးလက်ခံပြီးဆောင်ရွက်နေသည့် နိုင်ငံရေးသမား အစ္စလာမ်ဘာသာဝင်များ ကို အရေးယူနိုင်လောက် သည့် သက်သေများ  မြန်မြန် ဖေါ်ထုတ် ပေးကြ ဖို့ တိုက်တွန်းလိုက်သည် ။
ရန်ကုန်ကြေးမုံ မှာ အစိုးရထုတ်ကြေးမုံနှင့်လုံးလုံး သက်ဆိုင်ခြင်းမရှိပါကြောင်း ၀န်ခံအသိပေးပါသည်။
ရန်ကုန်ကြေးမုံ ၀ိုင်းတော်သားများ 
Tuesday, October 23, 2012
ရ ခိုင် အ ရေး ရ တက် မ အေး ဖြစ် နေ ရ ဆဲ
ရခိုင်ပြည်နယ်အတွင်း မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများ၌ ဆူပူအကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့
( နေပြည်တော် အောက်တိုဘာ ၂၃ )
=============================================
ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက် ည ၁၀ နာရီခွဲခန့်မှ စတင်ပြီး မင်းပြားမြို့နယ်အတွင်း နေထိုင်ကြသည့် ကျေးရွာအချို့မှ လူနေအိမ် များအား မီးရှို့ဖျက်ဆီးမှုများ စတင်ပြုလုပ်ခဲ့ရာမှ မင်းပြားမြို့နယ်နှင့်ေ မြာက်ဦးမြို့နယ်များတွင် လူမျိုးစုများအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကြပြီး အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်အထိ ဆူပူအကြမ်းဖက်မှု မီးရှို့မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်များကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာခြောက်ရွာ အိမ်ခြေ ၅၃၁ အိမ်၊ မြောက်ဦးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ အိမ်ခြေ ၅၀၈ အိမ် စုစုပေါင်း အိမ်ခြေ ၁၀၃၉ မီးလောင် ဆုံးရှုံးခဲ့ကာ ယင်းဖြစ်စဉ်များတွင် အမျိုးသား (၁) ဦး၊ အမျိုးသမီး(၁)ဦး သေဆုံးခဲ့ရပြီး အမျိုးသား(၈)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပဋိပက္ခများ ထပ်မံ မဖြစ်ပွားအောင်တားဆီးရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်တည်ငြိမ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများအား ဆောင်ရွက်ရန် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသတွင်း တာဝန်ရှိသူများမှ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
                                                                                                                                          [ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ]
ရန် ကုန် မှာ အေး ချမ်း
ရန်ကုန်လူထုအတွင်းဘာသာ ရေး ပဋိပက္ခ ဖြစ်ပွားအောင်၊ လူမျိုးရေးပဋိပက္ခ ဖြစ်ပွား သွေးထိုး လှုံ့ ဆော်
မှု များ ဖြစ်ပေါ်ခဲ့သော်လည်း လွတ်လပ်ရေး မရခင် မှ ယနေ့ ကာ လ အထိ နိုင်ငံရေးသတ်ကွင်းကို ခေတ်
အဆက်ဆက် ဖြတ် သန်းခဲ့ သော ရန်ကုန် ပြည်သူ များ က ဖန် တီးမှု တွေ ပါတဲ့ လူစုဝေးမှုလား ၊ ရင်တွင်း
မှ အမှန်တကယ် မကျေနပ်ခဲ့ကြလို့  ထွက်ပေါ်ပေါက်ကွဲလာတဲ့ လူစုဝေးမှုလား ဆိုသည် ကို ကွဲကွဲပြားပြား
သိခဲ့သည့်အတွက် အောက်တို ဘာ ၂၃ ရက် ကို အေးချမ်းစွာ ကျော်ဖြတ်နိုင်ခဲ့သည် ။
သို့ သော်လည်း အစ္စလာမ် ဘာသာဝင်များ က နှစ်စဉ် ဆောင်ရွက်မြဲ ဖြစ်သည့် အိဒ် ပွဲ တော် ကို ဆောင်ရွက်
မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့ကြသည် ။
ရန်ကုန် ပြည် သူများ က ပဋိပက္ခများ ဖြစ်ပေါ်တိုင်း သဘာဝအတိုင်းဖြစ်တာလား ၊ အစိုးရက သွေးထိုးလှု့ံ   ဆော် တာလား ၊ ပါတီ များ က ဖန်တီးတာလား၊ လွှတ်တော် ပြင် ပ နိုင်ငံ ရေးသမားများ ကဖန်တီးနေ