Popular Posts

Tuesday, October 23, 2012

ရ ခိုင် အ ရေး ရ တက် မ အေး ဖြစ် နေ ရ ဆဲ

ရခိုင်ပြည်နယ်အတွင်း မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများ၌ ဆူပူအကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့

( နေပြည်တော် အောက်တိုဘာ ၂၃ )
=============================================

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက် ည ၁၀ နာရီခွဲခန့်မှ စတင်ပြီး မင်းပြားမြို့နယ်အတွင်း နေထိုင်ကြသည့် ကျေးရွာအချို့မှ လူနေအိမ် များအား မီးရှို့ဖျက်ဆီးမှုများ စတင်ပြုလုပ်ခဲ့ရာမှ မင်းပြားမြို့နယ်နှင့်ေ မြာက်ဦးမြို့နယ်များတွင် လူမျိုးစုများအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကြပြီး အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်အထိ ဆူပူအကြမ်းဖက်မှု မီးရှို့မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာခြောက်ရွာ အိမ်ခြေ ၅၃၁ အိမ်၊ မြောက်ဦးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ အိမ်ခြေ ၅၀၈ အိမ် စုစုပေါင်း အိမ်ခြေ ၁၀၃၉ မီးလောင် ဆုံးရှုံးခဲ့ကာ ယင်းဖြစ်စဉ်များတွင် အမျိုးသား (၁) ဦး၊ အမျိုးသမီး(၁)ဦး သေဆုံးခဲ့ရပြီး အမျိုးသား(၈)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပဋိပက္ခများ ထပ်မံ မဖြစ်ပွားအောင်တားဆီးရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်တည်ငြိမ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများအား ဆောင်ရွက်ရန် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသတွင်း တာဝန်ရှိသူများမှ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

                                                                                                                                          [ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ]

No comments:

Post a Comment