ရန်ကုန်လေဆိပ် ပြည်ပထွက်ခွာ ဂိတ်မှ လ.၀.က ၀န်ထမ်းများ သဘောင်္သားများကို နှိပ်စက်
ရန်ကုန် မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ် ရှိ ပြည်ပထွက်ခွာဂိတ်ဘက်တွင်တာဝန်ကျသော လ.၀.က
ဝန်ထမ်းများ သည် နိုင်ငံခြားသင်္ဘောများတွင် တာဝန်ထမ်းဆောင်မည့် သင်္ဘောသာများထံမှ မတရား
ငွေညှစ်မှုများ ပြုလုပ်လျှက်ရှိနေကြောင်း သင်္ဘောသားအေအးဂျင့် မင်းနိုင်မှ ရန်ကုန်ကြေးမုံ သို့ 
ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပထွက်ခွာ ဂိတ်တွင် လ.၀. က များ က စုံကျသောနေ့  တာဝန် ထမ်းဆောင်ရသည့် အုပ်စုနှ င့် မရက် ကျသောနေ့ တာ ၀န်ထမ်းဆောင်ရသော အုပ်စု ဟူ၍ နှစ်ပိုင်းခွဲပြီး တာဝန်ယူဆောင်ရွက်နေကြကြောင်း ၊ စုံရက် / မရက် ၀န်ထမ်းအုပ်စုနှစ်ခု စလုံး မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား လက်မှတ် CDC မရှိသော အမှော က် သင်္ဘောသားများကို တစ်ဦးလျှင် ၁၀၀၀၀၀/- ကျပ်မှ ၁၅၀၀၀၀/- ကျပ်အထိတောင်းယူပြီး သာမန် passport ဖြင့် ထွက်ခွာနိုင်အောင် မသမာမှုများ ပြုလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာနေကြောင်း၊ အမှန်အကန် သင်္ဘောသားများ ထွက်ခွာခွင့် အတွက် ပြည်ပမှ ပေးပို့ သော ဖက်စ် စာရွက် ပါ အကြောင်းအရာ ပြင်ဆင်ချက်ရှိပါက တစ်ဦးလျှင် တစ်သောင်းမှ လေးသောင်းကျပ်အထိ အပိုဆောင်းငွေတောင်းကာ ပြည်ပထွက်ခွာခွင့်ကို ဆောင်ရွက်ပေးနေကြောင်း ၊ တရားဝင်ပင်လယ်ကူး သင်္ဘောသား လက်မှတ် CDC ကိုင်ဆောင်သူများကို ကျပ်သောင်းနှင့်ချီ၍ မတရားလာဘ်ငွေတောင်းခံ နေမှုကြောင့် သင်္ဘောသားများ လက်ရှိ မြန်မာအစိုးရ၏ သန့် ရှင်းသော အစိုးရ ၊ ကောင်းမွန်သောအုပ်ချုပ် မှုဆိုသည့် ဆောင်ပုဒ် အပေါ် ယုံကြည်မှု ကင်းမဲ့လျှက် ရှိကြောင်း မင်းနိုင်က ဆက်လက်ပြောကြားသည်။
မင်းနိုင်( ယမုံနာ)
No comments:
Post a Comment