Popular Posts

Wednesday, October 24, 2018

ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်သို့  ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုး ကွင်းဆင်းကြည့်ရှု



၂၀၁၈ အောက်တိုဘာ ၂၁ ရက် မှ ၂၅ ရက်နေ့ အထိ (၅) ရက် (၅) ည တိုင်တိုင် ကျင်းပမည့် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့  နယ် ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်သို့  ရန်ကုန် တိုင်းဒေသ ကြီး အစိုးရ အဖွဲ့ ဝင် ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးနှင့် ရန်ကုန် မြို့ တော် စည်ပင်သာ ယာရေး ကော်မတီ ၀င်များ လိုက်ပါလျှက် လာရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း၊ ဈေးရောင်း ဈေးသည်များနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် ညီညွတ်သော အစား အသောက်များ ရောင်းချရေး ပြောကြားခဲ့ကြောင်း ရေကျော် သတင်း ထောက် မောင်ညီဦး မှ သတင်းပေးပို့ သည်။


ရေကျော်သီတင်းကျွတ် ပွဲတော်သို့  ရန်ကုန်မြို့ တော်ဝန်အဆင့် ကွင်းဆင်းရောက်ရှိခြင်း မှာ တပ်မတော် အစိုးရလက်ထက်အစဉ် အဆက် မရှိခဲ့ပဲ NLD အစိုးရလက်ထက်တွင်မှ ပထမဆုံး ရောက် ရှိလာသည့် ထူးခြားသော အတွေ့ အကြုံဖြစ်ကြောင်း ရေကျော် ဘိန်းမုန့် အရောင်း ဆိုင်မှ ပြောကြားသည်။

No comments:

Post a Comment