Popular Posts
Monday, June 22, 2015
တာမွေရဲစခန်းကို ဘာလိုင်စင်များ ပေးထားလဲ
တာမွေရဲစခန်းအနေဖြင့် လုပ်ဆောင်ချက်အသစ် များကိုလည်း အခြား စခန်း များနှင့် မတူ  အား တက် သရော အကောင်အထည်ဖေါ်ဆောင်ရွက်နေသည် များလည်း ရှိနေ ကြောင်း၊  ၂၀၁၅ ခုနှစ် မဟာသင်္ကြန်  အလွန် ကာလမှ စ၍  မော်တော်ဆိုင်ကယ်များကို အတင်း တရမန်းကြမ်း ဖမ်းဆီးခြင်း ၊ စိတ်ကြွဆေး သုံးစွဲ သူများကို Night Club များမှ အပြန် စောင့်ဆိုင်းဖမ်းဆီးခြင်း တို့ ကို စဉ်တိုက်ပြုလုပ်ခဲ့ကြောင်း ယင်း ဥပဒေ အကျိုးဆောင်က ပြောကြားသည်။
မူးယစ်ဆေးဝါး နှင့် ပတ်သက်သည့် ဥပဒေအသစ် ကို ပြဌာန်းရန်အသင့် ဖြစ်နေသေးသော်လည်း ထုတ် ပြန် ပြ ဌာန်းရခြင်း မရှိသေးကြောင်း၊ ယင်း ဥပဒေသစ်အရ မူးယစ်သုံးစွဲသူများကို ဖမ်းဆီးမိပါက ဆေးဖြတ်ရန် ဆေးရုံ တက်ရောက် ကုသမည်ဆိုလျှင် ဖမ်းဆိးပြစ် ဒဏ် မဟုတ်ပဲ ဆေးရုံတက်ရောက် ကုသခွင့်ပေးရမည် ဖြစ်ကြောင်း၊ ယင်းဥပဒေသစ်အရ ဆေးသုံးစွဲသူများဖြစ်ပါက လက်ဝယ်ထားနိုင်သည့် ပမာဏကိုလည်း တိုး မြှင့် ပေးထားသည့် ပြဌာန်းချက်များပါဝင်ကြောင်း၊ ဆေးစစ်ခြင်းအရ မူးယစ်သုံးစွဲဟု အဖြေထွက်ပေါ် စေနိုင် သော အိမ်သုံးဆေးဝါး နှင့် အချိုရည်ဗူး များကြောင့် စားသုံးခြင်း ကို  မှားယွင်းပြစ်ဒဏ်ချမှတ်မှုများကြောင့် မျိုးဆက်သစ်လူငယ်များအတွင်း နစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ လွှတ်တော်တွင် ပြဌာန်းရန် ကြန့် ကြာနေ သည့် မူးယစ်ဆေးဝါး ဥပဒေသစ်အရ လွှတ်ပေးရမည့် သူများကို စောင့်ဆိုင်း ဖမ်းဆီးနေခြင်းမှာ မူးယစ်ဆေး ၀ါး တိုက်ဖျက်ခြင်းမဟုတ်ပဲ မူးယစ်ဆေးဝါး ဖြန့် ချီ ရောင်း ချ သူ ထံမှ ၀ယ်သူသုံးစွဲနေသူများ ဓါတ်ပုံ ကို ရရှိ နေခြင်း သို့ တည်းမဟုတ်  မူးယစ်ဆေးဝါး ဖမ်းဆီးရရှိထားသည့် ပမာဏကို လျော့ပြ လက်ဝယ်တွင် ထားရှိ ကာ ထောင် ချောက် ဆင် ဖမ်းဆီးခြင်းတို့  သာ ဖြစ်နိုင်ကြောင်း၊ မူးယစ်ဆေးဝါးဖမ်းဆီးသည့် မူးယစ် ရဲတပ် ဖွဲ့ အနေဖြင့် ယင်းကဲ့သို့ မူးယစ်ဆေးဝါး ဖမ်းဆီးမှုများ ရှိပါက ဖြန့် ချီ ရောင်းချသည့် မူးယစ် ရာဇာအထိ လိုက်လံ ဖမ်းဆိးလေ့ရှိကြောင်း ယင်းဥပဒေအကျိုးဆောင်က ပြောကြားသည်။
တာမွေရဲစခန်း ( စခန်းအမှတ် ၄၀) အနေဖြင့် လူသေစေသောကြိုးပမ်းချက်များဖြင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးနေခြင်း၊ မူးယစ်သုံးစွဲသူများကို သတင်းအတိအကျဖြင့် (ဆေးပစ်ဖမ်းသကဲသို့ ) စောင့်ဆိုင်း ဖမ်းဆီးနေခြင်း တို့ မှာ ပြည်ထဲရေးဝန်ကြီးဌာန မှ ဂျိမ်းစဘွန်း လိုင်စင်ပေးထားလို့ လား ၊ ဒါမှ မဟုတ်လူသတ် လိုင်စင် ပေးထားလို့ လား ၊ ဒါမှ မဟုတ် အရူးလက်မှတ်ပေးထားလို့ လား၊၊ ဒါမှ မဟုတ် ဆိုင်ကယ်မစီးရ အမိန့် ထုတ် ထား တဲ့  ရန်ကုန် ၀န်ကြီးချုပ် ကို သင်ခန်းစာပေးနေတာလား ။
ဒါမှ မဟုတ် ပင်စင် သွားခါနီး လက်ရှိ အစိုးရ ကို နာမည် မပျက် ပျက် အောင် ဖျက် နေ ခြင်း လား  ။
https://www.facebook.com/taryar.tinhtut/posts/1019358134765005
တာမွေ စခန်း၄၀ က ရဲတွေရဲ့ လူမဆန်တဲ့လုပ်ရပ်
နောက်ဒါမျိုးတွေဆက်မဖြစ်အောင် ဝိုင်း Share ပေးကြပါဗျာ
ခု ၂၁ ၆ ၂၀၁၅ နံနက် ၁ နာရီခန့်က တာဗွေဗလီထိပ်မှာ ကျွန်တော် ညီလေးတစ်ယောက်နဲ့ ထမင်းကြော်စားနေတုန်း ရဲကားမြည်သံ ကားဟွန်းသံတွေ ဆူညံစွာ ကြားလိုက်ရတော့ အလန့်တကြားလှည့်ကြည့်မိစဉ်မှာ ရဲကား၃စီးက ဖိုခနောင့်ဆိုင်ပြီး ဆိုင်ကယ်တစ်စီးကို လူငယ်၎ယောက်စီးလာတာကို လိုက်ဖမ်းနေတာတွေ့လိုက်ရတယ် ရဲကား ၃စီးထဲက ဆူဇူကီး R- တစ်စီးရဲ့နောက်မှာ ရဲ၂ယောက်ကတွယ်စီးပြီး ဆိုင်ကယ်စီးလူငယ် ၄ယောက်ကို လှမ်းဆွဲနေတာတွေ့တယ် သူလှမ်းဆွဲလို့ တစ်ယောက်ယောက်ပြုတ်ကျပြီး တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ဒီကောင်လေးတွေက မစီးရမယ့်နေရာလာစီးတာ ဒီကောင်တွေအမိခံရမှာ ပြေးလို့မလွတ်ပါဘူး ရှေ့နားဆို မိမှာပဲ ဘာညာနဲ့ပြောနေတုန်း လှည့်ကြည့်လိုက်တဲ့အချိန်မှာ တာမွေအခွန်လွတ်ဈေး အဝေရာလမ်းထိပ်နာလည်းရောက်ရော ရဲကား၂စီးက အတင်းပွတ်ဆွဲပြီး လမ်းရဲ့ အောက်ကျောကို အတင်းဆွဲချလိုက်တဲ့အချိန်မှာ ပုံမှာမြင်ရတဲ့အတိုင်း ဆိုင်ကယ်စီး လူငယ် ၄ယောက်ရဲ့ ဘဝက အဖြစ်ဆိုးခဲ့ရတယ် မဖြစ်သင့်တာက ပွတ်ဆွဲလိုက်တဲ့ ရဲကားတစ်စီးက ချက်ခြင်း ဝှိက်ပြီး ပြန်မောင်းသွားတယ် နောက် ရဲကား ဆလွန်းကားက အခွန်လွတ်ဈေးရှေ့မှာ ကျော်ရ်ပြီးတော့ ရဲ ၂ယောက်ဆင်းလာတယ် ပြီးတော့ ချက်ခြင်ူပြန်တက်ပြီး ကျန်တစ်စီးနဲ့အတူ အပြင်းမောင်းထွက်သွားတယ် အခင်းဖြစ်ချိန်က ၁နာရီ ၂မိနစ် ကျွန်တော် အခင်းဖြစ်နေရာကို ချက်ခြင်း ရောက်သွားတယ် ရှေ့ကမောင်းတဲ့လူနဲ့ သူ့နောက်ကတစ်ယောက်က ပွဲချင်ပြီးဆုံးနေပြီ နောက်ကစီးတဲ့ ၂ယောက်က အသက်ရှိသေးတယ် လှုပ်နေသေးတယ် ၁နာရီ ၁၂ မိနစ်မှာ ရဲဆိုင်ကယ်တစီးနဲ့ ရဲကားတစ်စီးရောက်လာပြီး ကျွန်တော် ဓာတ်ပုံရိုက်နေတာကို ပံမှာမြင်ရတဲ့အတ်ုင်း ရဲတစ်ယောက်က ကိုယ်နဲ့ ကွယ်လိုက်တယ် ပြီးတော့ လူရှင်းခိုင်း ယဉ်မူ့စစ်ဖုန်းဆက် သွေးမေတ္တာ အရေးပေါ်ကားဖုန်းဆက် လုပ်ကြတယ် ကျွန်တော် စောင့်ကြည့်နေတယ် ကျွန်တော် ဓာတ်ပုံရိုက်တုန်းက ကိုယ်နဲ့ကွယ်လိုက်တဲ့ရဲက တခြား ဓာတ်ပုံရိုက်သူတွေကို မင်းတို့နဲ့ ဘာဆိုင်လဲ သတင်းသမားလား ဓာတ်ပုံရိုက်ရအောင်မင်းကဘာလဲ ဆိုပြီး ဆူပူကြိမ်းမောင်းတယ် ၁နာရီ ၃၁မိနစ်မှာ သွေးမေတ္တာ အရေးပေါ်ကားတစ်စီးကို လူတစ်ယောက်မောင်းလာတယ် ကားပေါ်ကဆင်းပြီး ဓာတ်ပုံရိုက်တယ် နောက်ကားတစ်စီး ထပ်ခေါ်တယ် ၁နာရီ ၄၀ မိနစ်မှာ နောက်သွေးမေတ္တာအဖွဲ့ အရေးပေါ်ကားတစ်စီးထပ်ရောက်လာတယ် လူ၂ယောက်ပါလာတယ် သူတို့လည်း ဓာတ်ပုံရိုက် လက်အိပ်စွပ် ဘာညာလုပ်နေကြတယ် အဲ့ အချိန်ထိ ယဉ်မူ့စစ်ရောက်မလာသေးဘူးအဲ့ အချိန်ထိလည်း ၂ယောက်က လှုပ်နေသေးတယ် ၁နာရီ ၅၀ မိနစ်မှာ ၁ယောက်က မလှုပ်ပဲ ငြိမ်သွားတယ် သေမသေတော့ အဝေးကပဲကြည့်နေရတော့ ကျွန်တော်လည်းမသိနိုင်ဘူး ၁နာရီ ၅၈ မိနစ်မှာ ကားတစ်စီးနဲ့ ယဉ်မူ့စစ်ရောက်လာတယ် ဆံပင်ရှုပ်ပွပြီး အိပ်ချင်မူးတူးဖြစ်နေပုံရတယ် ဓာတ်ပုံရိုက်တယ် အဲ့ကျတော့မှ သွေးမေတ္တာအဖွဲ့ကလူတစ်ယောက်ကို မှီအုံးမလားမေးတယ် ၁ယောက်တော့ ရနိုင်တယ် နောက်တစ်ယောက်ကတော့ မလွယ်တော့ဘူး ကျန်တဲ့ ၂ယောက်ကတော့ သေနေပြီလို့ဖြေတယ် အဲ့အချိန် မီးသတ်က အရေးပေါ်ကားတစ်စီးရောက်လာတယ် အဲ့တော့မှ ယဉ်မူ့စစ်က ဒါဆိုသယ်သယ် မြန်မြန်လုပ်လို့ပြောတယ် သွေးမေတ္တာ က ကားတစ်စီးက မောင်းထွက်သွားတယ် ကားဆီမရှိလို့ သွားထည့်တယ်ပြောတယ် ခဏနေပြန်လာတော့မှ ၁ယောက်ကို တင်ပြီး မောင်းသွားတယ် မီးသတ်ကလည်း နောက်တစ်ယောက်ကိုတင်ပြီးမောင်းသွားတယ် ယဉ်မူ့စစ်ကပေကိုးတိုင်းဖို လုပ်နေတဲ့အချိန်မှာ ပတ်ဝန်းကျင်မှာမြင်လိုက်ရတဲ့ ကျွန်တော်တို့ကဝိုင်းပြီး အဖြစ်အပျက်ကို ပြောပြတယ် ဒါကို ယဉ်မူ့စစ်က မှတ်တမ်းမယူပဲ သူလာရင်း လမ်းမှာ လူ၂ယောက်ကိုမေးတော့ ဆိုင်ကယ်က သူ့ဘာသာမောင်းရင်း လမ်းဘေးဓာတ်တိုင်နဲ့ တိုက်တာလို့ သိရတယ်တဲ့ စဉ်းစားကြည့်ကြပါ သူလာတာက အခင်းဖြစ်တဲ့ ၁နာရီ ၂မိနစ်ကနေ ၅၆မိနစ်နောက်ကျပြီးမှရောက်လာတယ် အိပ်ချင်မူးတူးဖြစ်နေတယ် လာတာကအခင်းဖြစ်တာရဲ့ ဆန့်ကျင်ဘက် အရပ်ကလာပြီး ဘယ်သူ့ကို မေးမှာလ?ဲ ဘယ်အချိန်မေးတာလဲ ?
ကားနဲ့ အတင်း လိုက်တိုက်ဖမ်းတဲ့ ရဲတွေက ဘယ်ရောက်သွားလဲ?
စဖြစ်တဲ့ အချိန်မှာ အသက်ရှိသေးတဲ့ ၂ယောက်ကို လိုအပ်တဲ့ ဆေးဝါးကုသမူ့ ချက်ခြင်းပေးနိုင်ရင် သူတို့အသက်ရှင်ဖို့ အခွင့်အရေး ပိုမများနိုင်ဘူးလား ?
ချုသဆုံးသွားတဲ့ လူငယ်တွေရဲ့ အပြစ်က ရာဇဝတ်မူ့လား ?
သူတို့လိုလူငယ်တွေမှာလဲ မိသားစုတွေ ဘဝတွေ မရှိဘူးလို့ ထင်လား?
ပြည်သူတစ်ယောက်အနေနဲ့ ဥပဒေဘက်တော်သားတွေရဲ့ လူမဆန်စွာ ဥပဒေမဲ့ လုပ်ရပ်ကို မြင်နေတွေ့နေရပါရက်နဲ့ ဘယ်သူ့ကို ပြောပြရမလဲ ?
သွေးမေတ္တာအဖွဲ့ရဲ့ အရေးပေါ်ကားဆိုတာ ဆီကိုအမြဲဖြည့်ပြီး အဆင်သင့်ရှိနေသင့်တယ်လို့ မထင်ဘူးလား ?
အရေးပေါ်လူနာတင်ခါနီးတော့မှ ဆီသွားဖြည့်ရတယ်ဆိုတာကြီးက ဖြစ်သင့်ရဲ့လား ?
နောက်ဒီလိုဖြစ်ရပ်တွေထပ်မဖြစ်တော့အောင် ဘယ်လိုပူးပေါင်းပါဝင်ပေးနိုက်မလဲ ?
ဒီကိစ္စရဲ့ နောက်ဆက်တွဲက ဆိုင်ကယ်ကို လူ၎ယောက်စီးပြီး မဆင်မခြင်မောင်းလို့ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ပြီးသွားမလား?
ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ဘဝတွေကို ဒီလိုပဲ လက်လွတ်စပါယ် ပြုကျင့်နေကြတော့မှာလား?
သူတို့ပြောတဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာ က ဒီလိုပဲလား ?ဆိုတဲ့ လား?ပေါင်းများစွာ အတွေးပေါင်းများစွာ စိတ်မကောင်းခြင်းများစွာနဲ့
တာရာ
No comments:
Post a Comment