Popular Posts
Tuesday, January 6, 2015
ငြိမ်းချမ်းရေးစင်တာ လုပ်ငန်းအကောင်အထည်ဖေါ်ရေး ကော်မတီများ ပြင်ဆင်ဖွဲ့ စည်းရန်လိုအပ်
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ အဖွဲ့ဝင်ပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ နိုင်ငံရေးဆွေးနွေးပွဲ သဘောထား ထုတ်ပြန်ချက်
ရက်စွဲ၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် နိုင်ငံရေးပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်း နိုင်ငံရေးပါတီများ၊ အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ စုစုပေါင်း ၂၅ ဖွဲ့တို့သည် ၂၀၁၄ ခုနှစ် ၂၃ ရက်နှင့် ၂၄ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် တွေ့ဆုံညှိနှိုင်းပြီး အောက်ပါ အတိုင်း အားလုံးသဘောတူ ထုတ်ပြန်ကြေညာလိုက်သည်။
 ၁။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံ တွေ့ဆုံပွဲဖြင့် ဖြေရှင်းရန်။
၂။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိက အဟန့်အတား ဖြစ်နေ သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးကို ကြိုးပန်း ဆောင်ရွက်သွားရန်။
၃။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာ ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကြိုးပန်းဆောင်ရွက်သွားရန်။
၎။ တိုင်းရင်းသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သည့် အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက် ရရှိရေးအတွက် ပြည်ထောင်စုညီလာခံကြီး တစ်ရပ်ကို အထောက်အကူပြုမည့် အကြိုနိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက်ကြိုးပန်းဆောင်ရွက်သွားရန်။
၅။ လက်ရှိဖြစ်ပျက်နေသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ မြေယာဥပဒေများ၊ သယံဇာတ ထုတ်ယူနေမှုများစသည့် ကိစ္စရပ်များကို တရားမျှတပြီး ပွင့်လင်းမြင်သာစွာနှင့် တရားဥပဒေ စိုးမိုးမှုရှိစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်။
၆။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ကို အထောက် အကူပြုနိုင်ရန် အားလုံးက ယုံကြည်လက်ခံနိုင်သည့် တည်ငြိမ်သော နိုင်ငံရေး ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီးတည်ဆောက်သွားရန်။
၇။ တိုင်းရင်းသား ပြည်သူအားလုံးနှင့်သက်ဆိုင်သော အမျိုးသားမြေ အသုံးချမှု မှုဝါဒ၊ အမျိုးသားအဆင့် ရေမှုဝါဒ၊ ပညာရေး ဥပဒေများ၊ ကျမ်းမာရေး ဥပဒေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေများ၊ သယံဇာတ ထုတ်ယူသုံးစွဲခြင်းဆိုင်ရာ ဥပဒေများစသည့် မူဝါဒများ ရေးဆွဲပြဌာန်းရာတွင် နိုင်ငံရေး အင်အားစုများဖြစ်သော တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပဋိပက္ခ ဒေသရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ ပါဝင် ဆုံးဖြတ်ခွင့် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်။
၈။ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အောက်ခြေတိုင်းရင်းသား ပြည်သူလူထု များကြား အသိပညာ ပြန့်ပွားရေးအတွက် စည်းရုံးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်။
 စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့
အဖွဲ့ဝင်ပါတီများနှင့် မိတ်ဖက်နိုင်ငံရေးပါတီများ၊
အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊
လူထုအခြေပြု အဖွဲ့အစည်းများ။
ယင်းကြေညာချက်ပေါ်ထွက်လာပြီးနောက် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၅) ရက်နေ့ တွင်  မြန်မာ့ငြိမ်းချမ်းရေးစင်တာ ရှိ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးအောင်မင်း က ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးမည့် ရက် တိကျ စွာ မပြောနိုင်သေးကြောင်း တရားဝင်ထုတ်ဖေါ်ပြောကြားလိုက်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးနိုင်မည့်ရက်ကို တိတိပပ မပြောနိုင်သေးဟု ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြောသည်။ ဇန်န၀ါရီ ၅ ရက်က နေပြည်တော် MICC- 2 တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိပြီး ဖြစ်သောကြောင့် ယုံကြည်မှု ပိုမိုရရှိရန် နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံခြင်းဖြစ်သည်ဟု ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြောသည်။
ဇန်န၀ါရီ ၅ ရက်က နေပြည်တော်MICC- 2 တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက “မြန်မြန်သွားချင်တဲ့သူ တိုင်းရင်းသားတွေက ပြည်ထောင်စုနေ့ကြီးမှာ လက်မှတ်ထိုးရအောင် ပြော တာတွေရှိတယ်။ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးနိုင်ဖို့ဆိုတာက ကြား ထဲမှာ အများကြီးလုပ်စရာတွေရှိတယ်။ ကြားထဲမှာ နိုင်ငံတော် သမ္မတနဲ့လည်းတွေ့ သင့်တာပေါ့”ဟု တွေ့ဆုံပွဲအပြီးတွင် ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၏ခေါင်းဆောင်များက နိုင်ငံတော်သမ္မတထံ လိုချင်သည့် အချက် အလက်များ တောင်းဆို ကြပြီး နိုင်ငံတော် သမ္မတကလည်း အချို့ကိစ်္စရပ်များ တာဝန်ယူထားသည့်အတွက် ယုံကြည်မှု ပိုပြီးတည် ဆောက်နိုင်သည်ဟုလည်း ဦးအောင်မင်းက ဆက်ပြောသည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေး ဖြစ်စဉ်က ရှေ့သို့ တိုးနိုင်သည်ဟုဆိုသော်လည်း မည်သည့်ရက်တွင် လက်မှတ်ထိုးနိုင်မည်ကို တိတိကျကျ ပြောဆိုနိုင်ခြင်းမရှိသေးဘူးဟု ဆိုသည်။
နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အထွေထွေ အတွင်းရေးမှူး၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုစော ကွယ်ထူးဝင်းကလည်း “ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုး ဖို့က နောက်ဆုံးရက် ညှိုနှိုင်းတွေ့ဆုံမှုမှာ ကျွန်တော်တို့သဘောတူညီတဲ့အချက်များ ရှိခဲ့တယ်။ အချက်အလက် အနည်းငယ်ကျန်ပြီးတော့ ဆက်လက် ညှိနှိုင်းမှုများရှိတဲ့အတွက် ဒီကာလအတွင်းထဲမှာ ဖေဖော်ဝါရီလ ၁၂ ရက်မတိုင်ခင် ညှိနှိုင်းမှုတွေ လုပ် ဆောင်နိုင်မယ်ဆိုရင် အကုန်လုံး သဘောတူနိုင်မယ့် အနေအထားရှိတဲ့အတွက် ပြောတာပေါ့။ ဒါကလည်း ဆန္ဒရှိတာပေါ့”ဟု ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
 “အထူးမေတ္တာရပ်ခံပြောကြားလိုတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေနဲ့ မိမိတို့နေတဲ့ဒေသ တွေ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်ဖို့အတွက် ၀ိုင်းဝန်းကူညီပေး ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ “ယေဘုယျ အားဖြင့် ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီစနစ်ရဲ့ မဏ္ဍိုင်တစ်ခု ဖြစ်တာ။ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ရွေးကောက်ပွဲက မပါမဖြစ်မဏ္ဍိုင် တစ်ခုဖြစ်တာ ပေါ့”ဟု ဆိုသည်။
နေပြည်တော်တွင် နိုင်ငံတော် သမ္မတ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ပထမဆုံးအကြိမ် နှစ်နာရီကြာ တွေ့ဆုံခြင်း ဖြစ်သည်။
No comments:
Post a Comment