Popular Posts

Monday, December 29, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က၂၀၁၅ ရွေးကောက်ပွဲ သို့  မြို့ နယ် ၃၃၀ တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆို



လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်ပြည်လုံးမှာရှိတဲ့ အထဲက မြို့ပေါင်း ၃၃၀ မှာ ဝင်ရောက်ယှဉ်ပြိုင်သွား မှာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။
အဲဒီအတွက် ကိုယ်စားလှယ်လောင်းလျာထားတဲ့ စာရင်းတွေကို အောက်ခြေက ပါတီဗဟိုဌာနချုပ်ဆီ တင်ပြထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။
"ပါတီဌာနချုပ်က အတည်ပြုပြီးတော့မှ ချပေးမှာပေါ့ ၊ အောက်ကနေပြီးတော့ လျာထားတင်ပြ တာလေးတွေတော့ လုပ်ထားပါတယ်၊ ကျနော်တို့ ရန်ကုန်တိုင်းမှာတော့ ၄၅ မြို့နယ်ရှိတာပေါ့လေ၊ ၄၅ မြို့နယ်အတွက်ကို လျာထားတာပေါ့၊ ပြည်သူ့ လွှတ်တော်ထဲကတော့ အားလုံးဝင်ပြိုင်မယ်ဆိုရင်တော့ ၃၃ဝ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ ပြည်နယ်တိုင်း အသီးအသီးမှာတော့ ၁၂ ဦးစီ ရှိမှာပေါ့နော်၊ ပြည်နယ်တိုင်း ၁၄ ခုအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ တစ်မြို့နယ်ကို ၂ ဦးစီနဲ့ ရှိမှာပေါ့နော်"
တစ်ပြည်လုံးက မြို့ပေါင်း ၃၃၀ ကို ကိုယ်စားပြုမယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအားလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက အောင်မြင်မှုမရရှိခဲ့တာတွေကို သင်ခန်းစာယူပြီး တစ်နိုင်ငံလုံးမှာ စည်းရုံးရေးတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လက်ရှိပါတီဝင်အင်အား ၄ သန်းခွဲ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းကို RFA အဖွဲ့သား ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
http://www.rfa.org/burmese/news/usdp-prepare-2015-election-12292014114010.html

No comments:

Post a Comment