Popular Posts
Friday, August 1, 2014
တရုတ်ပြည်တစ်ခြမ်း မီးလောင်မည့် တဘောင်မှန်တော့မည်လော
ယခု အခါ တရုတ် ပြည် တွင် မြစ်ရေ များအနီရောင် အဖြစ် ပြောင်းလဲမှုများကို ထူးခြားဖြစ်စဉ် ကြီးများ အဖြစ် မကြာခဏ ကြုံတွေ့ နေကြရသည် ကို တွေ့ ရသည် ။ http://blog.irrawaddy.org/2014/07/blog-post_37.html စာမျက်နှာတွင်  ရုတ်တရက်သွေးနီရောင် ပြောင်းသွားသောမြစ်တစ်စင်း ခေါင်းစဉ် ဖြင့် ရေးသား ဖေါ်ပြထားသည်မှာ  . .   
တရုတ်နိုင် ငံ အရှေ့ဘက် ဇီကျန်ပြည်နယ် ကျန်မေ့ကျောင်းရွာအနီး မြစ်ထဲ က ရေတွေဟာ ထူးထူးဆန်း ဆန်း သွေးနီရောင်ကို ရုတ်တရက် ပြောင်းလဲသွားပါတယ်။ ဇီကျန်းပြည်နယ် ဒေသခံတွေပြောတာကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ပီကင်း စံတော်ချိန် မနက် ၅ နာရီ လောက်က ပုံမှန်အတိုင်း ရှိတာ မြင်ကြရ ပါတယ်တဲ့။ ဒါပေမယ့် အဲဒီနေ့ မနက် ၁ နာရီလောက် အတွင်း  သွေးနီရောင်ပြောင်းသွားတာပဲလို့  ဇူလိုင်လ ၂၅ ရက်နေ့  အေဘီစီသတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ ဒေသခံတွေပြောတာက ထူးထူးဆန်းဆန်း အနံ့အသက်မျိုးလည်း လေထဲ ပျံ့နေတယ်လို့လည်း ပြောကြပါ တယ်။ “ရေက ပုံမှန်အတိုင်း ကြည်ကြည်လင်လင်ဆိုတော့ ကျနော်တို့လည်း ငါးဖမ်းဖို့ လုပ်တာပေါ့။ အဲဒီမှာ တကယ့်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာဖြစ်လာတာဘဲ” လို့ ဒေသခံ ရွာသားတဦးက မှတ်ချက်ပေးထားပါ တယ်။ 
ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရိုက စုံစမ်းရေးမှူးတွေ ပြောတာ မှာတော့ အခုလို ရုတ်တရက်ဖြစ်သွားရတဲ့ အကြောင်းအရင်းကိုတော့ သူတို့ ရှာမတွေ့ရသေးဘူးလို့ ပြောပါ တယ်။ 
ဒါပေမယ့် ရေနမူနာတွေကို ယူပြီး စစ်ဆေးတဲ့အခါမှာတော့ သံသယဖြစ်စေတဲ့ အရောင်ဟာ မြစ် ထဲမှာ တရားမဝင် ဆိုးဆေး တွေ၊ စွန့်ပစ်ပစ္စည်းတွေ သွန်ကြတာရဲ့ အကျိုးဆက်လို့ ပြောပါတယ်။
“ကျတော်တို့ သံယယဖြစ်တာက တယောက်ယောက်က ဓာတုဆိုးဆေးတွေကို ရေထဲ စွန့်ပစ်လိုက်တာ  ဖြစ်နိုင်တယ်။ မနေ့ က လည်း တိုင်ဖုန်းမုန်းတိုင်းကြောင့် မိုးက တော်တော်သည်းတော့ ဘယ်သူမှ ဒါကို သတိထားမိမှာ မဟုတ်ဘူး ထင်ပြီး လုပ် လိုက်တာဖြစ်မယ်” လို့ ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရို အကြီးအကဲ ကျန်ဖန် ဂျောင်း က ပြောထားပါတယ်။ 
သူက ဆက်ပြောတာက မြစ်ရိုးတလျှောက် အစားအသောက် လုပ်ငန်း ကုမ္ပဏီတခုနဲ့ ယက္ကန်းရုံ တခု၊ စက္ကူစက်တခုလည်း ရှိတာကြောင့် ဒီကိစ္စကို ဗျူရိုအနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ် …..
စသည်ဖြင့် ရေးသားဖေါ်ပြထားကြောင်းတွေ့ ရသည် ။
ယခုကဲ့သို့ သွေးနီရောင်ပြောင်းလဲသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေခြင်းမှာ တဘောင်စာသားပါ ဖြစ် စဉ် များ မကြာမီ ဖြစ်ပွားတော့မည် ဟု နိမိတ်ပေးနေခြင်း ဖြစ်သလော ( သို့ တည်းမဟုတ် ) တရုတ်ပြည် တစ်ခြမ်း မီးလောင်တော့မည် ( သို့ တည်းမဟုတ် )  တရုတ် ပြည် ကြီး သွေးချောင်းစီးမည့် ဖြစ်စဉ် ဖြစ်ရပ်ကြီးများ ဖြစ် ပွား တော့မည် ကို  နိမိတ်ပြနေခြင်းလား  . . .. . ..
No comments:
Post a Comment