Popular Posts

Monday, March 17, 2014

၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ ကျူးကျော်တရုတ်/ကုလား လူမျိုးစုများအားလုံးထံသက်ရောက်ရန်လိုအပ်



တရုတ်ပြည်၏ သေနတ်သံတစ်ချက်မဖေါက် လူဝါကြီးစိုးရေးနည်းလမ်းဖြင့် မြန်မာ ပြည်သိမ်းစီမံချက်ကို အကောင်အထည်ဖေါ်နေမှုအား လစ်လျူ ရှု မနေနိုင်ရေးအတွက် ဖေ့ဘုတ်စာမျက်နှာတစ်ခုမှတွေ့ ရ သည့် ကျော်ကြီး (MDY) ရေးသားချက်ကို ကူးယူဖေါ်ပြလိုက်ပါသည်။


မြန်မာ့ယဉ်ကျေးမှုမြို့တော် ဘယ်သူတွေဝါးမျိုသွားလဲ
ကျော်ကြီး(MDY)
ကျွန်တော်တို့ အညာသူအညာသား အထူးသဖြင့် မန္တလေး သူ၊သားတွေကို အခြားဒေသက လူတွေ က ဒေသစွဲ၊ ဇာတိစွဲကြီးတယ် လို့ပြောကြတယ်။ သူတို့ပြောမယ်ဆိုလည်း ပြောလောက်စရာပါ ကျွန်တော်တို့ မန္တလေးသားတွေက အခြားဒေသကလူတွေ မျက်စိဆံပင်မွေးစူးလောက်အောင်ကို ဒေသအပေါ် ချစ်စိတ်၊ စွဲလန်းစိတ် ကြီးလွန်းပါတယ်။ ဘာဖြစ်လို့ ဒီလောက် ဒေသစွဲ၊ ဇာတိစွဲ ကြီးရသလဲ လို့ မေးလာခဲ့ရင် စွဲစရာတွေ ချစ်စရာတွေ လွမ်းစရာတွေရှိလို့ပေါ့လို့ပဲဖြေရမှာပဲ . .
မြန်မာပြည် နောက်ဆုံးဘုရင်မင်းဆက် အဆုံးသတ်ရာ  နောက်ဆုံးမင်းနေပြည်တော်မြို့၊ ယဉ်ကျေးမှု အမွေအနှစ်ထွန်းကားရာမြို့၊ ထေရ၀ါဒ ဗုဒ္ဓသာသနာ နေလို လလိုထွန်းကားရာမြို့၊ သဘင် အနု ပညာတွေ ထွန်းကားရာမြို့၊ နိုင်ငံရေး၊ လူမှုရေးစသဖြင့် ဘယ်ဘက်ကကြည့်ကြည့် ဂုဏ်ယူ စရာ တွေနဲ့ ပြည့်နေတဲ့မြို့၊ ပဉ္စမသင်္ဂါယနာတင် ပိဋိကတ်သုံးပုံ ကျောက်စာရေးထိုးထားတဲ့ ကမ္ဘာအကြီး ဆုံး စာ အုပ်ကြီးတည်ရှိရာမြို့၊ မဟာမုနိ  ရွှေကျီးမြင် ကျောက်တော်ကြီး ချမ်းသာကြီးစတဲ့ တန်ခိုးကြီး ဘုရား တွေ  ကြီးလေးကြီးနဲ့ခမ်းနားတဲ့မြို့ပါ။ ကျုံးပြသာဒ် မြို့ရိုးကြီးတွေ၊ မန်းလေး တောင်၊ ဈေးချို၊ ဦးပိန် တံတား၊ စသဖြင့်သမိုင်းဝင်နေရာတွင် ပြောလို့မကုန်နိုင်အောင် ချစ်စရာတွေ၊ လွမ်းစရာတွေ ပြည့်နှက်နေတဲ့  ကျွန်တော်တို့ မန္တလေးမြို့ကို ကျွန်တော်တို့ ဒေသစွဲကြီးကြတာ ချစ်ကြတာ
မဆန်းဘူးလို့ထင်ပါတယ်။ မန္တလေးမြို့ကို မန္တလေးသားတွေ့ရဲ့ အသွေးတွေအသားတွေနဲ့ တည်ဆောက်ထာတယ်လို့ ပြောမယ်ဆိုရင်တောင်  လွန်မယ်မထင်ပါဘူး။
ကျွန်တော်တို့ မန္တလေးမြို့ကို မန်းလေးသားတွေမှချစ်ကြတာမဟုတ်ပါဘူး မြန်မာနိုင်ငံသား အားလုံးက ချစ်ကြ တန်းဖိုးထားကြပါတယ်။ ကုန်ကုန်ပြောရရင်  မန်းလေးကို ရောက်ဖူးတဲ့ နိုင်ငံခြားသား တွေတောင် စွဲစွဲလန်းလန်း အမှတ်တရရှိကြတယ်။ ကျောင်းအတူတက်ဖူးတဲ့သူငယ်ချင်းတွေနဲ့
စကားပြောဖြစ်တိုင်း မန္တလေးကို လွမ်းတဲ့အကြောင်း မြို့သူ၊ မြို့သားတွေက  ခင်ဖို့ကောင်းတယ်၊ ချစ်စရာကောင်းတယ် ဖော်ရွေတယ်လို့ အမြဲပြောကြတယ်။
မန္တလေးမြို့ဟာ ကမ္ဘာ့ဖော်ရွေမှုအရှိဆုံးမြို့များထဲက မြို့တစ်မြို့အဖြစ် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) နဲ့ CNN  သတင်းဌာနတို့ကတောင် သတ်မှတ် ဖော်ပြခဲ့ကြပါတယ်။ ဒီအချက်တွေကြောင့်  မန္တလေးသားတွေဟာလည်း ကိုယ့်မြို့အပေါ်မှာ ဂုဏ်ယူခဲ့ ၀င့်ကြွား ခဲ့ ကြ တယ်လို့ ထင်ပါတယ်။
ယနေ့အချိန်အခါမှာတော့ မန္တလေးတွေဟာ ကိုယ့်မြို့အပေါ်မှာ ဂုဏ်မယူနိုင် မ၀င့်ကြွားနိုင် တော့ပါဘူး။ မန္တလေးမြို့ကို မန်းလေးသားတွေ  မပိုင်တော့ဘူးလို့ ခံစားသွားရပါပြီ။ သူစိမ်းတစ်ယောက်လို ဧည့်သည် တစ်ယောက်လိုခံစားသွားရပါပြီ။ အိမ်ရှင်ဖြစ်တဲ့ မန္တလေးသားတွေက  မြို့ထဲမှာ မရှိတော့ပဲ မြို့ရဲ့အစွန်အဖျားတွေကို  ရောက်ကုန်ကြပါပြီ။ အိမ်ရှင်နေရာကို မြန်မာစကားမတက်တဲ့ အရှေ့တိုင်းဆီက  ပေါက်ဖော်တွေဝင်ရောက်နေရာယူသွားပါပြီ။ သေနက်တစ်ချက်မဖောက်
ကျည်တစ်တောင့် မကုန်လိုက်ရဘဲ ယွမ်ကျည်ဆံတွေနဲ့ သိမ်းပိုက်လိုက်တာ မန္တလေးမြို့ကြီး ကျဆုံးအသိမ်းပိုက်ခံလိုက်ရပါပြီ။
အဲဒီရဲ့ အစကတော့ စစ်အစိုးရတက်ပြီး မန္တလေးကို မြို့သစ်တည်ရာကစပါတယ်။ ရှမ်းပြည်နယ် လောက်မှာပဲ အခြေချနေထိုင်တဲ့တရုတ်တွေဟာ အဲဒီအခွင့်အရေးကိုအရယူပြီး မန္တလေးကို စဆင်းပြီး ခြေကုတ်ယူလိုက်ပါတယ်။ အဲဒီနောက် မန္တလေး မြို့တော်ဝန်ရာထူးကို ၀န်ကြီးချုပ်ရုံးဝန်ကြီး ဦးလွန်းမောင် ကိုင်လိုက်တဲ့အချိန်မှာတော့ မြို့လယ်က မီးရထားဝိုင်းကို ခေတ်မှီဈေးကြီးဆောက် မယ်ဆိုပြီး တရုတ်တွေလက်ထဲကို ၀ကွက်အပ်လိုက်ပါတော့တယ်။ မန္တလေးမြို့လယ်ခေါင်မှာ မြန်မာတွေပိုင်တဲ့ နေရာဆိုလို့  နန်းတွင်းကြီးပဲရှိပါတော့တယ်။ ဒါတောင်စစ်တပ်ကသိမ်းထား ပြီး မရောင်း လို့ပါ။ ရောင်းရင်တရုတ်တွေက  ၀ယ်ဦးမှာပါ။
"အရင်က အရဟံ၊ နဘယံ အိမ်အ၀င်ဝတွေမှာရေးထိုးထားထားတဲ့  အိမ်ခြံဝန်းတွေနေရာမှာ နီနီရဲရဲ ဘူးသီကြော်ငါးပေါင်းတရုတ်စာလုံးတွေ ကပ်ထားတဲ့ တိုက်အမြင့်ကြီးတွေ အစားထိုးဝင်ရောက်သွားပြီ။ ဘုရားစင်က  ဒို့ဗုဒ္ဓမြတ်စွာဘုရားနေရာမှာ ကွမ်ယင်မယ်တော်တို့ ဦးတီပွားတို့နေရာယူ သွားကြ တာကတော့ စိတ်မကောင်း ၀မ်းနည်းစရာပဲ။
မြန်မာပြည်ရဲ့ ယဉ်ကျေးမှုနောက်ဆုံးပင်မစခန်းကြီး အသိမ်းပိုက်ခံလိုက်ရတာကနေ ယဉ်ကျေးမှု ခံတပ် ငယ်တွေဖြစ်တဲ့ အင်းဝ၊ တံတားဦး စတဲ့စခန်းတွေပါ သူတို့ကသိမ်းပိုက်သွားလို့ အထက်မြန်မာ ပြည် ကတော့ တရုတ်လက်အောက်ခံဖြစ်သွားပါပြီ"  ဟု ဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) က ပြောပါတယ်။
မြန်မာ့ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့ကြီးကို တရုတ်တွေဘာကြောင့်  သိမ်းပိုက်နေရာယူသွား နိုင်ခဲ့တာလဲ။ ၁၉၈၉၊ ၉၀ ခုနှစ်နောက်ပိုင်း  စစ်အာဏာရှင်လက်ထက် ဗိုလ်ချုပ်ခင်ညွန့် တန်းခိုးထွား နေတဲ့အချိန်မှာ  ငြိမ်းချမ်းရေးအဖွဲ့အစည်းအမည်ခံ "၀"လူမျိုးအမည်ခံထားတဲ့ တ၇ုတ်တွေ ၀င်ရောက် နေရာ ယူတဲ့အချိန်မှာ အခြေနေပိုးဆိုးလာခဲ့တော့တာပါပဲ။ အဲ့ဒီအချိန်က မန္တလေးမြို့ဟာ ၁၉၈၁၊ ၈၄ ခုနှစ်တို့ မှာ အကြီးအကျယ်လောင်ခဲ့ရတဲ့  မီးကြောင့် ပြာပုံဘ၀ကနေ ရုံးထနေတဲ့အချိန် လည်း ဖြစ်ပါ တယ်။ ဒီအချိန်မှာ  မူးယစ်ဆေးဝါးအရောင်းအ၀ယ်လုပ်၊ သစ်မှောင်ခိုလုပ်ငန်းတွေစတဲ့ မတရား သော နည်းလမ်းတွေနဲ့ ချမ်းသာလာတဲ့ တရုတ်တွေဟာ မြို့လယ်ခေါင်က ကောင်းပေ့ညွန့်ပေ့ ဆိုတဲ့နေရာ တွေကို မတန်တဆဈေးတွေပေးပြီး အနိုင်ကျင့်သိမ်းပိုက်လိုက်တာပါပဲ။
မန္တလေးမြို့ကျဆုံးရတဲ့ အဓိကတရားခံကဘယ်သူလဲလို့ စဉ်းစားကြည့်တော့
"စစ်တိုက်တက်ရင် တိုင်းပြည်အုပ်ချုပ်လို့ရတယ်ဆိုတဲ့ အမြင်နဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်အာရှင်တွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့လို့ မြန်မာနိုင်ငံဟာ အလုံးစုံပျက်စီသွားပြီး အဲဒီအထဲမှာမှ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် မြို့တော်ကြီးဖြစ်တဲ့ မန္တလေးမြို့ကြီးဟာ တိုင်းတပါးသားတွေရဲ့လက်ထဲရောက် သွားရတာပဲ" ဟု မန္တလေးမြို့ခံစာရေးဆရာ ဦးဘုန်း(ဓာတု)ကပြောကြားခဲ့သည်။
ဒီနေ့မန္တလေးမြို့မှာ နေထိုင်နေတဲ့ မြန်မာစကားမတက်တဲ့တရုတ်တွေဘာကြောင့် တဖြည်းဖြည်း များလာခဲ့ရတာလဲ။ သူတို့ဆီမှာ မှတ်ပုံတင်ကတ်  ဘာကြောင့်ကိုင်ဆောင်နေနိုင်ရတာလဲ။ အဖြေကရှင်းရှင်းလေးပါ။ ခေတ်အဆက်ဆက် အကျင့်ပျက်ခြစားခဲ့တဲ့ ၀န်ထမ်းတွေနဲ့ အုပ်ချုပ်မှုညံ့ဖျင်းခဲ့တဲ့  အစိုးရကြောင့်ဆိုတာ ပြေးကြည့်နေစရာမလိုပါဘူး။ ၁၉၉၀ ခုနှစ်အရှေ့ပိုင်းက
မြို့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိခဲ့တဲ့ တရုတ်တွေဟာ ယနေ့အချိန်ခါမှာ မြို့လူဦးရေရဲ့ ထက်ဝက်ကျော်ရှိနေပါပြီ။ ဒီလိုတရားမ၀င်တဲ့နိုင်ငံခြားသားတွေကို  ဘာလို့စီစစ်အရေးယူ မဆောင် ရွက်ကြတာလဲ။ ရပ်ကွက်ဥက္ကဌတွေဟာ  ကိုယ့်နိုင်ငံသားစစ်စစ်ဖြစ်တဲ့ မြို့ခံမြန်မာလူမျိုးတွေရဲ့အိမ်ကို ဧည့်စာရင်းဝင်စစ်ရဲပေမယ့် တိုက်ကြီးကြီး ခြံကြီးကြီးတွေနဲ့ မြို့လယ်ခေါင်တက်ပြီးပေါ်ပေါ်ထင်ထင် နေနေကြတဲ့ နိုင်ငံခြားသားတရုတ်တွေကိုကြတော့ ဧည့်စာရင်းမပြောနဲ့ ခြံရှေရပ်ပြီး အိမ်အရိပ်တောင် မနင်းဝံ့ကြပါဘူး။
မြန်မာစကားတစ်လုံးမှမတက်တဲ့ နိုင်ငံခြားသားတရုတ်တွေဟာ အိမ်ခြံမြေတွေကို ၀ယ်ယူခွင့် ရနေကြပါတယ် ။ လမ်း ၃၀ ပေါ်မှာ၇ှိတဲ့ မြေစာရင်းဦးစီးဌာနမှာ ပိုက်ဆံတွေ ဆာလာအိတ်ကြီး တွေနဲ့ထည့်ပြီး အိမ်ခြံမြေ၀ယ်ယူနေသူတွေဟာ  မြန်မာစကားမတက်တဲ့ တရုတ်တွေချည်းပါပဲ။ စည်ပင်ရုံးထဲက မြေယာဌာနမှာဆိုလည်း တရုတ်တွေနဲ့ပြည့်နေတာပါပဲ။ တစ်ချို့ဝန်ထမ်းတွေဆို တရုတ်တွေနဲ့တောင်ခင်မင်ရင်းနှီးပြီး ဆွေမျိုးတွေလိုတောင်ဖြစ်လို့နေပါပြီ။ မြေစာရင်းရုံးနဲ့ စည်ပင်မြေယာဌာနက ၀န်ထမ်းတွေတောင် တရုတ်စကားပြောသင်တန်း ပေးရမလိုဖြစ်နေပါပြီ။
ကျွန်တော်ခုလိုပြောနေရတာ တရုတ်အားလုံးကို ဆန့်ကျင်ရေး၊ မုန်းတီးရေးပြော နေတာမဟုတ် ပါဘူး။ ကျွန်တော်တို့ မန္တလေးမြို့သူ  မြို့သူမြို့သားတွေဟာ ရှေးယခင်ကတည်က ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနဲ့  ငြိမ်းချမ်းစွာ အေးတူပူအမျှယှဉ်တွဲနေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ၁၅၀ ကျော် ခဲ့ပါပြီ။ အစွန်းရောက်ပြီး ငါ့လူမျိုးမှ ငါ့ဘာသာမှဆိုတာ မရှိပါဘူး။  မန္တလေးမြို့မှာရှိတဲ့ ဗလီတွေ၊ ချက်(စ်)ကျောင်းတွေ၊ တရုတ်ဘုံကျောင်းတွေရဲ့  အရေအတွက်ကို ကြည့်ရင် သိနိုင်ပါတယ်။ ရှေးယခင်ကတည်းက ဘာသာခြားရယ်  လူမျိုးခြားရယ်ဆိုပြီး မရှိကြပဲ လက်ရည်တပြင်တည်း အေးတူပူအမျှနေလာခဲ့လို့  အားလုံးဟာ ဆွေးမျိုးအရင်းအခြာတွေလိုတောင်ဖြစ်နေကြပါပြီ။ နောက်ပိုင်းမှ  အခြေချနေထိုင်လာတဲ့ တရုတ်တွေနဲ့လုံးဝမတူပါဘူး။
"တရုတ်မှာ နှစ်မျိုးရှိတယ်။ ရှေးယခင်ကတည်းက နေထိုင်လာတဲ့ Old Chinese  ဆိုတဲ့ တရုတ် လူမျိုးအဟောင်းနဲ့ New Chinese ဆိုတဲ့  တရုတ်လူမျိုးအသစ်ဆိုပြီးရှိတယ်။ Old Chinese က ငါ့တို့နိုင်ငံသား စိတ်ဓာတ်ရှိတယ်။ ငါ့တို့ယဉ်ကျေးမှုကိုနားလည်သလို  လေးစာမှုလည်းရှိကြတယ်။ ဟိုးရှေးဘုရင်တွေ လက်ထက်ကတည်းကနေလာခဲ့တဲ့ ဒို့တိုင်းပြည်ကိုချစ်တဲ့ မြန်မာပြည်ဖွားတရုတ် တွေကိုတော့ လက်တွဲလို့ရတယ်  လေးစားလို့ရတယ်။ ဗိုလ်ချုပ်ခင်ညွန့် စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့လို့
ဝင်ရောက်လာတဲ့ New Chinese ခေါ် နအဖ Chinese ကတော့ သူတို့စီးပွားရေးအတွက်
ဂုတ်သွေး စုတ်ဖို့ ဒို့တိုင်းပြည်ကို ၀င်ရောက်လာတာပဲ"ဟု ဆရာ  ဦးဘုန်း(ဓာတု)ကပြောသည်။
ရှေးယခင်ကတည်းက အတူနေထိုင်လာတဲ့ တရုတ်တွေဟာ မြန်မာ့ယဉ်ကျေးမှုနားလည်းပြီး၊ လူမူရေး၊ ဘာသာရေး လုပ်ငန်းတွေမှာလည်း အားတက်သရောပါဝင်ဆောင်ရွက်ကြပါတယ်။ မန္တလေးက သာသနိကအဆောက်အဦးတွေမှာ တရုတ်နံမည်တွေနဲ့ လှူတန်းထားတာတွေကိုယနေ့အချိန်ထိ တွေ့မြင်နိုင်သေးပါတယ်။
နောက်ပေါက် တရုတ်တွေကတော့ မြန်မာစကားတစ်လုံးမှ မတက်သလို ယဉ်ကျေးမှုလည်း မရှိ လူမူရေးလုပ်ငန်း ဘာသာရေးလုပ်ငန်းကတော့ဝေးရောပဲ။ တိုက်အမြင့်ကြီးတွေတည် အုပ်တံတိုင်း အမြင့်ကြီးတွေခတ်ပြီး  ပတ်ဝန်းကျင်နဲ့မရောဘဲ သူတို့ဟာသူတို့ သီးခြားရပ်တည်နေထိုင်ကြတယ်။
အိမ်ရှင်ကိုစော်ကားတဲ့ အပြုအမူ အပြောအဆိုတွေ မတူသလိုမတန်သလို  ဆက်ဆံခံနေရမှုတွေပါ ယခုဆိုရင်တွေ့မြင်နေရပါတယ်။
တိုင်းတစ်ပါးသားတရုတ်တွေ ၀င်ရောက်လာတာဟာ ကိုယ့်နေရာလေးတင် ဖယ်ပေးလိုက်ရတာ မဟုတ်ပါ ဘူး လူမူရေး၊ စီးပွားရေး ဘာသာရေး၊ ယဉ်ကျေးမှုအနုပညာ၊ ဘာသာစကားတွေပါ အ၀ါးမျိုခံ လိုက်ရတာပါ။ အရင်ကတရုတ်တွေဟာ ဘာသာတရားကိုင်ရှိုင်းပြီး သံဃာတော်တွေကို မနက်တိုင်း ဆွမ်းလောင်းကြပါတယ်။ နောက်ရောက်လာတဲ့ တရုတ်တွေကတော့ ဒီလိုမျိုးပြုလုပ်မှုမရှိတော့တော့တဲ့ အတွက်သံဃာတော်တွေဟာ သူတို့ဆွမ်းဒကာ၊ ဒကာမတွေရှိတဲ့ မြို့အစွန်ကို လာရောက်ဆွမ်းခံ နေကြ ရရှာပါတယ်။ အရင်ကလို သံဃာတော်တွေ စီတန်းပြီးဆွမ်းခံကြွတာ၊ အဖိတ် ဥပုတ်နေ့တိုင်း ဆွမ်းကြီးခံ လှည့်တဲ့ ဗုံတောင်အဖွဲ့တွေရဲ့ မြင်ကွင်းမျိုးက မြင်တွေ့ရဖို့ ခဲရင်းသွားပါပြီ။ အရင်က ဘုရားပွဲတော်မပြတ်တဲ့ မန္တလေးမြို့ဟာ သူတို့တွေလွမ်းမိုးပြီးတဲ့နောက်မှာ ဘုရားပွဲတော်တွေ သိပ်မလုပ် ကြတော့တဲ့အတွက် အငြိမ့်အဖွဲ့တွေ ဇာတ်အဖွဲ့တွေဟာလည်း တဖြည်းဖြည်းနဲ့ လျော့နည်း လာပါပြီ။ ယခင်က သဘင်တက္ကသိုလ်လို့တင်စားခဲ့ရတဲ့ မြို့ဟာ ယနေ့အချိန်အခါမှာတော့ အငြိမ့်အဖွဲ့ဆိုရင် ၁ဖွဲ့ ၂ဖွဲ့ ပဲကျန်ပါတော့တယ်။
စီးပွားရေးဘက်မှာလည်းမန္တလေးမြို့ရဲ့ လုပ်ငန်းကြီးတွေရဲ့ ၉၀ရာခိုင်းနှုန်းဟာ တရုတ်တွေပိုင် ဆိုင် ကြပြီး မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့လွမ်းမိုးမူ  ချယ်လှယ်မူကိုခံနေကြရပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေ စူပါမားကတ်လုပ်ငန်းတွေ  ဟော်တယ်လုပ်ငန်းတွေဟာ တရုတ်တွေ အများ စုပိုင်ဆိုင်လာပါတယ်။ သူတို့လူမျိုးတွေ ဘယ်လောက်အင်အားကြီး လွမ်းမိုးလာသလဲဆိုရင် စည်ပင် သာ ယာကတောင် နာမည်ဆိုင်းဘုတ်တွေ ကြော်ငြာဆိုင်းဘုတ်တွေကို တရုတ်လိုမရေးဖို့ ဆိုပြီး အမိန့်ထုတ်ယူရတဲ့ အခြေအနေဖြစ်နေပါပြီ။ နောက်ဆိုရင် ကျွန်တော်တို့ ဗမာစကားတောင် ပျောက်သွား နိုင်ပါတယ်။
အထက်မြန်မာပြည်ရဲ့  ရောင်းဝယ်ဖောက်ကားမှုအကြီးဆုံး ဌာနချုပ်လို့ပြောလို့ရတဲ့ ဈေးချို၊ ကောက်ပဲ သီးနှံကုန်စည်ဒိုင်တွေ၊ ကျောက်ဝိုင်းတွေမှာ တရုတ်လူမျိုးတွေရဲ့ ၀င်ရောက်လွမ်းမိုး ချယ်လှယ်မှု ကိုခံ နေရပါတယ်။
တစ်ချို့ရေပေါ်ဆီလူတန်းစားတွေ ကပြောကြသေးတယ် ဒါဟာမန္တလေးသား ငါတို့မြန်မာတွေညံ့ လို့ခံရ တာတဲ့။ အဲ့ဒီလိုမျိုးပြောကြတဲ့လူတွေကို ပြောချင်တာက မန္တလေးသားဆိုတာဟာ ရှေးယခင်ကတည်း က ကောင်းရောင်း ကောင်းဝယ်နဲ့ မိရိုးဖလာ လုပ်ငန်းလေးတွေကို လက်ဆင့်ကမ်းပြီး ရိုးရိုးသားသားနဲ့ပဲ
ရှာဖွေစားသောက်တက်ကြပါတယ်။ ဘီယာဆိုင်တွေ စင်တင်တွေဖွင့်မစားတက်ပါဘူး။  ရှေ့ဘန်းပြ နောက်ကတစ်မျိုးလုပ်မစားတက်ကြပါဘူး ဟော်တယ်တွေ တည်းခိုခန်းတွေဖွင့် မာဆတ်ဆိုတဲ့ အနှိပ်ခန်း တွေ ဖွင့်ပြီးစီးပွားမရှာတက်ကြဘူးဗျ။  မူယစ်ဆေးဝါးလည်း ရောင်းမစားတက်ကြဘူး။ ပိုင်ရာဆိုင်ရာနဲ့ပေါင်းပြီး  ခေတ်ပျက်သူဌေးလည်း လုပ်မစားတက်ကြဘူး။ ယနေ့နိုင်ငံမှာ အာဏာရှင် တွေနဲ့ ပေါင်းပြီး ချမ်းသာနေတဲ့ ခရိုနီလူတန်းစားတွေထဲမှာ မန္တလေးသားစစ်စစ် ဘယ်နှစ်ယောက် ပါလဲဆိုတာ ကြည့်တာနဲ့သိနိုင်မှာပါ။
မန္တလေးမြို့ဟာ မြန်မာအင်အားအများဆုံးမြို့၊ မြန်မာ့ယဉ်ကျေးမှု  မွေအနှစ်တွေထွန်းကားရာမြို့ဖြစ်ပြီး၊ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ ဗဟိုချက်မဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ထိမ်းသိမ်းစောင့် ရှောက်ထားတဲ့ နောက်ဆုံးခံတပ်ကြီး မန္တလေးမြို့ကျဆုံးချင်းဟာ   မြန်မာနိုင်ငံကျဆုံးခြင်း ပဲလို့ပြော လို့ရပါတယ်။
"သီပေါမင်းပါတော်မှုခြင်းကို မြန်မာနိုင်ငံကျွန်ဖြစ်ခြင်လို့ငါတို့အဓိပ္ပာယ်ဖွင့်ခဲ့ရင် မန္တလေးကျ ဆုံးခြင်းဟာ မြန်မာပြည်ကျဆုံးခြင်းပဲ၊ မန္တလေးကို ကယ်တင်ခြင်းဟာလည်း မြန်မာပြည်ကယ်တင်ခြင်းပဲ" ဟု ဆရာ ဦးဘုန်း(ဓာတု)ကပြောသည်။
ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံဟာ သူ့ကျွန်ဘ၀ကလွတ်မြောက်တာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပေ မယ့် တရုတ်ရဲ့ ခေတ်သစ်ကိုလိုနီကျွန်ပြုခံထားရတာ ယနေ့တိုင်ပဲဖြစ်ပါတယ်။ တိုင်းပြည်ဆင်းရဲတွင်း နက် ရခြင်းထဲက တစ်ချက်ဖြစ်တဲ့ အိမ်နီချင်းဆိုးနဲ့အတူနေထိုင်ရချင်းဆိုတဲ့ အချက်ကို ကျွန်တော်တို့ ခံစား နေရပါတယ်။ ရှေးယခင်ကတည်းက ယနေ့အချိန်ထိ ကြည့်ကြည့်ပါ တရုတ်နိုင်ငံရဲ့ကောင်းကျိုး ပြုမှုကို မြန်မာပြည်သူလူထု တစ်ခုမှမခံစားရသေးပါဘူး။ ပြည်သူလူထုဟာ တရုတ်နိုင်ငံကလာရောက် ရင်းနှီး မြှပ်နှံမှာကိုတောင် ကြောက်နေပါပြီ။ မြန်မာနိုင်ငံရဲ့မြေပေါ်မြေအာက် သဘာဝသံယံဇာတတွေကို မတရား ခိုးယူတယ်။ တရားဝင်လာရောက်ရင်နှီးမြုပ်နှံတဲ့အခါမှာလည်း မြန်နိုင်ငံက အကျိုးခံစား ခွင့်ဟာ မယားငယ်တစ်ယောက်ခံစားခွင့်ရသလောက်ပဲရှိပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနဲ့ စီမံကိန်း စာချုပ်ချုပ်ဆိုတဲ့ စာချုပ်တွေကြည့်ရင်သိနိုင်ပါတယ်။
ပိုဆိုးလာတာက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့သဘာဝသံယာဇာတ အဆီအနှစ်တွေကို မတရားရယူလို့အားမရသေးဘဲ မြန်မာအမျိုးသမီးငယ်တွေပါ သူတို့နိုင်ငံ လိင်ကျွန်သားမယားအဖြစ်ပါ ယူဆောင်နေကြပါပြီ။ အဆီကိုစားလို့အသားကိုမျိုယုံသာမက အရိုးပါတောင်မချန် ယူဆောင်နေတာ
အားလုံးအသိပဲဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့အဓိကပင်မ စီးပွားရေးကို  ချုပ်ကိုင်ထားသား တွေဟာ တရုတ် နိုင်ငံသားတွေကြီးပါပဲ။ နိုင်ငံရဲ့  အကြီးဆုံးခရိုနီကုမ္မဏီကြီးတွေဖြစ်တဲ့ အေးရှားဝေါတို့၊ရွှေတောင်
ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံသားပိုင်တွေဖြစ်ပါတယ်။
တရုတ်တွေလာရောက်ရင်နှီးမြုပ်နှံတဲ့လုပ်ငန်းတွေအားလုံးကို ကြည့်ကြည့်ပါ။ ကျွန်တော်တို့တိုင်းသူ ပြည်သားတွေကို အမှန်တကယ်အကျိုးပြုမယ့် စီမံကိန်းတွေမပါပါဘူး။ နည်းပညာအတက်ပညာ နဲ့သက်ဆိုင်တဲ့ စက်မှု စီမံကိန်းတွေလုံးဝမပါပါဘူး။ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတာအဆီအနှစ်ကို
ရယူမယ့် သဘာဝပတ်ဝန်ကျင်တွေပျက်စီးပြီး နောင်အနာဂတ်မှာ မြန်မာပြည် ဒုက္ခဖြစ်ကျန်မယ့် ရေအား လျပ်စစ်စီမံကိန်းတို့၊ တောင်တွေဖြိုပြီးရယူတဲ့  ကြေးနီစီမံကိန်းတို့၊ သဘာဝဓာတ်ငွေ့ ထုတ်ယူ တဲ့စီမံကိန်းတွေမှာပဲလာရောက် ရင်နှီးမြှပ်နှံတာတွေကိုတွေ့မြင်ရမှာပါ။ တရုတ်တွေဟာ မြန်မာနိုင်ငံကို
အချဉ်တကာ့အချဉ်ဆုံး လူ့ငတုံးများအဖြစ် သတ်မှတ်ဆက်ဆံလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
ဒီလိုတရုတ်နိုင်ငံသားတွေရဲ့ ဂုတ်သွေးစုတ်အနိုင်ကျင့်ချယ်လှယ်မှု မတရားသောလုပ်ရပ် တွေကို အစိုးရကိုယ်တိုင်က လစ်လျူရှုခံထားရတာဟာ တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာပဲဖြစ်ပါတယ်။
"အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံမှာ နိုင်ငံတော်သမ္မတဟာ  နိုင်ငံခြားသစ္စာမစောင့်ထိမ်းရဘူးလို့ပါတယ်။ ဒါပေမယ့်  တရုတ်ကိုကြောက်နေရပါတယ်၊ ကျေးဇူးရှိပါတယ်ဆိုတဲ့စကားကို အစိုးရအဖွဲ့က ပြော လိုက်ခြင်း ဟာ တရုတ်ရဲ့ ကျေးကျွန်ဖြစ်နေပြီလို့  လူထုကိုယ်တိုင်ကခံစားနေရတယ်" ဟု ဦးဘုန်း(ဓာတု)ကပြောသည်။
အုပ်ချုပ်သူအစိုးရကလည်း "မြေမျိုလို့လူမျိုးမပြောက်၊ လူမျိုးမျိုမှ လူမျိုးပျောက်မည်" ဆိုပြီး မစားရ ၀ခမန်းကြွေးကျော်ပြီး မန်းလေးကို ရောင်းစားလိုက်ကြတယ်။  အမျိုးဘာသာစောင့် ထိမ်းဖို့ ဆိုပြီး ကြွေးကျော်နေကြတဲ့ ကျွန်တော်တို့ပြည်သူတွေဟာလည်း ၂၀၁၂ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်
ပဋိပက္ခအပြီး မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး လုံခြုံရေးကိစ္စကိုပဲ ရှေ့တန်းတင်နေကြတဲ့အချိန်မှာ အရှေ့ဘက်က တံတိုင်းကြီးပြိုကြပြီး ၀င်ရောက်လာတဲ့ ခေတ်သစ်ကိုလိုနီတရုတ်တွေကိုကြမေ့လျော့ နေကြပါတယ်။  မရောင်ရာဆီလူးနေကြပါတယ်။
" ကျွန်းသစ်တွေ၊ ရေနံတွေ၊ ကျောက်စိမ်းတွေပါသွားတာက ကိစ္စမရှိသေးဘူးကွ ဒီထက်ဆိုးတာက အခုဆိုရင် မြန်မာနိုင်ငံရဲ့ဝမ်းဗိုက်လို့ပြောလို့ရတဲ့  မြန်မာနိုင်ငံအလယ်ပိုင်းဖြတ် ဓာတ်ငွေ့ပိုက်လိုင်း ကြီးဖောက်ပြီး မြန်မာနိုင်ငံကိုတောင် နဲ့မြောက်ပိုင်းခြားလိုက်ပြီ။ ပြီးတော့ ဓာတ်ငွေ့ပိုက်လိုင်းနဲ့အပြိုင် ရန်ကုန်၊ မန်းလေး အမြန်လမ်းမကြီးထက်ကောင်းတဲ့ ကားလမ်းမကြီးနဲ့ ရထားလမ်းကို ရခိုင်ပြည်နယ် ကနေ တရုတ်ပြည်ထိဖောက်မယ်။ ခုဆိုရင်  ဓာတ်ငွေ့ပိုက်လိုင်းစောင့်ရှောက်ရေးအတွက်ဆိုပြီး ပိုက်လိုင်း တစ်လျောက်  သူတို့လူမျိုးတွေပဲပါတဲ့ စခန်းတွေဆောက်နေပြီ။ အဲဒီအချိန်ကြရင်တော့
သူတို့ပြည်ဖြစ်သွားပြီပဲကွ" ဟု ဆရာကြီးဦးကိုလေး(အင်းဝဂုဏ်ရည်)က ပြောသည်။
မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုသမိုင်းဝင်မြို့ကြီး တရုတ်ရဲ့လွမ်းမိုးမှုကို ခံလိုက်ရတာမှန်ပေမယ့် ဒီထက် အခြေ အနေမဆိုးသွားဖို့ မန်းလေးမြို့ကြီးကိုပြန်လည်ကယ်တင်ဖို့၊ မြန်မာနိုင်ငံကို တရုတ်ရဲ့ ကိုလိုနီ ကျွန် ပြုခံထားရတဲ့ ဘ၀မှလွတ်မြောက်အောင်ဆောင်ရွက်ဖို့ကိစ္စဟာ  အစိုးရမှာ အဓိက တာဝန်ရှိ သလို တိုင်းသူပြည်သား မြို့သူမြို့သားတွေကလည်း ၀ံသာနုရက္ခိတတရားနဲ့ အားလုံးပူးပေါင်း ဆောင်ရွက် ဖို့လိုပါတယ်။  အချိန်မနှောင်းသေးဘူးလို့မြင်မိပါတယ်။
" ၁၉၆၂ ခုနှစ်မှာ ဦးနေ၀င်းအာဏာသိမ်းတဲ့ အချိန်မှာ မြန်မာနိုင်ငံရဲ့ မြေယာတွေရဲ့ ၃၀ ရာခိုင်နှုန်းကို ချစ်တီးကုလားတွေ ပိုင်ဆိုင်ကြတယ်။  အဲဒီအချိန်မှာ ဦးနေ၀င်းက ချစ်တီးကုလားတွေကို အကုန်လုံး မောင်း ထုတ်ခဲ့လို့ ကုလားတွေ သင်္ဘောတွေနဲ့ အတုံးအရုံး အိန္ဒိယကိုထွက်ပြေးကြတာ ငါတောင် စိတ်မကောင်းဖြစ်မိသေးတယ် ဒို့တည်ဆဲဥပဒေအရ အခုအစိုးရလက်ထက်ဖြစ်ဖြစ် နောက်တက် မယ့် အစိုးရလက်ထက်မှာဖြစ်ဖြစ် တရားမ၀င်လာရောက်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေကို အကုန်လုံး မောင်းထုတ်လို့ရပါတယ်ကွ။ လုပ်ရဲဖို့ပဲလိုတာပါ။ ဘယ်နိုင်ငံဖြစ်ဖြစ် လုပ်ပိုင်ခွင့်ရှိပါတယ်၊ အချိန်မှီ ပါသေးတယ်" ဟု ဦးကိုလေး (အင်းဝဂုဏ်ရည်)ကပြောကြားခဲ့ပါတယ်။
မင်းတုန်းမင်းတရားကြီးဟာ မန္တလေးမြို့ကြီးကို သူ့တိုင်းသူပြည်သားတွေ အေးချမ်းပျော်ရွှင်စွာ နေထိုင်ဖို့ အတွက် တည်ထောင်ခဲ့တာပါ။ အခုလို သူတည်ထောင်ခဲ့တဲံ မန်းလေးမြို့ကြီးမှာ တိုင်းတစ်ပါးသား တွေနေ နေတာတွေ့ရင် ဘယ်လောက်များ ရင်နာလိုက်မလဲမသိဘူး။ မင်းတုန်းမင်းတရားကြီးကို
ကျွန်တော်မျက်နှာပူ အရှက်ရမိတယ်ဗျာ။ ကျွန်တော်တို့မျိုးဆက်လက်ထက်ကြမှ ရာဇ၀င်အရိုင်းခံ ကြတော့မှာလား။
ဒီလို ကမ္ဘာကျော် သမိုင်းဝင် ရတနာပုံ မန်းလေးမြို့ကြီးကို  ဒီနေ့အချိန်အခါမှ ကျွန်တော်တို့ မကာကွယ်နိုင်ခဲ့ရင်  မထိမ်းသိမ်းမစောင့်ရှောက်နိုင်ခဲ့လျင် လာမယ့်ဆယ်စုနှစ်အနည်းငယ်အတွင်း
ဆင်ယာဉ် မြင်းယာဉ် လှဉ်းယာဉ်တို့ကိုစီးပြီး ၀င်းကြီးတွေခင်းလို့  ရှင်းလောင်းလှည့်ပြီး မဟာမုနိ ဘုရားကြီး ကို ကန်တော့ခွင့်မှရကြပါဦးမလား .
. .
ပိတ်လုံချည်အင်္ကျီ အဖြူတွေဝတ် ပိတ်စလွယ်တွေသိုင်းပြီး ၀တ်အသင်းသူ အသင်းသားတွေရဲ့ စည်သံ ဗြောသံတွေကို ၀ါတွင်းအခါမှာ ကြားရမြင်ရပါဦးမလား။
'မန်းဆန်တယ်၊ နန်းဆန်တယ်' ဆိုတဲ့ ကျွန်တော်ကျွန်တော်နဲ့ ချစ်စဖွယ်ပြောတက်တဲ့ ယဉ်ကျေး သိမ် မွေ့ တဲ့ မန်းလေးသူတွေအစား စကတ်တို  ဘောင်းဘီတို ပေါင်တန်အဖွေးသားနဲ့ ကောင်မလေးတွေ မြင်ရတော့မှာလား . . .
ထမင်းတလုတ်ကို သူတို့ သဒ္ဒါမှ စားရ တော့မှာလား . . . မန်းသူပီပီ ပြုံးတဲ့မျက်နှာ၊ ချိုတဲ့စကားနဲ့ ဈေးရောင်းတက်တဲ့  ဈေးချိုသူတွေအစား သူတို့နဲ့ မတူသလိုမတန်သလို ဆက်ဆံခံရဦးမှာလား . . .
စာသင်စာချနေတဲ့ ဘုန်းကြီးကျာင်းတိုက်တွေနေရာမှာ အကော့အပျံအမိုးတွေနဲ့ တရုတ်ဘုံ ကျောင်းကြီး တွေ မြင်တွေ့ရတော့မှာလား . . .
မြို့မငြိမ်းရဲ့ ငွေငန်းကြီးနဲ့ မြို့မအသင်းကြီးရဲ့ လှည့်လည်ဖျော်ဖြေမှုအစား တရုတ်နဂါး အကတွေ မြင်တွေ့ရတော့မှာလား. . .
တူးပို့တူးပို့ သင်္ကြန်သီချင်းတွေအစား တရုတ်သီချင်းတွေကြားရတော့မှာလား
အရှင်နှစ်ပါးပါတော်မူခဲ့တဲ့ ဂေါဝန်ဆိပ်ကိုကော လွမ်းလို့မှ သွားကြည့်ခွင့်ရပါဦးမလား . ..
သမိုင်းဝင် မန္တလေးမြို့ကြီးကို ဖတ်စာအုပ်ထဲမှာပဲတွေ့မြင်ရပြီး၊ မန္တလေးသူ မန္တလေးသား တွေဆိုတာ ပြတိုက်ထဲမှာ သွားကြည့်ရတော့မယ့် အဖြစ်မျိုးအဖြစ်ခံတော့မှာလား . . .
ခေတ်စနစ်ရဲ့အခြေအနေတစ်ခုကြောင့် အခိုက်အတန့့်  မန္တလေးမြို့ကြီးကို  ကျွန်တော်တို့  စွန့်လွတ် ခဲ့ရပေမယ့် တစ်ချိန်မှာ မန်းလေးသားတွေပိုင်တဲ့  မန္တလေးဖြစ်ရမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ မန္တလေးသားတွေ  မညံ့ဘူးဆိုတာ ရာဇ၀င်သမိုင်း သက်သေရှိပါတယ်။ နယ်ချဲ့ ဖက်ဆစ် လက်အောက်  ထီးကျိုးစည်ပေါက် သူကျွန်ဘ၀ကနေလည်း ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်
ပြာပုံဘ၀ကနေလည်း ရုန်းထနိုင်ခဲ့ပါတယ်။ မန္တလေးမြို့ဆိုတာ ပြာပုံဘ၀က  အကြိမ်ကြိမ် နိုးထခဲ့တဲ့ ဖီးနစ်ငှက် မြို့ပါ။ကျွန်တော်တို့  မန္တလေးသားတွေမညံ့မပါဘူး။ မန္တလေးကို မန္တလေးတွေပဲ ပိုင်ရပါမယ်။
"ဒို့မြန်မာတွေ ဖတ်ဆစ်ဂျပန်တွေရဲ့ လက်အောက်ခံ သူ့ကျွန်ဘ၀ကနေ ရုန်းထွက်ဖို့အတွက် 'ဖဆပလ' ဖက်ဆစ်ဆန့်ကျင်ရေး  ပြည်သူ့လွတ်မြောက်ရေးဆိုပြီးဖွဲ့စည်းပြီး ငါတို့တွေကို ကျွန်လာပြုနေတဲ့ တိုင်း တစ်ပါး သားတွေကို တွန်းလှန်ခဲ့သလို အခုချိန်ခါမှာလည်း  ငါတို့နိုင်ငံကို မတရားလာလုပ် ဂုတ်သွေး စုတ်နေတဲ့ တရားမ၀င် နိုင်ငံခြားသား  တရုတ်တွေကို 'တဆပလ' ဆိုပြီး တရုတ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး  ဆိုပြီးလုပ်ဖို့အချိန်သင့်ပြီလို့ပြောချင်တယ်ကွာ"ဟု ဆရာကြီး ဦးကိုလေး(အင်းဝ ဂုဏ်ရည်) က ဇာတိမာန်အပြည့်နဲ့ပြောကြားခဲ့ပါတယ်။


ရန်ကုန်ကြေးမုံ


No comments:

Post a Comment