Popular Posts

Tuesday, January 28, 2014

ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့်လွှတ်တော် တစ်သားတည်းဖြစ်ပေါ်




ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များအတွင်း တစ်သားတည်းဖြစ်ပေါ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အကြောင်း မှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစိန်တင်ဝင်း၊ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးလှမြင့်၊ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့  နှင့် ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ သန်းအောင် ဆိုသူတို့  က လွှတ်တော် နှင့် တိုင်းဒေသကြီးအစိုးရအကြား တစ်သားတည်းကျစေမည့် ဒိန်ခဲ များကို ချပေးခြင်း နှင့် ခွဲ ဝေ ကျွေးခဲ့ခြင်း ကြောင့် ဖြစ်သည် ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ တန်ဖိုးမျှတ နှင့် အဆင့်မြင့် ကွန်ဒိုများ ၊ ပလပ်မြေများ နှင့် ပြည်ထဲရေးဝန်ကြီးဌာန မှ သိမ်းဆည်းမြေ များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအကြား ဒိန်ခဲ သဖွယ် သဘောထား၍ အညီအမျှ အကျိုးခံစားခွင့်ရရှိစေခဲ့ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ အခန်း ကဏ္ဍမှေးမှိန်လျှက်ရှိပြီး အတိုက်အခံ အင်အားစုများတစ်နေ့ တစ်ခြား အင်အားကြီးထွားလာခြင်း နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအကြား အပေးအယူ မျှ တ နေခြင်းမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီအတွက် အလားအလာ မကောင်းကြောင်း သိရသည်။

No comments:

Post a Comment