အချိန်က ၁၉၉၃ ခုနှစ် နှစ်လယ်ပိုင်း
၊ နေရာကတော့ ရန်ကုန်မြို့ ရဲ့ မြို့ တွင်း
(၆)မြို့ နယ်ထဲမှာ ပါတဲ့  လူစည်ကားတဲ့ မြို့ နယ် တစ်ခု၊ ပြောနေကြတာကတော့ နဂီးလား
and ၀ီးလက် တဲ့  ။ အပြောခံရတာ ကတော့ ရန်ကုန်မြို့ ရဲ့ နာမည်ကြီး
ကျူရှင်ဆရာတစ်ဦး၏ သားကို နာမည်ပြောင်ပေးခြင်းနှင့်ခေါ်ဆိုခြင်းပါပဲ ။ ၀ီးလက် လို့ အခေါ်ခံရတဲ
့သူ ကတော့ ယခု ကအခါ ၀ါရှင်တန်ဒီစီ ရှိ ကမ္ဘာလုံးဆိုင်ရာ ရုံးတစ်ရုံးမှာ တာဝန်ထမ်းဆောင်
နေပြီဖြစ်ပါတယ်။ သူ ကတော့  ရန်ကုန်စက်မှု တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ဦးလဲဖြစ်ပါတယ် ။ အဲဒီမှာ ၁၉၉၅ ခုနှစ်လောက်မှာပဲ
၁၉၉၃ ခုနှစ် အခြေခံပညာအထက်တန်းအောင်ကျောင်းသားတစ်စုက စစ်အင်ဂျင်နီယာတက္က သိုလ် DSIT
ပထမအပတ်စဉ် ဒုတိယနှစ်မှာ ကျောင်းထုတ်ခံရသူများလည်းအပါအ၀င်ပေါ့
။ မြို့ တွင်း လူစည် ကားရာမှာ စုစည်းမိတဲ့ အခါ
အဲဒီအချိန် က လူအများရဲ့ လေးစားကြောက်ရွ့ံ့
ခြင်းခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး တွေ ရဲ့ ပစ်မှတ်တွေ
ဖြစ်လာခဲ့တယ် ။ အဲဒီလို အချိန်မှာမှ ကျောင်းထုတ်ခံရသူတွေကို အတွင်းရေးမှူး (၁) ဒုတိယ
ဗိုလ်ချုပ်ကြီးခင်ညွန့် ချီးမြှင့်တဲ့ ထူးချွန်ဆုတွေကိုလက်ခံခဲ့တဲ့သူတွေဆိုတော့ ရန်ကုန်စက်မှုတက္ကသိုလ်
ကို တက်မလား ? မန္တလေး စက်မှု တက္ကသိုလ်ကို တက်မလားပေါ့ ? ဒီလို
မေးခွန်းနဲ့ အဖြေတွေကို စောင့်ဆိုင်း နေတဲ့  လူငယ်လေးတွေနဲ့  ရန်ကုန် စက်မှုတက္ကသိုလ်
ကကျောင်းသားလေးတွေစုမိတဲ့ အချိန်ပေါ့ ။
အဲဒီလို အချိန်မှာ ကိုဝီးလက် ကတော့ 
အင်္ဂလန်ကပေးတဲ့ ဘွဲ့ တွေ ၊ ဆာတီဖီကိတ်တွေကိုရဖို့ British Council သွားလိုက် ၊ စာမေးပွဲတွေကို
ဖြေလိုက်ပေါ့။ အဲဒီမှာ British Council က ပေးတဲ့  သင်ခန်းစာထဲမှာ Nerve Bomb ဆိုတာလေး
ပါလာတာကို ဖတ်ဖူး / မှတ်ဖူးလိုက်ပါရဲ့  ။
အခုလို ပွင့်လင်းလာတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ
Nerve Bomb ကို သွားသတိရလိုက်တဲ့ အခါမှာတော့  ကမ္ဘာက နိုဘယ်ဆုပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ
့ လက်ရှိ တပ်မတော်အစိုးရတို့ ရဲ့ နိုင်ငံရေး
တွေးခေါ်မှုဆိုင်ရာ အားပြိုင်မှုကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က ကိုင်စွဲထားတဲ
့ ဒီမိုကရေစီနှင့်လူ့ အခွင့်အရေး / ကျား-မတန်းတူအခွင့်အရေး ရရှိရေး ဆိုတာတွေ နဲ့  မြန်မာလူထုရဲ့ ပင်ကို ရှိရင်းစွဲ ၀ံသာနုရက္ခိတ တရားတို့  ထိပ်တိုက်တွေ
့ဆုံမှုကို လူမျိုးရေး /ဘာသာရေး / လူမှုရေး ပဋိပက္ခ များမှ တစ်ဆင့် မြင်တွေ့  ခွင့်ရလိုက်ပါတယ်။
ဒါကို ပြောရရင်တော့ ဒီမိုကရေစီနှင့်
လူ့ အခွင့်အရေးဆိုတဲ့  Nerve Bomb နဲ့  အမျိုး / ဘာ သာ / သာသနာ ဆိုတဲ့ Nerve Bomb တို
့အပြိုင် တွေ့ ဆုံ ခြင်း လို့ ရှုမြင်လိုက်ရပါတယ်။ အဲဒီ အမျိုး/ဘာသာ/ သာသနာ ကို အခြေခံတဲ့
Nerve Bomb တွေ ကို ဒေါ်အောင်ဆန်းစုကြည် ရဲ
့ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ဆိုတဲ့  Nerve Bomb တွေ က မရှု မလှ ရှုံးနိမ့်ခဲ့တာ
ကို အမေရိကန်၊ ဗြိတိန် နဲ့  အီးယူ နိုင်ငံကြီးများ မျက်ဝါးထင်ထင်တွေ့ မြင် ခဲ့ကြရပါတယ်
။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  လက်ကိုင်ထားတဲ
့ Nerve Bomb များ ရှုံးနိမ့်ခဲ့မှုကြောင့်
အမေရိကန် ၊ ဗြိတိန် နှင့် အီးယူနိုင်ငံများ
က ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး
ဆိုသည့် Nerve Bomb အသစ်ကို ဖန်တီး ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ် တို့  ကိုင်စွဲသည့် Nerve Bomb မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ
ဖြစ်သည့် ဦးအောင်ရွှေ ၊ SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့  အမျိုးသားညီလာခံကျင်းပစဉ်
က သဘောတူလက်မှတ်ရေးထိုးထားသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများတွင် ပါဝင်နေသည့်အတွက်
Nerve Bombs များ အပြိုင် ပေါက်ကွဲမှုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနေဖြင့်
အရှုံးဘက်သို့ ဦးတည်နေကြောင်း သတိချပ်နိုင်ရန် တင်ပြလိုက်ရပါသည်။
No comments:
Post a Comment