ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ နောက်ဆုံးအကြိမ် စိစစ်ရန် ဖွဲ့ စည်းပေးထားသည့် (၁၈) ဦး အဖွဲ့  သည် သန်လျင်မြို့ နယ်၊ အမှတ် (၁) ရန်ကုန်-သန်လျင် တံတားအဆင်းရှိ အမှတ် (၁) ရေနံ ချက်စက်ရုံ - သန်လျင်၏ ဆီချက်လုပ်ပုံ အဆင့်ဆင့်အား အဆိုင်းများခွဲ၍ စိစစ်ဆောင်ရွက်ရန် တာဝန်ပေးခဲ့ရာ ယင်းအဖွဲ့ မှအဖွဲ့ ဝင်များစိစစ်ချက်အရ သန်လျင် အမှတ် (၁) ရေနံချက်စက်ရုံ အနေဖြင့် ဆီဂါလံ သန်းပေါင်း (၁၆၀၀)ကျော် လေလွင့်ဆုံးရှုံးမှုစာရင်းဖေါ် ပြထားကြောင်း စိစစ်တွေ့ ရှိရသည်ဟု စုံစမ်းသိရှိရသည်။
ယင်းရေနံချက်ဌာနမှ အရာရှိတစ်ဦး၏ ပြောကြားချက်အရ မိမိတို့ ဌာနမှ တိုက်ရိုက်ချက်၍ သို/ဖြန့်  ဌာနသို့ တိုက်ရိုက်ပေးပို့ ရကြောင်း၊အရှုံးအမြတ်များကို မိမိတို့ ရေနံချက် ဌာန အနေ ဖြင့် လုံးဝမသိရှိရကြောင်း၊ ရေနံ သို / ဖြန့် ဌာန အနေဖြင့် အရှုံးအမြတ်များကို တိုက်ရိုက်ကိုင် တွယ်ကြောင်း သိရသည်။
ယနေ့ အထိ ဆုံးရှုံးဆီဂါလံများကို စိစစ်ဆဲဖြစ်ကြောင်း ၊ ရေနံချက် ဌာနမှ တာဝန်ရှိသူတစ်ဦးက စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အရှုံးပေါ်ပါက မိမိတို့ ရေနံချက်ဌာနအား အမြဲအပြစ်ပုံချလေ့ရှိခဲ့ကြောင်း၊ ယခုအခါမှ ပြည်ထောင်စုဝန်ကြီးနှင့်ဒုဝန်ကြီးအဖွဲ့ က လုပ်ငန်းစစ်အဖွဲ့ အားထားရှိ စစ်ဆေးစေခြင်းဖြစ် ကြောင်း၊ ယခင် စစ်ဆေးရေးအဖွဲ့ များက စက်ရုံမှ စက်ရုံမှူး နှင့် ဖိုမင်ချုပ်များ ၊ဖိုမင်များ တို့ နှင့် တိုင်ပင် ပြီး စာရင်းလိမ်လည် ပြဆိုမှုများဆောင်ရွက်ခဲ့ကြောင်း၊ သန်လျင်ရေနံချက်စက်ရုံရောက်ရှိသည့် စာရင်းစစ် လုပ်ငန်းစစ်တိုင်း ကိုယ်ကျိုးစီးပွားအမြတ်ထွက်လေ့ ရှိ ကြောင်း ကို ရန်ကုန်ကြေးမုံသို့  ပြောကြားသည်။
ရေနံချက်ဌာနမှ အရာရှိတစ်ဦး က သို/ဖြန့် ဌာန တွင် ဆီတိုင်ကီများအတွင်း အောက်တွင်ခံထားသော ရေများ အား အလျဉ်းသင့်သလို အရှုံး/အမြတ်ပေါ်မူတည်၍ ထုတ်နေကြောင်း ပြောကြားသည် ။
သို / ဖြန့် ဌာနမှ ဖိုမင်ချုပ်၊ဖိုမင် နှင့် အရာထမ်းများ မှာ ပင်စင်နှင့် အလုပ်ပြုတ်မည်ကို ကြိတ်၍ဆုတောင်းလျှက်ရှိနေကြောင်း၊ ဖိုမင်တစ်ဦးက ရှုံးသည့်ဆီများအား လျော်ကြေးငွေ မပေးဆောင်စေပဲ ပင်စင်နှင့် အလုပ်တန်းဖြုတ်လိုက်လျှင် စွမ်းအင်ဝန်ကြီးရုံးမှ ပြည်ထောင်စုဝန်ကြီးနှင့် လူကြီးများအားအထူးကျေးဇူးတင်မည်ဖြစ်ကြောင်း ပြောဆိုလျှက်ရှိသည်။ငဇင်ကာ ( သန်လျင်-သိုက်ချုပ်ကြီး )
No comments:
Post a Comment