Popular Posts
Tuesday, April 16, 2013
တာဝန်ရှိသူများထံသို့ ၂၀၁၃ ခုနှစ် မဟာသင်္ကြန် နှစ်သစ်ကူးအိတ်ဖွင့်ပေးစာ
၂၀၁၃ခုနှစ် သည် မြန်မာ့မီဒီယာအလွတ်လပ်ဆုံးကာလဖြစ်သည်။ ရေးချင်တာရေးသည်-ပြောချင်တာ ပြောသည်-ထုတ်ဝေချင်တာထုတ်ဝေသည်= ဘာမျှမဖြစ်လျှင် ဘာမျှ အရေးယူခြင်းခံရသည် မရှိ ။ ခေတ်အဆက်ပိတ်ပင်ထားခဲ့သော ခြောက် တိုက် က လောက် ကိုက် စသည် စာအုပ်များထဲ ပြင်ပဈေး ကွက်တွင် ခေတ်မီ ပုံနှိပ်စက်ကြီးများဖြင့် တရားဝင် စာပေတိုက်များမှ တရားဝင်ဖြန့် ချီလျှက်ရှိနေသည်။ သြော် - ယခု ပြောစရာရှိသည်မှာ ၂၀၁၃ခုနှစ် နှစ်သစ်ကူးမဟာသင်္ကြန်ကာလ သံချပ်များဖြစ်သည် ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတပ်မတော်ကို ဖက်ဆစ် ဂျပန် ၏ ဖက်ဆစ်တပ်မတော်နှင့် ခိုင်းနှိုင်းပြသခဲ့သလို မြန်မာပြည်သူများ ဆင်းရဲမွဲတေနေမှု ကိုလည်း အခြေအမြစ်ပြ၍ သရုပ်ဖေါ်ပြသနိုင်ခဲ့ကြသည်။ မြန်မာပြည်သူအားလုံး နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်စီတာဝန်ကို ကိုယ်စီထမ်းဆောင်လိုစိတ်ရှိရန် လှု့ံ ဆော်ခွင့်ပေးခဲ့သည် ၂၀၁၃ ခုနှစ် မဟာသင်္ကြန်အဖြစ် ရန်ကုန်ပြည်သူများ ကလက်ခံယုံကြည်လျှက် ရှိနေကြသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံသို့ ပေးစာ
 ၁။      နှစ်သစ်ကူးမဟာသင်္ကြန်ကာလ လွတ်လပ်စွာပြောဆိုပိုင်ခွင့်များပေးခဲ့ခြင်းကို ရန်ကုန်ကြေးမုံက ပြည်သူ့ ကိုယ်စား နိုင်ငံတော်သမ္မတကြီးကို ကျေးဇူးတင်ကြောင်း ဦးစွာထုတ်ဖေါ်ပြောလိုပါသည်။
၂။       ၂၀၁၃ မဟာသင်္ကြန်ကာလ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကိုအသုံးပြု၍ မြန်မာ့လူထုဘ၀လက် တွေ့လိုအပ်ချက်များထဲမှ မြန်မာပြည်သူလူထုအလိုအပ်ဆုံးဖြစ် မြန်မာလူထုဆန္ဒကို အကောင်အထည် ဖေါ်ပေးနိုင်ရန် သမ္မတကြီးတွင် အပြည့်အ၀ တာဝန်ရှိသည် ဟု ရန်ကုန်ကြေးမုံ က ယုံကြည်သည်။
၃။       မြန်မာပြည်သူလူထု အငတ်မွတ်ဆုံးဖြစ်နေသော လိုလားတောင့်တချက်ဖြစ်သည့် မြန်မာ့လူထု ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ပေးနိုင်ရန်အတွက် အလျှင်မြန်ဆုံးအကောင်အထည်ဖေါ်ဆောင်ရွက် ပေးနိုင်ပါရန် ရန်ကုန်ကြေးမုံက နိုင်ငံတော်သမ္မတထံသို့  ၂၀၁၃ခုနှစ် မဟာသင်္ကြန်နှစ်သစ်ကူးကာလ အိတ်ဖွင့်ပေးစာဖြင့် အနူးအညွတ်တောင်းပန်တိုက်တွန်းလိုက်သည်။
ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ထံသို့ ပေးစာ
၁။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီဥက္ကဌအဖြစ်လည်းကောင်း၊ပြည်သူ့ လွှတ်တော်ဥက္ကဌ အဖြစ် လည်းကောင်းတာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ ရှေ့ ဆောင် ပြည်သူ့ မဏ္ဍိုင် တာဝန်များထမ်း ဆောင် နေသည့် သူရဦးရွှေမန်းအနေဖြင့် လွှတ်တော်အတွင်း အာဏာတည်မည့် ဥပဒေများကိုသာ ပြဌန်းထုတ်ပြန်ပေးရန် ပန်ကြားအပ်ပါသည်။
၂။       ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတင်သွင်းသည့် မြန်မာအောင်ဘာလေထီလက်မှတ် အတွက် ထီဆိုင်ကြီးများက ထီပေါက်လျှင်ဆုကြေးငွေနှင့်ဆုကြီးများပေးမည်ဟုဆိုကာ ထီလက်မှတ် တစ်စောင်လျှင် သုံးရာကျပ် အထိ တိုးမြှင့်ရောင်းချနေခြင်းကို တရားဝင်ဈေးနှုန်းအတိုင်း ရောင်းချနိုင် ရေး တင်ပြမှုကို လွှတ်တော်မှမေးမြန်းချက်အတိုင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ လိုက်နာဆောင်ရွက်ခဲ့ သော်လည်း လက်တွေ့ ဘ၀ တွင် ဘဏ္ဍာရေးဝန်ကြီးဌာန မှ ချီးမြှင့်မည့် အောင်ဘာလေဆုကြီးများ အတွက် ဆုကြေးငွေများမှာ ထီဆိုင် ကြီးများမှ နံပါတ်စဉ်/အက္ခရာစဉ် အတိုင်းရောင်းချမှုနှင့်ကိုက်ညီနေ သည့်အတွက် ယင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တင်ပြမှု မှာ လွှတ်တော်၏ ဂုဏ်သရေကို ညှိုးမှိန် စေ ခဲ့ပါသည်။
၃။       ယင်းကဲ့သို့ပြည်သူလူထုအတွင်းလက်တွေ့ ဘ၀နှင့်ကိုက်ညီခြင်းမရှိသော အဆိုတစ်ခုမှာ ပြင်ပ အတိုး ပေးစား သူများကို ပြန်လည်အရေးယူနိုင်သည့် ဥပဒေဖြစ်ပါသည်။ ယင်းဥပဒေသည် မြန်မာပြည် သူများ၏ စာရိတ္တ မဏ္ဍိုင်ကို ယိမ်းယိုင်စေသဖြင့် ပြင်ပတွင်ချေးငွေ ပြန်မဆပ်မှုများအမြောက်အများ ပေါ်ပေါက် လျှက်ရှိပါသည်။ ယင်းသို့ချေးငွေပြန်မဆပ်မှုများကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခြင်းမရှိတော့ပဲ ပြင်ပတွင်လူမိုက်ငှားငွေတောင်းသည့်ဖြစ်စဉ်အများအပြားကို ဖြစ်ပေါ် စေ လျှက်ရှိပါသည် ။လက်ရှိမြန်မာ့ နိုင်ငံရေးလမ်းစဉ် မှာ ပြည်သူ အတွက် အဓိကဖြစ်သော ကြောင့် လွှတ်တော်ကိုယ်စားလှယ် ဆိုသူများ အနေဖြင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ဆောင် ရွက်ရာတွင် ပြည်သူလူထု၏ စာရိတ္တ မဏ္ဍိုင်ကိုယိမ်းယိုင်စေသော ဥပဒေများပြဌာန်းခြင်းကို ရှောင်ကြဉ် သင့်ပါသည်။ ယနေ့ ရန်ကုန်နေ ပြည်သူလူထုအနေဖြင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ပစ္စည်း အပေါင် မပါ အလွတ်တမ်းချေးငွေ ထုတ်ချေးမှုများတွင် လက်ရှိဆောင်ရွက်နေသော ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလမ်းစဉ် ကျရှုံးအောင် ချေးငွေ ပြန်ဆပ်စရာ မလို/ဥပဒေကြောင်းအရ အရေးယူခွင့်မရှိ ဟု လှုံ့ဆော်မှုများကြောင့် အတိုးမသွင်း-အရင်းမဆပ်မှုများ ကိုပြုလုပ်လျှက်ရှိနေပါသည်။ ယင်းသို့ ချေး ငွေပြန်မဆပ်သူများကို စံပြနမူနာအနေဖြင့် နည်းဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ဆောင်ရွက်ပြီး ရန်ကုန် ပြည်သူလူထု စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် ထိန်းကျောင်းတည့်မတ်နိုင်ရေး နည်းဥပဒေပြဌာန်းပေး ပါရန် ပန်ကြားတင်ပြအပ်ပါသည်။
          (သာဓကဖြစ်စဉ်များအနေဖြင့် တင်ပြရသော် တပ်မတော်အစိုးရလက်ထက်ကတည်းကဖွဲ့ စည်း ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး အသင်း(၂၀၁၀ -ဇွန်လ-၈ရက်နောက်ပိုင်းပါတီဖြစ်) က ရန်ကုန်နေပြည်သူ လူထုအတွက် ချေးငွေများကိုခေါင်းစဉ်အမျိုးမျိုးဖြင့် ထုတ်ချေးခဲ့ပါသည်။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် မြို့ နယ် ပုဂ္ဂလိက ငွေစု ငွေချေးအသင်းများ တည်ထောင်၍ ငွေချေးခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း သမ၀ါယမ ၀န်ကြီးဌာန မှ သမ၀ါယမ ထုတ်ချေးငွေများကိုထပ်မံထုတ်ချေးခဲ့သည်။ ယင်းကာလများအတွင်း ဘဏ်တိုးလျော့ချမှု ကြောင့် ဘဏ်တိုးစား သူများကလည်း ဘဏ်တိုးအစား အသေးစားချေးငွေအတိုးဖြစ်သော ၂.၅ ကျပ်အတိုးနှုန်းနှင့် ၃.၀ကျပ် အတိုးနှုန်းများဖြင့် ပြည်ခိုင်ဖြိုး ချေးငွေလုပ်ငန်းနှင့် အသေးစား ပုဂ္ဂလိက ချေးငွေ လုပ်ငန်းများ နည်းတူ ဆောင်ရွက်လာခဲ့ကြသည်။ ရန်ကုန်မြို့ နယ်အသီးသီးရှိ ဈေးအသီးသီး တွင် အတိုးကြီး (၁၀ကျပ်တိုး-၂၀ ကျပ်တိုး) စသည်နှုန်းများဖြင့် အတိုးကြီးချေးစားနေသူများအတွက် နယ်မြေကျဉ်းမြောင်းသွားစေခဲ့ပါသည်။ ယင်းကြောင့် အတိုးကြီးချေးစားနေသူများက ချေးငွေပြန်ဆပ်စ ရာမလို- စာချုပ်စာတမ်းရှိလျှင်လည်း အရေးယူခွင့် မရှိကြောင်း များဝါဒဖြန့် နေသည့်အတွက် ရန်ကုန်ပြည်သူလူထု၏ စာရိတ္တမဏ္ဍိုင်ကို ယိမ်းယိုင် စေလျက်ရှိပါသည်။)
၎။       ပြည်သူလူထု၏စာရိတ္တမဏ္ဍိုင်တည့်မတ်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရသတ်မှတ်သော ပြင်ပ ချေးငွေ(လုပ်ငန်းလိုင်စင်မဲ့) လုပ်ကိုင်သူများကို အစိုးရသတ်မှတ်သော အတိုးနှုန်းထက်ပိုသော ချေးငွေဖြင့် ချေးယူပါက ယင်းငွေအပေါ် ဒဏ်ငွေအဖြစ်လည်းကောင်း၊ လိုင်စင်မဲ့ ချေးငွေလုပ်ငန်း ဆောင်ရွက်မှုအပေါ် ဒဏ်ငွေအဖြစ်လည်းကောင်း ဥပဒေဖြင့် ပြဌန်းသတ်မှတ်ပေးနိုင်ပါရန်နှင့် ချေးငွေ ပြန်မဆပ်သူများ အတွက် တိကျသောပြစ်ဒဏ်သတ်မှတ်ပေးနိုင်ပါရန် တရားရုံးအနေဖြင့်လည်း ချေးငွေ ပြန်မဆပ်သည့်အမှုများကို ရုံးဖွင့်ရက် တစ်ပါတ်အတွင်း စစ်ဆေးစီရင် ပြစ်ဒဏ်ချမှတ်ပေးနိုင်ရေးတို့  အတွက် တိကျစွာ ဆောင်ရွက် ပေးရေးတို့ အတွက် ချေးငွေဆိုင်ရာ နည်းဥပဒေသစ်ထုတ်ပြန်ပြဌာန်းပေး ပါရန် တိုက်တွန်း ပန်ကြား အပ်ပါသည်။
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးစာ
၁။       ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း မြန်မာပြည်သူလူထုအတွက် အလုပ် အကိုင်သစ်များပေါ်ထွန်းရေး ဆောင်ရွက်မှုများနှင့် ပြည်ပနိုင်ငံများနှင့်ဆက်ဆံရာတွင် မြန်မာနိုင်ငံ အကျိုးအမြတ်ပေါ်ထွန်းရေးအတွက် ကိုယ်ကျိုးမငဲ့ - ပါတီကျိုးမဖက် ဆောင်ရွက်ချက်များအားလုံးကို ၀မ်းမြောက်ဝမ်းသာလှိုက်လှိုက်လှဲလှဲ ထောက်ခံပါကြောင်း ဦးစွာအသိပေးတင်ပြလိုပါသည်။
၂။       မြန်မာပြည်သူလူထု၏  အားတက်သရောပါဝင်လာသော အမေစု (ဒေါ်အောင်ဆန်းစုကြည်) အနေဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း ပြည်သူလူထု၏စာရိတ္တမဏ္ဍိုင် ကိုယိမ်းယိုင်စေသောစကားလုံးများဖြင့် မဲဆွယ်စည်းရုံးခဲ့သည်များရှိ ခဲ့ သဖြင့် ယင်းစကားလုံးများကို ပြန်ရုပ်သိမ်းပေးရန် တောင်းဆိုလိုပါသည်။
၃။       ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဟောပြောမှုများတွင် ငါးပါးသီလ နှင့်စပ်ဆက်ပြီး ဟောပြော မှုများ ရှိခဲ့သည့်အတွက်  ပြည်သူ လူထု ၏ စာရိတ္တမဏ္ဍိုင် တည့်မတ်ခိုင်မာလာစေရေး ကနဦး ဆောင် ရွက်ပြီး မြန်မာ့လူထု ဆင်းရဲ မွဲတေမှု ပပျောက်ရေးလုပ်ငန်းများဆောင်ရွက်ဖို့  တိုက်တွန်းပန်ကြားအပ် ပါသည် ။
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ထံသို့ ပေးစာ
၁။       ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံသားတစ်ဦးချင်းစီအတွက် ၂၀၀၈ခုနှစ်ဖွဲ့ စည်းပုံအခြေခံ ဥပဒေကပြဌာန်းသော မူလအခွင့်အရေးများဆောင်ရွက်ခွင့်ရှိကြောင်းကို လက်ရှိ ရာထူးနှင့်တာဝန်များ အထိခိုက်ခံပြီး ဆောင်ရွက်ခွင့်ပြသခဲ့ခြင်းများကို ရန်ကုန်ကြေးမုံ က ရန်ကုန်ပြည်သူထုနှင့်အတူ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ဦးစွာတင်ပြလိုပါသည်။
၂။       ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ သမ၀ါယမလုပ်ငန်းများဖြင့် ပြည်သူလူထုအခက်အခဲများဖြေရှင်းနိုင်ရန်နှင့်မြန်မာ့ဆင်းရဲမွဲတေမှုပပျောက်ရေးလုပ်ငန်းများကိုထိ ရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက်  ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်ထံ သွားရောက် နည်းနာခံယူ အကြံဥာဏ်တောင်းခံခဲ့သည်များကို ကြားသိရ သည့်အတွက် စစ်မာန ကင်းသော ပြည်သူ့ အကျိုးလိုလား သူများအဖြစ် ပြောင်းလဲလာကြောင်းရှုမြင် ကြည်နူးမိပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပေးစာ
၁။       အမျိုးသားအကျိုးစီးပွားဖြစ်သော ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် စောင့်ကြည့်အကဲခတ်အဖွဲ့  အစည်းများကို လက်ရုံးတပ်ဖွဲ့ များဖြင့်  ဖွဲ့ စည်းတာဝန်ပေးနိုင်ရန် ပန်ကြားလိုပါသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)ထံသို့ ပေးစာ
၁။       မြန်မာ့ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်း နှင့် အပေါင်းအပါ များ သေဆုံး၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏ နိုင်ငံဥသျှောင်ကွန်ယက် အပြီးသတ်သွားချိန်မှစ၍ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားဆောင်ရွက်ပေးခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် မြန်မာ့ဒီမိုကရေစီလမ်းစဉ် ပေါ်ထွန်းလာအောင် ဆောင်ရွက်ခဲ့ ပုံ  အဆင့်ဆင့်ကို မြန်မာပြည်သူ သို့  မီဒီယာမှတစ်ဆင့် ချပြ ဖေါ်ထုတ်ပေး ပါရန် လေးစားနူးညွှတ်စွာ တောင်းပန် ပန်ကြားအပ်ပါသည် ။
၂။       မြန်မာနိုင်ငံတွင် ဒီမိုကရေစီအလိုချင်ခဲ့ဆုံးနှင့် အာဏာရှင် အရွံ့ မုန်းဆုံး သူအဖြစ် ငုတ်လျှိုးဗီဇအဖြစ် ရပ်တည်လာခဲ့ရမှုများကို မြန်မာပြည်သူလူထု သို့ မီဒီယာမှတစ်ဆင့် ဖေါ်ပြပေးရန် ပန်ကြား အပ်ပါသည်။
ရန်ကုန်ကြေးမုံ
No comments:
Post a Comment