Popular Posts
Wednesday, December 12, 2012
လယ် တီ ဆ ရာ တော် ဘု ရား ကြီး ၏ သာ သ နာ့  နယ် မြေ အ တွက် နိုင် ငံ တော် သ မ္မ တ က အာ မ ခံ လိုက် ပြီ
လက်ပံတောင်း တောင်ဆိုင်ရာ အရေးကိစ္စများအတွက် တာဝန် အပြည့်ဖြစ်သွားသည့် အမေစု
ဘုန်းကြီးအလုပ် ဘုန်းကြီး၊ လူ အလုပ် လူ လုပ် ၊ လူ အလုပ် ဘုန်းကြီး လုပ် က သေလျှင် အပါယ်လားတတ်သည် ။
လူအလုပ် လူလုပ်၊ တိရစ္ဆာန် အလုပ် တိရစ္ဆာန်လုပ်၊ တိရစ္ဆာန် အလုပ် လူလုပ် က သေလျှင် အပါယ်လားတတ်သည်။
လက်ပံတောင်းတောင် အရေးတွင် လယ်တီဆရာတော်ကြီး၏ သာသနာ့ နယ်မြေမပျောက်ပျက်အောင်ထိန်းသိမ်းခြင်းသည် ဘုန်းကြီးသံဃာများနှင့် သက်ဆိုင်သလို
ဗုဒ္ဓဘာသာဝင် များ လူပုဂ္ဂိုလ်များနှင့်လည်း သက်ဆိုင်ပါသည်။ သာသနာ့ တာဝန်ကိုထမ်းဆောင်ခြင်းဖြစ်သည်။
သံဃာတော်များကို မီးလောင်တိုက်သွင်း နှိမ်နင်းခြင်းသည် လောက ငရဲ ၏ အလုပ်ဖြစ်ပါသည်။
ငရဲသားတို့ အလုပ်ကို လူလုပ်စရာမလို သလို နိုင်ငံရေးဆိုင်ရာတောင်းဆိုချက်များကို လည်း သံဃာများတောင်းဆိုစရာမလိုပါ။
လက်ပံတောင်းတောင်အရေးအတွက် သာသနာ့ဒါယိကာမ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်စုံစမ်းနေပါသည်။
လက်ပံတောင်းတောင်စုံစမ်းရေးကော်မတီ၏လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေသော
လူစုလူဝေးဖြင့် သာသနာ နှင့် သံဃာ ကို ဗန်းပြသည့် နိုင်ငံရေးအမြတ်ထုတ်မှုများကို
ဆန့် ကျင် ကြ ပါ စို့  လို့ 
ရန်ကုန်ကြေးမုံ
မှ
တိုက်တွန်းလိုက်သည် ။
No comments:
Post a Comment