Popular Posts
Thursday, August 6, 2015
နိုင်ငံတကာလှူ ဒါန်းမှုများကို ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းအမည်ခံ၍ ဒေါ်အောင်ဆန်းစုကြည် မှ သိမ်းပိုက်ထား ဟု ဆို
ကုလသမဂ္ဂ နှင့် ပြည် ပ နိုင် ငံ အသီးသီးမှ လှူ ဒါန်းမှု များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ထားသည့်  ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းမှ တစ်ဆင့် ရေဘေး ဒုက္ခသည်များ ထံသို့ ပေးပို့ သွားမည်ဖြစ်
ကြောင်း သတင်းရရှိသည်။
ကုလသမဂ္ဂ နှင့် ပြည် ပ နိုင် ငံများ က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင်
Land Slide အနိုင်ရစေရေးအတွက် ကူညီပံ့ပိုးရန် စီစဉ်ထားရာ မြန်မာပြည်ရေဘေးသင့်ချိန် နှင့် အံကိုက်
ဖြစ်ခဲ့သည့်အတွက်  ရေဘေးသင့်ပြည်သူများအတွက် လှူ ဒါန်းမှုများကို ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းမှတစ်
ဆင့် စီးဆင်းကာ မြန်မာပြည်သူများလက်ဝယ်ရောက်ရှိစေမည်ဖြစ်ကြောင်း ကုလရုံး ပြန်ကြားရေး ဌာန
နှင့် နီးစပ်သူများမှ ပြောဆိုလျက်ရှိသည်။ 
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဧရာဝတီတိုင်းကို အသက်ကယ်လှေအစီးရေ (၁၀၀)  ကို ပေးပို့  လှူ ဒါန်း ၇န် စီစဉ် ပြီး ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ နှင့် ပြည် ပ နိုင် ငံ အသီးသီးမှလှူ ဒါန်းမှုများ နောက်ကျ နေခြင်းကြောင့် ယခုကဲ့သို့  ဒေါ်အောင်
ဆန်းစုကြည် နှင့် ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းထံသို့ စွပ်စွဲ ပြောဆို ဝေဖန်မှုများတိုးတက်ဖြစ်ပေါ်လျှက်ရှိ
နေကြောင်း သတင်းရရှိသည်။
ယင်းသို့ သော ဝေဖန်မှုများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်မှ ရေဘေးသင့်ပြည်သူများအတွက် ပန်ကြား
ချက်နှင့်အတူ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းမှ အလှူ ခံမှုများကို လည်း ပြုလုပ်ထားလျှက် ရှိကြောင်း သိရသည်။
*****ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှအလှူငွေလက်ခံလျှက်ရှိသော ဘဏ်စာရင်းများ*****
ယခုရက်ပိုင်းအတွင်း အရှိန်အဟုန်မြင့်မားလာခဲ့သော မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံတစ်လွားတွင် ရေဖုံးလွှမ်းမှုများဖြစ်ပွားလျှက်ရှိပါသည်။ ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ နေရာတိုင်းတွင် ရေဘေးသင့်ပြည်သူများမှာ ကိုယ်ရောစိတ်ပါ ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ လိုအပ်ချက်ပေါင်းများစွာအနက်မှ အခြေခံလိုအပ်ချက်ဖြစ်သော ဆန် နှင့် သောက်သုံးရေသန့်ရောက်ရှိ နိုင်ရေးမှာ အထူးအလေးထား ဆောင်ရွက်ရမည့်အရေးကိစ္စဖြစ်ပြီး နောက်ဆက်တွဲ ဘေးရောဂါ ဆိုးကျိုးများ ဖြစ်ပွါးမည့် အရေးကိုပါ စိတ်ထဲထည့်ကာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အနေဖြင့် ယခုကဲ့သို့ လွန်စွာအရေးကြီးသော အချိန်ကာလတွင် အခြားအခြားသော စီမံချက်ကိစ္စများကို ဆိုင်းငံ့ပြီး နိုင်ငံအ၀ှမ်း ရှိ လူငယ်လူရွယ်များ၏ အကူအညီ စွမ်းဆောင်ချက်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိက
ထားကာ အရှိန်အဟုန်ဖြင့် အချိန်နှင့်တပြေးညီ ဆောင်ရွက်လျှက်ရှိပါသည်။ ပြည်တွင်းပြည်ပရှိ အလှူရှင်များအနေဖြင့် အောက်ဖော်ပြပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ၏ ဘဏ်စာရင်းများသို့ အလှူငွေများ ပါဝင် လှူဒါန်းခြင်းဖြင့် အမှန်တကယ် လိုအပ်နေသော ရေဘေးသင့်ပြည်သူများကို ကူညီနိုင်ပါသည်။
Nearly the whole country of Burma is now under water, due to recent acceleration in the strength of devastating heavy monsoon rain within a short period of time. Due to unexpected nature of this distressing disaster, there were very few preparations done on various aspects and the communities are in grave danger physically and mentally. Out of all needs, the availability of food and drinking water is the utmost priority with long term side effects of health in mind. Daw Khin Kyi Foundation has withhold every other projects to focus only on relief campaigns to disaster hit regions with the help and power of youths all around the country and has already initiated timely relief efforts in these regions. Potential donors from within and without can now contribute by transferring fund to below stated Daw Khin Kyi Foundation’s bank accounts to join hand with us in helping those in need.
Daw Khin Kyi Foundation's Foreign Currency Bank Account
Bank Name - Oversea Chinese Banking Corporation Limited (OCBC)
Bank Address - 63 Chulia Street, OCBC Centre East, Singapore
Swift Code - OCBCSGSG
Account Name - ASIA GREEN DEVELOPMENT BANK LIMITED (AGD Bank)
Account No.(USD) - 503-132-110-301
Beneficiary’s Bank details in AGD Bank (USD) (Sule Branch)
Bank Name - ASIA GREEN DEVELOPMENT BANK LIMITED (AGD Bank)
Bank Address - Sule Pagoda Road, Yangon
Account Name - Daw Khin Kyi Foundation
Account No. (USD) - 203216000000022
Daw Khin Kyi Foundation's Saving Account
Bank Name - CO-OPERATIVE BANK LIMITED (CB Bank)
Bank Address - Sayarsan Road, Yangon
Account Name - Daw Khin Kyi Foundation
Account No. (Kyat) - 0016600300000345
Aung San Suu Kyi uploaded a new video.
ရေဘေး အန္တရာယ်သင့် ပြည်သူများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်
အနယ်နယ် အရပ်ရပ် အမြို့မြို့မှာ ပြည်သူလူထုက ဝိုင်းဝန်းပြီး တတ်နိုင်တဲ့ဘက်ကနေ လှုဒါန်းတာ၊ အလှုငွေရှာပေးတာတွေ လုပ်နေတယ် ဆိုတာဟာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ အားတက်စရာဖြစ်ပါတယ်။ ရေရှည်မှာ ပြန်လည်ထူထောင်ရေးအတွက် အင်မတန်မှ အရေးကြီးတဲ့ စီမံကိန်းတွေ ချဖို့လိုပါတယ်။
No comments:
Post a Comment