မကွေးတိုင်းဒေသကြီး
ဆိပ်ဖြူ မြို့ နယ်တွင် NLD အကွဲအပြဲ ဖြစ်နေကြောင်း
ဆိပ်ဖြူ မှ ကံကောင်း က ရန်ကုန်ကြေးမုံသို့ သတင်းပေးပို့ သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း ရွေး ချယ် ထားခြင်းမရှိ ဟု ဆိုသော်လည်း ပါတီတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများကြောင့် ပါတီတွင်း
မညီညွတ်မှုများဖြစ်ပေါ်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရုပ်ရှင် ဒါရိုက်တာ ကြည်ဖြူ သျှင် ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်းမှ ဒုတိယခေါင်းဆောင် ဦးကိုကိုကြီး၊ မင်္ဂလာတောင်ညွန့်  မြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာဘိုင်အို ၊ ဒဂုံမြို့ သစ်တောင်ပိုင်း မြို့  နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ဖြူဖြူသင်းတို့ ကို ကိုယ်စားလှယ်လောင်းများ အဖြစ် လျာထားပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် သေချာသော မဟာဗျူ ဟာ ရေးဆွဲ ပြီးမြောက်ခြင်း မရှိသေးသည့် အတွက် မီဒီယာ သို့  လှည့်ဖျား ပြောဆိုနေရခြင်းဖြစ်ကြောင်း ဗဟိုကော်မတီဝင်တစ်ဦး မှ ရန်ကုန်ကြေးမုံသို့ ပြောကြားသည်။
No comments:
Post a Comment