ပုဇွန်တောင်မြို့ နယ် ၊အမှတ် (၇)ရပ်ကွက်၊ ရေကျော်လမ်းမကြီး၊ အမှတ် ၇၇ ရှိ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး က အသင်းရုံးစိုက်ရာ ပုဇွန်တောင်မြို့  နယ် ၊ အမှတ် ၇ ရပ်ကွက်အတွင်း အစိုးရနှင် စနစ် များ ပြောင်းလဲ နေသော်လည်း ရပ်ကွက်ကို တရုတ် လူမျိုးများ ကြီးစိုးသည့် စနစ်ကို မပြောင်းလဲ နိုင်သေးကြောင်း၊ ယခင် က ရပ်ကွက် ဥက္ကဌ ( အုပ်ချုပ်ရေးမှူး) ဦးဆန်းဝင်း သည် တရုတ်လူမျိုးဖြစ် သလို လက်ရှိ အုပ်ချုပ်ရေးမှူး ကိုမောင်မောင် မှာ လည်း တရုတ်လူမျိုးဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူး နှစ်ဦးစလုံးမှာ မွေးဖွားစဉ်က မိဘ နှစ်ပါး အနက် တစ်ဦးမှာ နိုင်ငံသားအဖြစ် မရှိသေးကြောင်း၊ ယင်း သို့  နှစ်ဦးစလုံးမှာ မွေးဖွားစဉ် နိုင်ငံသားမိဘနှစ်ဦး မဟုတ်သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး အင်္ဂါရပ်နှင့် ချို့ ယွင်း သော်လည်း ကြံ့ဖွံ့ ပါတီက ယင်းသို့ သော တရုတ်များ ကို တင်မြှောက်ခဲ့ကြောင်း၊ အသင်း ၇ုံးကိုလည်း ကြံ့ဖွံ့ များ၏ လူငယ်စည်းရုံးရေး စင်မြင့်အဖြစ်သတ်မှတ်ကာ ဂီတဖျော်ဖြေပွဲများ ပြု လုပ် စေခဲ့ကြောင်း၊ ကြံ့ဖွံ့ က အသစ် တင်မြှောက်လိုက်သော အုပ်ချုပ်ရေးမှူးအသစ် မောင်မောင်မှာ ဆိပ်ကြီးခနောင်တို မြို့ နယ် ကြံ့ခိုင်ရေး ပါတီမှ မြို့ နယ် ပါတီ ကော်မတီဝင် သန်းအေး ဆိုသူနှင့် ဆွေ မျိုး တော်စပ်ကြောင်း ၊ သန်းအေး နှင့် မောင်မောင် တို့ မှာ ဆေးမှု ဖြင့် ပြစ်ဒဏ်ကျခံခဲ့ ဖူးကြောင်း၊ ဆေးမှုဖြင့် ပြစ်ဒဏ်ကျခံသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်ခွင့်ရှိသည် မှာ ကြံ့ဖွ့ံ ကြောင့်လား ၊ မြို့  နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကြောင့်လား မသိရကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ် ပွဲများ ကို ရန်ကုန်မြို့ အနှံ့ ဆောင်ရွက်ပြီးသော်လည်း ပုဇွန်တောင်မြို့ နယ် အမှတ် ၇ ရပ်ကွက် တွင် ဆောင်ရွက်ခြင်း မရှိသေးကြောင်း၊ ထောင်ထွက် ကို မောင်မောင် အနေဖြင့် အုပ်ချုပ်ရေး မှူး တစ်ယောက်ပြည့်စုံရမည့် အရည်အချင်း အင်္ဂါ ရပ်များ နှင့် မပြည့်စုံသော်လည်း မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ ၏ အကူအညီဖြင့် မူဘောင်နှင့် ညီညွတ်ခြင်း မရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ကျင်းပရန် စီစဉ်လျှက်ရှိနေကြောင်း၊ အမှတ် (၇)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်လိုအပ်နေကြောင်း ၀ိုင်အမ်ဘီအေ အသင်းမှ ၀ါရင့်အသင်းဝင် ထောင်ထွက်တစ်ဦးက ရန်ကုန်ကြေးမုံ သို့ ပြောကြားသည် ။
No comments:
Post a Comment