Popular Posts
Thursday, February 28, 2019
🤑 You have some Twoo Credits that will expire in 1 week!
50 of your Credits are set to expire in 1 week.
Use your Credits
Check out some of the ways you can spend your precious Credits:
Put yourself in the Spotlight
Be First in Search
Boost your profile
Get seen 100 times in Explore
Triple your popularity
Friday, January 18, 2019
Boost your popularity with the Spotlight
Credits Boost your popularity with the Spotlight!
Want to be seen at the top of Twoo by loads of great people?
Put me in the Spotlight
Putting yourself in the Spotlight costs 100 Credits. See all the other ways you can use your Credits to increase your popularity.
Twoo
You received this notification because you are registered as Gatot Rahardjo (yangonmirror.topost@blogger.com) on Twoo - Unsubscribe. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. Questions? Contact credits@twoo.com or info-en@twoo.com.
Monday, December 31, 2018
❤️ Happy Birthday Gatot Rahardjo! Claim your free gift.
Twoo Gatot Rahardjo
Happy Birthday Gatot Rahardjo!
For your birthday, we're giving you a FREE Premium account for 1 week.
Start FREE week
You received this notification because you are registered as Gatot Rahardjo (yangonmirror.topost@blogger.com) on Twoo - Unsubscribe. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-en@twoo.com
Friday, December 28, 2018
Want to be First in Search?
CreditsWant to be First in Search?
Appear First in Search for the 556393 people looking for someone like you!
Put me First in Search!
Putting yourself First in Search costs 100 Credits. See all the other ways you can use your Credits to increase your popularity.
Twoo
You received this notification because you are registered as Gatot Rahardjo (yangonmirror.topost@blogger.com) on Twoo - Unsubscribe. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. Questions? Contact credits@twoo.com or info-en@twoo.com.
Wednesday, October 24, 2018
ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်သို့  ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုး ကွင်းဆင်းကြည့်ရှု
၂၀၁၈ အောက်တိုဘာ ၂၁ ရက် မှ ၂၅ ရက်နေ့ အထိ (၅) ရက် (၅) ည တိုင်တိုင် ကျင်းပမည့် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့  နယ် ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်သို့  ရန်ကုန် တိုင်းဒေသ ကြီး အစိုးရ အဖွဲ့ ဝင် ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးနှင့် ရန်ကုန် မြို့ တော် စည်ပင်သာ ယာရေး ကော်မတီ ၀င်များ လိုက်ပါလျှက် လာရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း၊ ဈေးရောင်း ဈေးသည်များနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် ညီညွတ်သော အစား အသောက်များ ရောင်းချရေး ပြောကြားခဲ့ကြောင်း ရေကျော် သတင်း ထောက် မောင်ညီဦး မှ သတင်းပေးပို့ သည်။
ရေကျော်သီတင်းကျွတ် ပွဲတော်သို့  ရန်ကုန်မြို့ တော်ဝန်အဆင့် ကွင်းဆင်းရောက်ရှိခြင်း မှာ တပ်မတော် အစိုးရလက်ထက်အစဉ် အဆက် မရှိခဲ့ပဲ NLD အစိုးရလက်ထက်တွင်မှ ပထမဆုံး ရောက် ရှိလာသည့် ထူးခြားသော အတွေ့ အကြုံဖြစ်ကြောင်း ရေကျော် ဘိန်းမုန့် အရောင်း ဆိုင်မှ ပြောကြားသည်။
Monday, October 22, 2018
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအပေါ် စွပ်စွဲချက်များကို န၀တ လက်ထက်ဝန်ကြီး ဦးအောင်မင်း လုပ်ဆောင်ခဲ့ဟု ကြံ့ခိုင်ရေးမှ ချေပ
မြန်မာ့ မီးရထား တွင် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန်းဌေးအား လူမှုကွန်ရက် စာမျက် နှာများတွင် မီးရထားလမ်းများ ခရီးစဉ်မရှိပဲ မီးရထားလမ်းဖေါက်ခြင်းနှင့် ဘူတာရုံ တည်ဆောက်ခဲ့ခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ခဲ့သည် ဟူသော စွပ်စွဲချက် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီး နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ အွန်လိုင်းမီဒီယာ လူမှုကွန်ရက်အဖွဲ့ သားများက ယင်း မီးရထားခရီးစဉ် ပြေးဆွဲခြင်းမရှိသည့် မီးရထားသံလမ်းများနှင့်ဘူတာရုံများမှာ ဦးသန်းဌေး ဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်းနှင့်ယင်းလုပ်ငန်းများမှာ တပ်မတော်အစိုးရလက်ထက် ၀န်ကြီး ဦးအောင်မင်း လုပ်ဆောင်ခဲ့ သည့်လုပ်ငန်းများဖြစ်သည်ဟု တုန့် ပြန် ချေပ ပြောဆိုခဲ့မှုသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်း တပ်မတော်အစိုးရလက်ထက် ၀န်ကြီး ဦးအောင်မင်း ၏ သြဇာ အာဏာကျဆင်းလာမှုဖြစ်ကြောင်း ကြံ့ခိုင်ရေး အသင်းဝင်ဟောင်းများက ပြောကြားသည်။
တပ်မတော်အစိုးရဦးဆောင်သည့် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းကို ချောမွေ့ စွာလုပ် ကိုင် ဆောင်ရွက်နိုင်ရေးအတွက် မီးရထား ၀န်ကြီး ဦးဆောင်သည့် အဖွဲ့ သည့် ပြည်သူ့ ဆက်ဆံရေးသင်တန်း၊ သတင်းစာပညာသင်တန်း ဟူသော သင်တန်းများကို နိုင်ငံတော် စရိတ်ဖြင့် အကုန်အကျခံကာ မြန်မာနိုင်ငံ အနှ့ံမှ ကြံ့ခိုင်ရေး ကို ခေါ်ယူလေ့ကျင့် သင်တန်းပေးခြင်း၊ သင်တန်းကာလနှင့် ကိုယ်ရေးနောက်ကြောင်း လေ့လာချက်များကို အခြေခံကာ ရွေးချယ်တာဝန်ပေးခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း ယနေ့  ပါတီ ကို  ပြန်လည် ဖွဲ့ စည်းပြီးချိန်တွင် ပါတီ ဥက္ကဋ္ဌ အဖြစ် ဦးသန်းဌေး နှင့် အခြား ပါတီ ဗဟိုအလုပ်အမှုဆောင် များ တာဝန် ယူပြီးချိန်တွင်  ဦးအောင်မင်းလက်ထက်လေ့ကျင့် တာဝန်ပေးထားသည့် ပြည်သူ့ ဆက်ဆံ ရေး သင်တန်းဆင်းများကို သစ္စာဖေါက်များ ဟု သတ်မှတ် ပြဌာန်းလိုက်ကြောင်း မကွေးတိုင်း ဒေသကြီး ကြံ့ခိုင်ရေး တာဝန်ရှိသူများ အသိုင်းအ၀န်းက ပြောကြားသည်။
Tuesday, April 17, 2018
မြန်မာ သက္ကရာဇ် ၁၃၈၀ မှာ ပါတီ နှစ်ပိုင်းခွဲတာ ပြည်ခိုင်ဖြိုး အရွေ့ သစ်လား ???
တပ်မတော်ကို နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ရပ်တည်ရေးအတွက် တပ်မတော်အစိုးရသည် ၁၉၉၃ ခုနှစ် မတိုင်မီ နှစ်များမှ စတင်၍  စနစ်တကျ ပြင်ဆင်လာခဲ့သည်။ ယင်း သို့  ပြင်ဆင်ရာတွင် တပ်မတော် ကို ထောက်ခံ သော ပြည်သူ့ အင်အားတစ်ရပ် ကို စနစ်တကျ တည်ထောင်လာခဲ့သည်။ ယင်းသို့  ပြည်သူ့  အင်အားတစ်ရပ် ကို  စနစ် တကျ တည်ထောင်ခြင်းသည် တပ်မတော်၏ အကျိုးစီးပွားအတွက်သာ ဖြစ်ခဲ့သည် ။  
တပ်မတော်မှတည်ထောင်သော ပြည်သူ့ အင်အားသည် တပ်မတော်ကိုထောက်ခံသော ပြည်သူ့ အင်အားစု တစ် ရပ် သာ ဖြစ်စေရေးအတွက် စနစ်တကျ တည်ဆောက်ရာတွင် တပ်မတော်မှ အပြည့်အ၀ စိတ်ချ ယုံကြည်ရမည့် သူများ ကို  မြို့ နယ် အလိုက် စုဖွဲ့ တာဝန်ပေးအပ်ခြင်း၊ ခရိုင် နှင့် တိုင်း / ပြည်နယ် အလိုက် တာဝန်ပေးအပ်ခြင်းတို့ ဖြင့် အမျိုးသား နိုင်ငံရေးအသင်းအမည်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့  ဖြိုးရေးအသင်းကြီး ကို ဖွဲ့ စည်းတည်ထောင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် ပြည်သူ့ အင်အား ကို အတိုင်းအတာ အကန့် အသတ် ဖြင့် အသုံးချရန်သာ ရှေးဦး စီမံချက် ရှိခဲ့ သည် မှာ ဦးသန်းရွှေ မှ အဆင့်ဆင့်ဖြင့် ဦးသန်းဌေး ထံသို့ လက်လွှဲမှု အရ ပြည်သူ့  အင်အားကို အကန့် အသတ် ဖြင့်သာ အသုံးပြုမည်မှန်း  သိသာထင်ရှား ပေါ်ပေါက်စေခဲ့သည်။ ဦးသန်းဌေးအနေဖြင့် ဗိုလ်မှူးချုပ် ဘ၀တွင် ဗိုလ်ချုပ် နေ၀င်း ၏ မြေးများ အာဏာသိမ်းရန် ကြံစည်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံသို့ သတင်းပေးပို့ ခဲ့သည့်အတွက် မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီ တည်ထောင်သူ ဗိုလ်ချုပ် နေ၀င်း ၏ မိသားစုဝင်များ ၊ မြေး များ နှင့် ညှိနှိုင်းပေါင်းစပ်ရန် ဖြစ်နိုင်ခဲ့သူမဟုတ်ခြင်း၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ  မှ ဗိုလ်ချုပ်နေ၀င်း ၏ သြဇာခံ အသိုင်းအ၀န်း ၏ အမျက် သို ခြင်း ခံနေရသူကို ပြည်ခိုင်ဖြိုး ပါတီအား ဦးဆောင်စေခဲ့ခြင်းကြောင့် ပြည်ခိုင်ဖြိုး ပါတီသည် မိတ်ဖက် မဟာမိတ် နိုင်ငံရေး မိတ်ဆွေ စစ် မရှိ ရှားပါးခဲ့ရပြီး အင်အားချည့်နဲ့ နေသာ အလိမ်အညာ (၁၂) ပါတီ ကို သာ ထောက်ပံ့မှုများ၊ ကြေညာချက် ထုတ်မှုများ ဖြင့်သာ အချိန်ကုန်ခဲ့ရသည်။ 
တပ်မတော်အနေဖြင့် ပြည်ခိုင်ဖြိုး ပါတီ၏ တစ်ဖက်သတ် အားကိုးယုံကြည်ခံရမှုကို အပြည့်အ၀ ရရှိစေခဲ့သော်လည်း ပြည်ခိုင်ဖြိုးအနေဖြင့် ဒီမိုကရေစီ နိုင်ငံရေးတွင် ပြိုင်ဖက် နိုင်ငံရေး ပါတီများသာ ၀န်းရံ လျှက် အထီးကျန် ဖြစ်အောင် ပါတီကို ပြင်ဆင်ဖွဲ့  စည်းပေးခဲ့သည်။ 
ပါတီ၏ အထီးကျန် ဆန်မှုသည် ပြည်သူ နှင့် တိုက်ရိုက် ထိတွေ့ နေရသည့် ရပ် / ကျေး ပါတီ ကော်မတီများအတွက် အခက်အခဲ တွေ့  ခြင်း ကို ဖြစ်ပေါ်စေခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီ ရှုံးနိမ့်ပြီးနောက် ပြည်ခိုင်ဖြိုးအပေါ် ပြည်ခိုင်ဖြိုး ၀င်များက စိတ်ပျက်လက်ပျက် ဖြစ်စေသော အကြောင်းအရာများ အလိုအလျောက် ပေါ်ပေါက်လာစေမည့် ပါတီခေါင်းဆောင် သစ် ကို ရွေးချယ်ပေးခဲ့သည် ။ ယင်းသို့ ရွေးချယ်ခြင်းမတိုင်မီ ဦးသိန်းစိန် ဦးဆောင်သည့် ဥက္ကဋ္ဌ အဖွဲ့ သည် ပါတီသို့  အသစ် ထပ်မံ ရောက်ရှိလာသည့် ဦးမြတ်ဟိန်း နှင့် ဦးသက်နိုင်ဝင်း တို့ ကို မျိုးဆက်သစ် ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ခြင်း မရှိပဲ တပ်မတော်တွင် တပ်မမှူး ၊ ဒုတိုင်းမှူး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်ဟောင်း သန်းဌေး ကို ဥက္ကဋ္ဌ တင်မြှောက်ကာ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တပ်မတော်တွင် ထိပ်ဆုံး တတိယနေရာတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးဟောင်းမြတ်ဟိန်း ကို ကပ်လျှက် တာဝန်ပေးခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန် ထိ ထမ်းဆောင်ခဲ့ဖူးသူ ဦးသက်နိုင်ဝင်း ကို ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ပေးအပ်ခဲ့သည်။ ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သူမှာ တပ်မတော်၏ ထိပ်တန်းအဆင့် တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည့် အတွက် ပထမ ဥက္ကဋ္ဌ နေရာ သည် အမြဲတမ်း အပြောင်းအလဲ ဖြစ်နိုင်သည့် အနေအထား ဖြင့် တည်ရှိကြောင်း တပ်မတော် မှ ပြသ ခဲ့သည် ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့် နီးစပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှ အမျိုးသား လွှတ်တော် နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ က ပြည်ခိုင်ဖြိုး နှင့် တပ်မတော် ခေါင်းဆောင် များသည် ပြည်သူ့ အာဏာ နှင့် ကင်းကွာ သွားပြီ ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဧပြီလ သင်္ကြန် ကာလအတွင်း ကြွေးကြော် ခဲ့ကြသည် ။
ပါတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သည့် အစုအဖွဲ့ တွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝင်များ ပါဝင်ခဲ့ကြောင်း သိ ရသည်။  ပြည်ခိုင်ဖြိုး ဟောင်းများက ပြည်ခိုင်ဖြိုး အသင်း နှင့် ပြည်ခိုင်ဖြိုး ပါတီ ဟူ၍ (၂) ပိုင်းခွဲ ဆောင်ရွက်နိုင် ကြောင်း၊ ပြည်ခိုင်ဖြိုး အသင်းတွင် အသင်းဝင် (၂၆) သန်း ခန့် ရှိကြောင်း ပြည်ခိုင်ဖြိုး အသင်း အဆင့်ဆင့်က တင်ပြ သည့် အင်အားကို တိုင်း / ပြည်နယ် အသီးသီးတွင် အသင်းဝင်များ၏ ကိုယ်ရေးအချက်အလက် များအား ကွန်ပျူတာတွင် စာရင်းသွင်း မှတ်တမ်းတင် အတည်ပြု ပြီး နောက်  ပြည်ခိုင်ဖြိုး ပါတီ နာယက ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေ က ကြေညာခဲ့သည်။
Wednesday, January 24, 2018
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး မြို့ နယ်တွင် လူသတ်မှု ဖြစ်ပွား
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံမြို့ နယ်ဖြစ် သည့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့  နယ် တွင် လူသတ်မှု ဖြစ်ပွားကြောင်း facebook page  သတင်းများ မှ သိရသည်။
ကော့မှူးမြို့နယ် ညောင်ပင်သာကျေးရွာအာစု ခရာစုကျေးရွာ လယ်ကွင်း ထဲတွင် အသတ်ခံထားရသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ၏ရုပ်အလောင်းအား ဆိုင်ကယ်တစ်စီးနှင့်အတူတွေ့ရှိကြောင်း ဒေသခံ များ မှ ပြောကြားသည်။
၂၀၁၈ဇန်၂၅ နံနက် ၁၀၁၅ သတင်းပေးပို့ ချက်အရ ရေးသားဖေါ်ပြသည်ဟု ရန်ကုန်စောင့်ကြည်Admin Team များ က ရေးသား ဖေါ်ပြထားကြသည်။