၂၀၁၈ အောက်တိုဘာ ၂၁ ရက် မှ ၂၅ ရက်နေ့ အထိ (၅) ရက် (၅) ည တိုင်တိုင်
ကျင်းပမည့် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့  နယ်
ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်သို့  ရန်ကုန် တိုင်းဒေသ ကြီး အစိုးရ အဖွဲ့ ဝင် ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးနှင့် ရန်ကုန် မြို့ တော် စည်ပင်သာ ယာရေး ကော်မတီ ၀င်များ လိုက်ပါလျှက် လာရောက် ကြည့်ရှု
စစ်ဆေး ခဲ့ကြောင်း၊ ဈေးရောင်း ဈေးသည်များနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် ညီညွတ်သော အစား အသောက်များ ရောင်းချရေး ပြောကြားခဲ့ကြောင်း ရေကျော် သတင်း ထောက် မောင်ညီဦး မှ သတင်းပေးပို့ သည်။
Popular Posts
-
မြန်မာနိုင်ငံသည် အရှေ့ တောင် အာရှ နိုင်ငံများ အတွင်း သယံ ဇာတ ပေါကြွယ် ၀ သည့် နိုင်ငံ ဖြစ် သည် နှင့် အညီ မြန်မာနိုင်ငံ ကို အုပ်ချုပ်မင...
-
ရန်ကုန်မြို့ သည် မြန်မာနိုင်ငံ၏ မြို့ တော်ဖြစ်ခဲ့သည် နှင့်အညီ လူဦးရေအထူထပ်အများပြားဆုံးမြို့  ဖြစ်ခဲ့သည် ။ ယင်းကြောင့် ရန်ကုန...
-
၁၉၈၈ ခုနှစ် တွင် ဖြစ်ပေါ်ခဲ့သည့် အရေးအခင်းကို အကြောင်းပြုကာ တပ်မတော်က အာဏာသိမ်းခဲ့ပြီး ယင်း အာ ဏာသိမ်း အစိုးရ ၏ နောက်ခံ အင်အားအဖြစ် ဖ...
-
သာသနာရေးဆိုင်ရာ ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို တပ်မတော်အစိုးရ လက်ထက် ဒီပဲယင်း အရေး အခင်းကြီး ဖြစ်စဉ် ကို ဖွင့်ဟ ပြောဆို ပြီးနောက် တပ်မေ...
-
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ မှ အနိုင်ရ ပြီး အစိုးရ ဖွဲ့ စည်းခဲ့သည် ။ သမ္မတ ...
-
၂၀၁၃ခုနှစ် နိုဝင်ဘာလဆန်းအတွင်း က ရန်ကုန်မြို့  သာကေတမြို့ နယ် အနီးရှိ ကောင်းကင်တွင် မီးခိုးလ...
-
ဒီ လို မျိုး ဓတ် ပုံ မှ နိုင်ငံတကာ စံချိန် စံညွှန်း မီမည် ဟုဆိုသည် ။
-
ရန်ကုန်သူလှပျိုဖြူများအကြားရေပန်းစား ပဏာရနေသည့် စိုင်းစိုင်းခမ်းလှိုင်
-
ဧရာဝတီ မဂ္ဂဇင်းမှ ဖေါ်ပြချက်များ ကို ဖတ် ရှု ရပြီးသည့်အခါ NIB အကြီးအကဲဟောင်း ဦးခင်ညွန့် နှင့် ပတ်သက်ပြီး သိလို စိတ် များ ပြင်း ပြ လျှက်ရှိ...
-
၂၀၁၂ ခုနှစ် ကမ္ဘာ ပျက် မည် ဆို သော အကြောင်း အရာ အပေါ် မြန်မာပညာရှင်များရှုမြင်ချက် မာယာ လူမျိုးများ အသုံးပြု သည့် ပြက္ခဒိန် ၏ တွက်ရိုးတ...
Wednesday, October 24, 2018
Monday, October 22, 2018
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအပေါ် စွပ်စွဲချက်များကို န၀တ လက်ထက်ဝန်ကြီး ဦးအောင်မင်း လုပ်ဆောင်ခဲ့ဟု ကြံ့ခိုင်ရေးမှ ချေပ
မြန်မာ့ မီးရထား တွင် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန်းဌေးအား လူမှုကွန်ရက် စာမျက် နှာများတွင် မီးရထားလမ်းများ ခရီးစဉ်မရှိပဲ မီးရထားလမ်းဖေါက်ခြင်းနှင့် ဘူတာရုံ တည်ဆောက်ခဲ့ခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ခဲ့သည် ဟူသော စွပ်စွဲချက် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီး နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ အွန်လိုင်းမီဒီယာ လူမှုကွန်ရက်အဖွဲ့ သားများက ယင်း မီးရထားခရီးစဉ် ပြေးဆွဲခြင်းမရှိသည့် မီးရထားသံလမ်းများနှင့်ဘူတာရုံများမှာ ဦးသန်းဌေး ဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်းနှင့်ယင်းလုပ်ငန်းများမှာ တပ်မတော်အစိုးရလက်ထက် ၀န်ကြီး ဦးအောင်မင်း လုပ်ဆောင်ခဲ့ သည့်လုပ်ငန်းများဖြစ်သည်ဟု တုန့် ပြန် ချေပ ပြောဆိုခဲ့မှုသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်း တပ်မတော်အစိုးရလက်ထက် ၀န်ကြီး ဦးအောင်မင်း ၏ သြဇာ အာဏာကျဆင်းလာမှုဖြစ်ကြောင်း ကြံ့ခိုင်ရေး အသင်းဝင်ဟောင်းများက ပြောကြားသည်။
တပ်မတော်အစိုးရဦးဆောင်သည့် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းကို ချောမွေ့ စွာလုပ် ကိုင် ဆောင်ရွက်နိုင်ရေးအတွက် မီးရထား ၀န်ကြီး ဦးဆောင်သည့် အဖွဲ့ သည့် ပြည်သူ့ ဆက်ဆံရေးသင်တန်း၊ သတင်းစာပညာသင်တန်း ဟူသော သင်တန်းများကို နိုင်ငံတော် စရိတ်ဖြင့် အကုန်အကျခံကာ မြန်မာနိုင်ငံ အနှ့ံမှ ကြံ့ခိုင်ရေး ကို ခေါ်ယူလေ့ကျင့် သင်တန်းပေးခြင်း၊ သင်တန်းကာလနှင့် ကိုယ်ရေးနောက်ကြောင်း လေ့လာချက်များကို အခြေခံကာ ရွေးချယ်တာဝန်ပေးခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း ယနေ့  ပါတီ ကို ပြန်လည် ဖွဲ့ စည်းပြီးချိန်တွင် ပါတီ ဥက္ကဋ္ဌ အဖြစ် ဦးသန်းဌေး နှင့် အခြား ပါတီ ဗဟိုအလုပ်အမှုဆောင် များ တာဝန် ယူပြီးချိန်တွင် ဦးအောင်မင်းလက်ထက်လေ့ကျင့် တာဝန်ပေးထားသည့် ပြည်သူ့ ဆက်ဆံ ရေး သင်တန်းဆင်းများကို သစ္စာဖေါက်များ ဟု သတ်မှတ် ပြဌာန်းလိုက်ကြောင်း မကွေးတိုင်း ဒေသကြီး ကြံ့ခိုင်ရေး တာဝန်ရှိသူများ အသိုင်းအ၀န်းက ပြောကြားသည်။
Tuesday, April 17, 2018
မြန်မာ သက္ကရာဇ် ၁၃၈၀ မှာ ပါတီ နှစ်ပိုင်းခွဲတာ ပြည်ခိုင်ဖြိုး အရွေ့ သစ်လား ???
တပ်မတော်ကို နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ရပ်တည်ရေးအတွက်
တပ်မတော်အစိုးရသည် ၁၉၉၃ ခုနှစ် မတိုင်မီ နှစ်များမှ စတင်၍ စနစ်တကျ ပြင်ဆင်လာခဲ့သည်။ ယင်း သို့  ပြင်ဆင်ရာတွင်
တပ်မတော် ကို ထောက်ခံ သော ပြည်သူ့ အင်အားတစ်ရပ် ကို စနစ်တကျ တည်ထောင်လာခဲ့သည်။ ယင်းသို
့ ပြည်သူ့  အင်အားတစ်ရပ် ကို စနစ် တကျ တည်ထောင်ခြင်းသည်
တပ်မတော်၏ အကျိုးစီးပွားအတွက်သာ ဖြစ်ခဲ့သည် ။
တပ်မတော်မှတည်ထောင်သော ပြည်သူ့ အင်အားသည် တပ်မတော်ကိုထောက်ခံသော
ပြည်သူ့ အင်အားစု တစ် ရပ် သာ ဖြစ်စေရေးအတွက် စနစ်တကျ တည်ဆောက်ရာတွင် တပ်မတော်မှ အပြည့်အဝ
စိတ်ချ ယုံကြည်ရမည့် သူများ ကို မြို့ နယ် အလိုက်
စုဖွဲ့ တာဝန်ပေးအပ်ခြင်း၊ ခရိုင် နှင့် တိုင်း / ပြည်နယ် အလိုက် တာဝန်ပေးအပ်ခြင်းတို
့ဖြင့် အမျိုးသား နိုင်ငံရေးအသင်းအမည်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့  ဖြိုးရေးအသင်းကြီး
ကို ဖွဲ့ စည်းတည်ထောင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း
ကြီးကို တပ်မတော်အရာရှိကြီးများမှ တပည့် လက်သပ်မွေး စနစ်ကျင့် သုံးခြင်း၊ တပ်မတော်အရာရှိကြီးများအနေဖြင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လက် သပ်မွေး ထားသူများ ကို ပဋိသန္ဓေသားကို
လွယ်ထားရသည့် ကိုယ်ဝန်ဆောင်မိခင်သဖွယ် ကျင့်သုံးဆက်ဆံခဲ့သည်။ ကိုယ်ဝန်ဆောင် မိခင် ပါးစပ်မှ ၀ါးမြို လိုက်သော
အစာ အာဟာရ ကို သန္ဓေသားထံသို့  တိုက်ရိုက် ချက်ကြိုးဖြင့် ဆက်သွယ်၍ အာဟာရ ဖြည့်တင်း၍
သန္ဓေသား ကြီးထွားလာစေရေး လုပ်ဆောင်သကဲ့သို့  မွေးမြူခဲ့ကြသည်။ တိုင်း / ပြည်နယ် အဆင့်
အတွင်းရေးမှူးများ၊ခရိုင်အဆင့် နှင့် မြို
့နယ် အဆင့် အတွင်းရေးမှူးများမှာ တပ်မတော်အရာရှိ ကြီးများ၏ လက်သပ် မွေး တပည့်
စင်စစ်များ ဖြစ်ခဲ့ကာ တပ်မတော်အစိုးရလက်ထက်တွင် အခွင့်ထူးခံ လူတန်းစားအဖြစ် ရပ် တည်
ခွင့် ရရှိခဲ့ကြသည်။
တပ်မတော်အနေဖြင့် ပြည်သူ့ အင်အား ကို အတိုင်းအတာ
အကန့် အသတ် ဖြင့် အသုံးချရန်သာ ရှေးဦး စီမံချက် ရှိခဲ့ သည် မှာ ဦးသန်းရွှေ မှ အဆင့်ဆင့်ဖြင့်
ဦးသန်းဌေး ထံသို့ လက်လွှဲမှု အရ ပြည်သူ့  အင်အားကို အကန့် အသတ် ဖြင့်သာ အသုံးပြုမည်မှန်း သိသာထင်ရှား ပေါ်ပေါက်စေခဲ့သည်။ ဦးသန်းဌေးအနေဖြင့်
ဗိုလ်မှူးချုပ် ဘ၀တွင် ဗိုလ်ချုပ် နေ၀င်း ၏ မြေးများ အာဏာသိမ်းရန် ကြံစည်ကြောင်း ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ ထံသို့ သတင်းပေးပို့ ခဲ့သည့်အတွက် မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီ တည်ထောင်သူ ဗိုလ်ချုပ်
နေ၀င်း ၏ မိသားစုဝင်များ ၊ မြေး များ နှင့် ညှိနှိုင်းပေါင်းစပ်ရန် ဖြစ်နိုင်ခဲ့သူမဟုတ်ခြင်း၊
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ မှ ဗိုလ်ချုပ်နေ၀င်း
၏ သြဇာခံ အသိုင်းအ၀န်း ၏ အမျက် သို ခြင်း ခံနေရသူကို ပြည်ခိုင်ဖြိုး ပါတီအား ဦးဆောင်စေခဲ့ခြင်းကြောင့်
ပြည်ခိုင်ဖြိုး ပါတီသည် မိတ်ဖက် မဟာမိတ် နိုင်ငံရေး မိတ်ဆွေ စစ် မရှိ ရှားပါးခဲ့ရပြီး
အင်အားချည့်နဲ့ နေသာ အလိမ်အညာ (၁၂) ပါတီ ကို သာ ထောက်ပံ့မှုများ၊ ကြေညာချက် ထုတ်မှုများ
ဖြင့်သာ အချိန်ကုန်ခဲ့ရသည်။
တပ်မတော်အနေဖြင့် ပြည်ခိုင်ဖြိုး ပါတီ၏ တစ်ဖက်သတ် အားကိုးယုံကြည်ခံရမှုကို
အပြည့်အ၀ ရရှိစေခဲ့သော်လည်း ပြည်ခိုင်ဖြိုးအနေဖြင့် ဒီမိုကရေစီ နိုင်ငံရေးတွင် ပြိုင်ဖက်
နိုင်ငံရေး ပါတီများသာ ၀န်းရံ လျှက် အထီးကျန် ဖြစ်အောင် ပါတီကို ပြင်ဆင်ဖွဲ့  စည်းပေးခဲ့သည်။
ပါတီ၏ အထီးကျန် ဆန်မှုသည် ပြည်သူ နှင့် တိုက်ရိုက် ထိတွေ့ နေရသည့် ရပ် / ကျေး ပါတီ ကော်မတီများအတွက်
အခက်အခဲ တွေ့  ခြင်း ကို ဖြစ်ပေါ်စေခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး
ပါတီ ရှုံးနိမ့်ပြီးနောက် ပြည်ခိုင်ဖြိုးအပေါ် ပြည်ခိုင်ဖြိုး ၀င်များက စိတ်ပျက်လက်ပျက်
ဖြစ်စေသော အကြောင်းအရာများ အလိုအလျောက် ပေါ်ပေါက်လာစေမည့် ပါတီခေါင်းဆောင် သစ် ကို ရွေးချယ်ပေးခဲ့သည်
။ ယင်းသို့ ရွေးချယ်ခြင်းမတိုင်မီ ဦးသိန်းစိန် ဦးဆောင်သည့် ဥက္ကဋ္ဌ အဖွဲ့ သည် ပါတီသို
့ အသစ် ထပ်မံ ရောက်ရှိလာသည့် ဦးမြတ်ဟိန်း နှင့် ဦးသက်နိုင်ဝင်း တို့ ကို မျိုးဆက်သစ်
ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ခြင်း မရှိပဲ တပ်မတော်တွင် တပ်မမှူး ၊ ဒုတိုင်းမှူး အဆင့်ထိ
တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်ဟောင်း သန်းဌေး ကို ဥက္ကဋ္ဌ တင်မြှောက်ကာ ဒုတိယ
ဥက္ကဋ္ဌ အဖြစ် တပ်မတော်တွင် ထိပ်ဆုံး တတိယနေရာတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးဟောင်းမြတ်ဟိန်း
ကို ကပ်လျှက် တာဝန်ပေးခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန် ထိ ထမ်းဆောင်ခဲ့ဖူးသူ ဦးသက်နိုင်ဝင်း
ကို ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ပေးအပ်ခဲ့သည်။ ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သူမှာ
တပ်မတော်၏ ထိပ်တန်းအဆင့် တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည့် အတွက် ပထမ ဥက္ကဋ္ဌ နေရာ သည် အမြဲတမ်း
အပြောင်းအလဲ ဖြစ်နိုင်သည့် အနေအထား ဖြင့် တည်ရှိကြောင်း တပ်မတော် မှ ပြသ ခဲ့သည် ။
၂၀၁၆ ခုနှစ် စက်တင်ဘာ လ အတွင်း တည်ငြိမ်ခဲ့သော ပြည်ခိုင်ဖြိုး
ပါတီ၏ ဗဟို အလုပ်အမှုဆောင်များ၊ ဗဟိုကော်မ တီများ၊ အရန် ဗဟိုကော်မတီများ မှာ၂၀၁၇ နှစ်ကုန်ဆုံးပြီးချိန်
နှင့် ၂၀၁၈ နှစ်ဆန်းအချိန်တွင် တစ်ဆင့်မြှင့် တာဝန် အသီး သီး ထမ်းဆောင်ရန် အဆင်သင့်
ဖြစ်စေခဲ့သည်။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပါတီတွင် ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ
အပါအ၀င် အစိုးရ အဖွဲ့ ဝင် ဟောင်း ဗဟိုအလုပ်အမှုဆောင် ၊ ဗဟို ကော်မတီဝင်များအ နေ ဖြင့်
တစ်ဆင့်မြှင့် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်
တို့ ၏ ထောက်ခံချက် ၊ မှတ်ချက် များ ရရှိစေရန် ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ် မှ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ၏ နည်းဥပဒေများကို
အသုံးပြု၍ တောင်းခံ ဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည်
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ
ဖွဲ့ စည်းထားခြင်းဖြစ်သည့် အတွက် ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ် ၏ ဆောင်ရွက်ချက်သည်
ပေါက်ကြားမှု ကြီးမားခဲ့ရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့် နီးစပ်သည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှ အမျိုးသား လွှတ်တော် နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ
က ပြည်ခိုင်ဖြိုး နှင့် တပ်မတော် ခေါင်းဆောင် များသည် ပြည်သူ့ အာဏာ နှင့် ကင်းကွာ သွားပြီ
ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဧပြီလ သင်္ကြန် ကာလအတွင်း ကြွေးကြော် ခဲ့ကြသည် ။
ပါတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သည့် အစုအဖွဲ့ တွင်
တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝင်များ ပါဝင်ခဲ့ကြောင်း သိ ရသည်။ ပြည်ခိုင်ဖြိုး ဟောင်းများက ပြည်ခိုင်ဖြိုး အသင်း
နှင့် ပြည်ခိုင်ဖြိုး ပါတီ ဟူ၍ (၂) ပိုင်းခွဲ ဆောင်ရွက်နိုင် ကြောင်း၊ ပြည်ခိုင်ဖြိုး
အသင်းတွင် အသင်းဝင် (၂၆) သန်း ခန့် ရှိကြောင်း ပြည်ခိုင်ဖြိုး အသင်း အဆင့်ဆင့်က တင်ပြ
သည့် အင်အားကို တိုင်း / ပြည်နယ် အသီးသီးတွင် အသင်းဝင်များ၏ ကိုယ်ရေးအချက်အလက် များအား ကွန်ပျူတာတွင် စာရင်းသွင်း မှတ်တမ်းတင် အတည်ပြု ပြီး နောက် ပြည်ခိုင်ဖြိုး ပါတီ နာယက ဗိုလ်ချုပ်မှူးကြီး ဟောင်း
သန်းရွှေ က ကြေညာခဲ့သည်။
Wednesday, January 24, 2018
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး မြို့ နယ်တွင် လူသတ်မှု ဖြစ်ပွား
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံမြို့ နယ်ဖြစ် သည့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့  နယ် တွင် လူသတ်မှု ဖြစ်ပွားကြောင်း facebook page သတင်းများ မှ သိရသည်။
ကော့မှူးမြို့နယ် ညောင်ပင်သာကျေးရွာအာစု ခရာစုကျေးရွာ လယ်ကွင်း ထဲတွင် အသတ်ခံထားရသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ၏ရုပ်အလောင်းအား ဆိုင်ကယ်တစ်စီးနှင့်အတူတွေ့ရှိကြောင်း ဒေသခံ များ မှ ပြောကြားသည်။
၂၀၁၈ဇန်၂၅ နံနက် ၁၀၁၅ သတင်းပေးပို့ ချက်အရ ရေးသားဖေါ်ပြသည်ဟု ရန်ကုန်စောင့်ကြည်Admin Team များ က ရေးသား ဖေါ်ပြထားကြသည်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ရေး သည် NLD အစိုးရ၏ တာဝန်ယူမှု တာဝန်ခံမှု ပေါ် အခြေခံ
မေခ မလိခ မြစ်နှစ်ခု ပေါင်းဆုံရာ တွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ရန် တရုတ် အစိုးရ နှင့် ကမ်းလှမ်းထားမှု အပြီးတိုင် ရပ်ဆိုင်းရေးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရသည့် NLD ပါတီ အစိုးရ၏ တာဝန်ယူမှု တာဝန်ခံမှု သတ္တိ နှင့် သာ သက်ဆိုင်ကြောင်း အငြိမ်းစားအကြီးတန်းအရာရှိဟောင်း တစ်ဦးမှ ရန်ကုန် ကြေးမုံသို့  ပြောကြားသည်။
NLD ပါတီ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင် ဒေါ်အောင်ဆန်းစုကြည် ၏ သတ္တဗျတ္တိ နှင့် အပြည့် အ၀ သက်ဆိုင်ကြောင်း ပြောကြားသည် ။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အငြင်းပွားမှု များတွင် အထင် ရှား ဆုံးဖြစ်ခဲ့သည့် မြစ်ဆုံ စီမံကိန်း နှင့် လက်ပံတောင်းတောင် စီမံကိန်း တို့  အနက် လက်ပံတောင်း တောင် စီမံကိန်း နှင့် သက်ဆိုင်သည့် လုပ်ငန်းလုပ်ပိုင်ခွင့် လွှဲပြောင်းပေးအပ်သည့် စာချုပ် ကို တပ်မတော် ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( Chemistry ကျောင်းသားဟောင်း မင်းခင်ဇော်ဦး ) မှ လက်မှတ် ရေးထိုးထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တရုတ် အစိုးရ နှင့် ညှိနှိုင်းဆောင်ရွက်ရန် မဖြစ်နိုင် မတတ်နိုင်ခဲ့သော်လည်း သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း နှင့် ပတ်သက်၍ လွှဲပြောင်းမှု လုပ်ငန်းအပ်နှံမှု ဆိုင်ရာ စာချုပ်များ တရားဝင် ချုပ်ဆိုခဲ့ခြင်း မရှိသည့် အတွက် ဒီမိုကရေစီအစိုးရ အနေဖြင့် အပြည်ပြည်ဆိုင်ရာ စာချုပ် စာတမ်း ဥပဒေ အရ အပြည့်အ၀ ငြင်းဆို ပိုင်ခွင့်ရှိကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရသည် အိမ်စောင့် အစိုးရသာ ဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရလက်ထက် လုပ်ဆောင် မှုများကို ဒီမိုကရေစီ အစိုးရများက အပြီးသတ် ငြင်းဆို ပိုင်ခွင့် ရှိကြောင်း ယင်းအကြီးတန်း အရာ ရှိ ဟောင်း က ဆက်လက်ပြောကြားသည်။ အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်များအရ မြန်မာအစိုးရ အနေဖြင့် ဦးသန်းရွှေ လက်ထက်အစိုးရသည် အိမ်စောင့်အစိုးရသာ ဖြစ်သည်ဟူသော ကန့် သတ်ချက် မူဘောင် စကားရပ်ဖြင့် လက်လွှတ် ဆုံးရှုံးရသည့် ရှုံးနိမ့်မှုများ ပေါ်ပေါက်ခဲ့သည်များ ရှိကြောင်းသိရသည်။
သမ္မတ ဦးသိန်းစိန် လက်ထက် အတွင်း နိုင်ငံတော်မှ ခေါင်းစဉ်အမျိုးမျိုးဖြင့် သတ္ထုတွင်း ဌာန မှ ထွက်ကုန် များ ၀ယ်ယူခဲ့ကြသူများတွင် မိုးထိမိုးမိ ရွှေလုပ်ကွက်မှ ရွှေဗြုန်း တူးခွင့် လုပ်ငန်းလည်း ပါဝင်ခဲ့ကြောင်း၊ လက်ရှိ မိုးထိမိုးမိ ရွှေလုပ်ကွက် တင်ဒါ လက်ဝယ်ပိုင်ခွင့် ရရှိသူ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီမှ ဦးစိုးထွန်းရှိန်သည် တစ်နှစ်လျှင် ရွှေ တစ်တန် အစိုးရ သို့ ပေးသွင်း မည် ဟု စာချုပ် ချုပ်ဆိုခဲ့သော်လည်း နိုင်ငံတော် အစိုးရ ထံသို့ ရွှေပေးသွင်းရန် ပျက်ကွက်မှုများ ပေါ်ပေါက် လျှက် ရှိခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်း ရန် အစိုးရမှ တားမြစ်ထားကြောင်း၊ သို့ သော်လည်း အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ မှ ရွှေလုပ် သား များ ကို လစာ မပေးပဲ အစိုးရ နှင့် ရန်တိုက်ကာ လူစုလူဝေး နှင့် ဆန္ဒပြမှုများဖြစ်ပေါ်စေရန် သွေးထိုး လှုံ့ ဆော်မှုများ ပြုလုပ်လျှက်ရှိကြောင်း အငြိမ်းစားအကြီးတန်းအရာရှိကြီးမှ ပြောကြားသည်။
တပ်မတော်အစိုးရ လက်ထက်နှင့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တို့ တွင် ကြံ့ခိုင်ရေး ရန်ပုံငွေ ခေါင်းစဉ်ဖြင့် လျောက်လွှာအမျိုးမျိုး တင်ပြ လျောက်ထားသည့် ပါတီ ခေါင်းဆောင်များသည် ပါတီ ရန်ပုံငွေ သို့ ပေးသွင်းခြင်းမရှိပဲ ပစ္စည်းဝယ်ယူသည့်လုပ်ငန်းရှင် နှင့် လက်ဝါးချင်းရိုက်ကာ ပါတီသို့ ရန်ပုံ ငွေ အနည်း ငယ် သာ ပေးသွင်းခဲ့မှုများကြောင့် ပြည်ခိုင်ဖြိုး ပါတီ အောက်ခြေ ပါတီတွင် ပြည်သူလူထုက ပြည်သူ့  ဘဏ္ဍာ ခိုးယူ သူများ ဟု စွပ်စွဲမှုများပေါ်ပေါက်နေသလို ပါတီဌာနချုပ် နှင့် တိုင်း / ပြည်နယ် အဆင့် ပါတီများ ကလည်း တိုင်း / ပြည် နယ် နှင့် ဗဟို ရန်ပုံငွေ အကြောင်းပြပြီး ကိုယ်ကျိုး စီးပွားရှာ နိုင်ရန် ကြိုးစား အား ထုတ်လို သူများပြားနေသောကြောင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ တွင် အနိုင်ရ ပါတီ ဖြစ်ရန် ကြံ့ခိုင်ရေး အနေဖြင့် အစွမ်းကုန် ကြိုးစားရမည်ဖြစ်ကြောင်း သုံးသပ် ပြောဆိုမှုများ အငြိမ်းစား အရာရှိကြီးများအတွင်း ပြောဆိုနေမှုများကို သိရှိစေဖို့  ရန်ကုန်ကြေးမုံမှ ရေးသားဖေါ်ပြလိုက်ရပါသည်။
Wednesday, August 23, 2017
အ ရှေ့ တောင် အာ ရှ ၏ လူ ချမ်း သာ စာ ရင်း ၀င် ဖြစ် လာ သည့် မြန် မာ့ ဒီ မို က ရေ စီ ခေါင်း ဆောင်
မြန်မာနိုင်ငံသည်
အရှေ့ တောင် အာရှ နိုင်ငံများ အတွင်း သယံ ဇာတ ပေါကြွယ် ၀ သည့် နိုင်ငံ ဖြစ် သည် နှင့်
အညီ မြန်မာနိုင်ငံ ကို အုပ်ချုပ်မင်းလုပ် အစိုးရသူများသည် တိုင်းပြည်ဆင်းရဲ ပြီး အုပ်
ချုပ် သူ လူတန်းစား တစ်ရပ် ကြီးပွားချမ်းသာရေး အစဉ်အဆက် ဆောင်ရွက်ခဲ့ကြသည်။
အာဏာရှင်
ဦးနေ၀င်း သည် မြန်မာနိုင်ငံကို နှစ်ပေါင်း (၂၀) ကျော် အုပ်ချုပ် မင်းလုပ်ခဲ့ပြီး တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ဗိုလ်ကြီး ဘ၀ ရန်ညှိုးဟော င်းများနှင့်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမည်ခံကာ ဦးနေ၀င်း စိတ်သဘောကျ ဆောင်ရွက်ခဲ့ရသည့် ၁၉၈၉
ခုနှစ် အ လွန် ခံစားမှုများကို ကလဲ့စား အချေခံခဲ့ရပြီး အာဏာရှင် ဦးနေ၀င်း သား / သမီး
/ သားမက် နှင့် မြေး များကို ထောင်သွင်း အကျဥ်းချခံခဲ့ရသော်လည်း သမ္မတ ဦးသိန်းစိန်
လက်ထက်တွင် ပြန်လည် လွတ် မြောက် ခဲ့ကြပြီး နိုင်ငံတကာ က အံသြ ဘနန်းဖြစ်ရသည့် ဘဏ်လုပ်ငန်းတစ်ခုကို
အာဏာရှင် ဦးနေ၀င်း မိသားစု ကပိုင် ဆိုင်ခဲ့ကြ သည်။
တပ်မတော်
အာဏာသိမ်း အစိုးရ ဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ
သည်လည်း မြန်မာ့ သယံဇာတများကို အခြေခံကာ အစိုးရ အဖွဲ့ ကောင်းစား ရေးကို ဆောင်ရွက် ခဲ့ကြ
လေသည် ။ ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ် ထိ (၂၆)
နှစ် တာ ကာလ အတွင်း တစ်ပါတီ အာဏာရှင် စနစ် ဖြင့်
လည်းကောင်း၊ ၁၉၈၈ ခုနှစ် ၂၀၁၀ ခုနှစ် အထိ (၂၂) နှစ် တာ ကာ လ အတွင်း တပ်မတော်
အာဏာသိမ်း အစိုးရ အုပ်ချုပ်သည့် စနစ်ဖြင့် လည်းကောင်း မြန်မာ့ သယံဇာတ များ အပေါ် အမြတ်
ထုတ် ခဲ့ကြသည်။
၁၉၈၈
ခုနှစ် မှ ၂၀၁၀ အထိ (၂၂) နှစ် ကာလ တပ်မတော်
အာဏာသိမ်းအစိုးရ အဖွဲ့ တွင် ပါဝင် သူများက ၂၀၁၀ ရွေးကောက်ပွဲ ဖြင့် အရပ်သား အစိုးရ
အဖြစ် သို့  အသွင် ပြောင်းကာ တပ်မတော် အစိုးရ လက် ထက် ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့်
လုပ်ငန်း များကို ဆက် လက် ဆောင်ရွက် ခဲ့ကြသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ယခင် အစိုးရ
လက်ထက်များကဲ့သို့ မဟုတ်တော့ ပဲ မြန်မာ့ အတိုက်
အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်
ဒီမိုကရေစီ အင်အားစု၏ စောင့် ကြည့် မှု အောက်မှ ဆောင်ရွက်ခဲ့ကြရသောကြောင့် ကိုယ်ကျိုးရှာ
အမြတ်ထုတ်မှု အနည်းဆုံးဖြစ် ခဲ့သည်။
တပ်မတော်အာဏာသိမ်းအစိုးရနှင့်
တပ်မတော်မှ ၂၀၁၀ ရွေးကောက်ပွဲဖြင့် အနိုင်ရပါတီဖြစ်ကာ အစိုးရ ဖြစ်လာသော တပ်မတော် အရာရှိကြီးများ
ဦးစီးသည့် ဦးသိန်းစိန် အစိုးရ ကို စောင့်ကြည့် နေကြသည့် ဒီမိုကရေစီအရေးအမည်ခံ နိုင်ငံရေး
ခေါင်းဆောင်များသည် နိုင်ငံတကာ အဖွဲ့ အစည်း
များနှင့် ပြည်တွင်း /
မြန်မာ့နိုင်ငံရေးခေါင်းဆောင်များသည်
အာဏာရှင် ဦးနေ၀င်း မှသည် ယနေ့ ဒေါ်အောင်ဆန်းစုကြည် အထိ အစဉ်အဆက် သန်းကြွယ် သူဌေး ဘွဲ
့ခံများ ပေါ်ထွန်းလာကြသည်။ ၂၀၁၇ ဇွန်လ အတွင်း က ရန်ကုန်မြို့ ၊ ကမာရွတ်မြို့ နယ် တရားရုံးမှ ဒေါ်ခင်ကြည် ပိုင်ဆိုင်သော အမှတ်
(၅၄) တက္ကသိုလ် ရိပ် သာ လမ်း ၊ မြေကွက် နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့ ၏ သား/
သမီး များ ဖြစ်သော ဦးအောင်ဆန်းဦး၊ဒေါ်အောင်ဆန်းစုကြည် နှင့် တူဖြစ်သူ ဗိုလ်မှူးကြီး
ခင်မောင်အေး ( မ န္တ လေး) တို့  အား အညီအမျှခွဲဝေခံစားခွင့်ပြုခဲ့သည်။ ဦးအောင်ဆန်းဦးမှာ
နိုင်ငံခြား သားဖြစ်သဖြင့် မြေ ပိုင် ဆိုင် မှု မရရှိခဲ့ကြောင်း ၊ သို့ သော် ဦးအောင်ဆန်းဦးမှာ
မိခင် အမွေ ဖြစ်သည့် အတွက် တက္က သိုလ်ရိပ်သာလမ်း၊ခြံအမှတ် (၅၄) ရောင်းချ ထုခွဲပါက အကျိုးခံစားခွင့်
ရရှိခဲ့ကြောင်း နှင့် ဗိုလ်မှူးကြီး ခင်မောင်အေး (မန္တလေး) အတွက် ပေတစ်ရာခန့်  မြေကွက်အား
ရရှိ ခံစားစေရန် တရားရုံး မှ အဆုံး အဖြတ်ပေးခဲ့သော်လည်း လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်မှူး ကြီး ခင်မောင်အေး
( မန္တလေး ) နှင့် ဦးအောင်ဆန်းဦး တို့ အား မြေပိုင်ဆိုင်ခွင့် ပေးမည်မဟုတ် ကြောင်း
နှင့် မြေတန်ဖိုး ကို ခွဲဝေခံစားခွင့် ပေးမည်ဖြစ်ကြောင်း ညှိနှိုင်း ပြန်ကြားခဲ့သည်။
ယင်းသို
့ညှိနှိုင်းပြန်ကြားသည့် အတွက် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) ရောင်းချရန် တန်ဖိုး
သင့် ခဲ့ရာတွင် ကာလပေါက်ဈေး ကျပ်သိန်းပေါင်း နှစ်သိန်းခုနှစ်သောင်း ပေါက်ကြောင်း၊
ယင်းအတွက် သားသမီးအရင်းများဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ဆန်းဦး တို
့က ကျပ်သိန်းပေါင်း တစ်သိန်း စီ ခွဲဝေ ရယူပြီး ဗိုလ်မှူးကြီး ခင်မောင်အေး ( မန္တလေး)
အား ကျပ်သိန်းပေါင်း ခုနှစ်သောင်း ကို ခွဲဝေပေးရန် ဆုံးဖြတ် သဘောတူထားခဲ့ကြသည်။
သို
့ရာတွင် ယင်းမြေကွက် ကို အမှန် တစ်ကယ် ရောင်းချမည် မဟုတ်ပဲ လက်ရှိ နိုင်ငံတော် အတိုင် ပင် ခံ ဒေါ်အောင်ဆန်းစုကြည်
မှ ဦးအောင်ဆန်းဦး နှင့် ဗိုလ်မှူးကြီး ခင်မောင်အေး ( မန္တလေး ) တို့  အား ငွေကျပ်
သိန်းပေါင်း တစ်သိန်း ခုနှစ်သောင်း ကို ပြန်အမ်း
ပေးမည် ဟု အကြောင်း ပြန်ခဲ့သည်။ ကျပ်သိန်းပေါင်း တစ်သိန်းခုနှစ်သောင်းမှာ ကျပ်သန်းပေါင်း
တစ်သောင်း ခုနှစ်ထောင်ဖြစ်နေသည့် အတွက် မြန်မာကျပ်ငွေ ကျပ်သန်းထောင်ပေါင်း (၁၇) ဖြစ်သည့်အတွက်
မြန်မာကျပ်ငွေ (၁၇) ဘီလီ ယံ ဖြစ်နေပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာကျပ်ငွေ
(၁၇) ဘီလီယံ ကို မည်သည့် နည်းလမ်းဖြင့် ရှာဖွေကာ အိမ်ပိုင်ဆိုင်ရေး ငွေပြန်အမ်း မည်ကို
ဦးအောင်ဆန်းဦး၊ ဗိုလ်မှူး ကြီး ခင် မောင် အေး (မန္တလေး) ၊ ရှေ့ နေ တရားသူကြီး
များက စိတ်ဝင်တစ်စားဖြစ်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်
၏ အမွေဆိုင်အိမ်ဖြစ်သော တက္ကသိုလ် ရိပ်သာလမ်း အိမ် အား ငွေ ပြန် အမ်း နိုင် ရေး အကြောင်းအရာ
နှင့် တိုက်ဆိုင်သည့် ကာလ အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ တာ ၀န်ပေးအပ်ထားသည့်
အစိုးရ အဖွဲ့ ဝင်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဖြိုးမင်း သိန်း ၊ ရန်ကုန် မြို
့တော် ၀န် နှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးများ က မြန်မာကျပ်ငွေ
အများအပြား ရန်ပုံ ငွေ ရရှိစေမည့် လုပ်ငန်းများကို အကောင်အထည် ဖေါ်ခဲ့ကြောင်း အစိုးရ
ဌာန အရင်းအမြစ်များ က ပြောကြားခဲ့ကြသည်။ ရန်ကုန်မြို
့ ကျောက်တံတားမြို့ နယ် အတွင်း တည် ရှိသည့်
ရန်ကုန်မြို့ တော် စည်ပင် သာယာရေး ကော်မတီ
ရုံးနှင့် ဗိုလ်တထောင်မြို့ နယ် ရှိ ရန်ကုန်
မြို့ တော် စည်ပင်သာယာ (၁၂) ထပ် ရုံး တို့ မှ
ကန့် သတ်ထားသော ကျပ်သိန်း ရာနှင့် ချီ ပေါက်ဈေးရှိ
သော အုတ် သဲ ကျောက် ဘိလပ်မြေ သံထည် ပစ္စည်းသွင်း ပါမစ်များ ကို ထုတ် ယူခွင့် ပေးခြင်း၊
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များဖြစ် သည့် ဒေါ်ကြည်ပြာ (ကျောက်တံတား) ၊ ဦးညီညီ
( ဒဂုံတောင် ) ၊ ဒေါက်တာခင်မောင်မောင် ( ဒဂုံမြို
့ သစ်မြောက်ပိုင်း မြို့  နယ် ပြည်သူ
့ လွှတ် တော် ကိုယ်စားလှယ် ) တို့ မြေ မှု ဆိုင် ရာ
အမှု အခင်းများ တွင် ၀င်ရောက် ဆောင်ရွက်ခြင်း နှင့် မြေပါမစ်များ ထုတ်ယူခြင်း
တို့  ဖြင့် ရန်ကုန်မြို့ တော် စည်ပင် သာယာ
ရုံး အတွင်း ခြေချင်း လိမ်ကာ ရုံးဝင် ရုံးထွက် များခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်
ဦးဖြိုးမင်း သိန်းကလည်း ကွမ်းခြံကုန်း ကော့မှူး မှသည် ကမ်းနားတစ်လျောက် ပတ်လမ်း များ
နှင့် မြို့ သစ် တည်ခြင်း နှင့် လေယာဉ်ကွင်းဆောက်ခြင်း တို့ ကို လုပ်ဆောင်မည် ဟု အဆို
ပြု ကာ မြေယာ ရင်းနှီး မြှုပ်နှံ သူများ ကိုဆွဲဆောင်
သိမ်းသွင်းမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုးဆုံးမှာ
ရိုက်တာ သတင်း ဌာနမှ YBS ကားများ ၀ယ်ယူခြင်း နှင့် ပတ်သက်သော ငွေကြေး ဆိုင်ရာ အကြောင်းခြင်း
ရာများ ကို ရေးသား ဖေါ်ပြခဲ့ခြင်းဖြစ်သည် ။
၂၀၁၇
ခုနှစ် ဧပြီ လ မှ စ၍ ၂၀၁၇ စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အမွေဆိုင် ခြံ အား တစ်ဦးတည်းပိုင်အဖြစ်
ငွေပြန်အမ်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ မှ တာဝန် ပေးအပ်ထားသည့်
အစိုးရ အဖွဲ့ ဝင်များက ရန်ပုံငွေ ကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ရှာဖွေ မှုများ ပြုလုပ်
ခဲ့ ကြကြောင်း ၊ ဦးအောင်ဆန်းဦး နှင့် ဗိုလ်မှူးကြီး ခင်မောင်အေး ( မန္တလေး ) တို့ အား
ငွေ ပြန် အမ်း နိုင် ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အနီးကပ် ခရိုနီ /တိုင်ကွန်း များက
စိုက်ထုတ် ပြန်အမ်း မည်ဟု ပြောဆို ခဲ့ သည်။
သို
့သော်လည်း အမှန်တစ်ကယ် ဖြစ်ပေါ်ခဲ့သည် မှာ ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၀) ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်
အဖွဲ့  အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဗဟိုစီးပွားရေး ကော်မတီကို ဒေါက်တာ အောင်ကိုကို
နှင့် ဦးဝင်းတင် တို့ ဖြင့် ဖြည့်စွက် ဖွဲ့ စည်းကြောင်း ကြေညာ ချက် ထုတ်ပြန်ပေးခဲ့ရသည်။ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းအား လှူဒါန်းငွေ များ နှင့်
အမျိုးသားဒီမိုက ရေစီ အဖွဲ့  ချုပ် ပါတီ အား လှူဒါန်းငွေ များ ဟူ၍ ခေါင်းစဉ်ရှိသော်လည်း
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လှူဒါန်းငွေများကို လက်ခံခဲ့ခြင်းမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက်
ရေနံ သူဌေးကြီး မိုက်ကယ်မိုးမြင့် ၏ ဇနီး ဒေါ်ဥမ္မာမိုးမြင့် မှ တာဝန်ယူလျက်ရှိကြောင်း၊
အင်းလျားလမ်းရှိ သတင်းဂျာနယ်တိုက် ပုံနှိပ်လုပ်ငန်း တစ်ခု မှ မော်တော်ကား နှင့် ဒေါ်ဥမ္မာမိုးမြင့်
မော်တော်ကား ပွတ် တိုက်မှု ကြောင့် ယင်း သတင်းဂျာနယ် တိုက်မှ ပုံနှိပ်လုပ်ငန်း ကို ပိတ်ပေးရန်
ဒေါ်ဥမ္မာမိုးမြင့် က တောင်းဆိုခဲ့သည့်အတွက် ပုံနှိပ်တိုက် ပိတ်ခဲ့ရကြောင်း၊ ယင်းသို
့ပုံနှိပ်တိုက် ပိတ်လိုက်ရသည့် အတွက် စပ်ဆက် ပတ်သက်နေသော သတင်းဂျာနယ် တိုက် များ ကို
လည်း လတ်တလော ပိတ်ခဲ့ ရသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ စပွန်ဆာ နှင့် သူငယ်ချင်း ဖြစ်သူ
မိသားစုကဲ့ သို့  ခရို နီ နှင့် တိုင်ကွန်း ကြီးများက မြန်မာကျပ်ငွေ (၁၇) ဘီလီယံ အမှန်တစ်ကယ်
စိုက်ထုတ်ပေးမည်လား ဆိုသည့် မေးခွန်းအတွက် UNDO မှ တာဝန်ရှိသူများ က မဖြစ်နိုင်ကြောင်း
အတိအလင်း ပြောကြားသည်။
UNDO
မှ တာဝန်ရှိသူများက ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၏ မိသားစုဝင်များက ဖြိုးမင်းသိန်း
ဝန်ကြီးချုပ် ဖြစ်ရေးအတွက် သေးသေးကျစ်ကျစ် အထုပ်ငယ်များကို လက်ဆောင်ပေးခဲ့ရကြောင်း၊
ဦးဖြိုးမင်းသိန်းမှာ သေးသေးကျစ်ကျစ် ပြောင်ပြောင်လက်လက် စိန်ထည်များကြောင့် ဗဟိုအလုပ်အမှု
ဆောင် အဖြစ်ကိုပါ တစ်ပါတည်း ရရှိခဲ့ကြောင်း၊ ဦးဖြိုးမင်းသိန်း ဆောင်ရွက်သမျှ ကိုလည်း
အပြစ်မမြင် ဖြစ်ခဲ့ရကြောင်း၊ UNDO တွင် မှတ်တမ်းထားရှိကြောင်း ပြောကြားသည်။
၂၀၁၇သြဂုတ်လ
(၂၁) ရက် နေ့ စွဲ ဖြင့် ထပ်မံဖြည့်စွက်လိုက်သည့် ဗဟိုစီးပွားရေး အဖွဲ့ တွင် လက် မှတ်
ရ ပြည်သူ့ စာရင်းကိုင် တစ်ဦး ပါဝင်နေခြင်းမှာ ပါတီနှင့်လူပုဂ္ဂိုလ် ငွေစာရင်း ခွဲ ရန်
အတွက် ဖြစ်ကြောင်း ၊ သို့  မှသာ မြန်မာ ကျပ်ငွေ
(၁၇) ဘီလီယံ ကို အသုံးပြုနိုင် မည်ဖြစ်ကြောင်း
NLD စောင့်ကြည့် လေ့လာသူများက သုံးသပ် ပြောကြားသည်။
သို
့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ မြန်မာ ကျပ်ငွေ (၁၇) ဘီလီယံကို ပြန်အမ်းမည့် ကိစ္စ ကို
အကြောင်းပြုကာ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း
ပိုင်ဆိုင်မှု မှာ အရှေ့ တောင် အာရှ နိုင်င
ံ များ အတွင်း ထိပ်တန်း လူချမ်းသာ တစ်ဦး အဖြစ် စီးပွားရေး လုပ်ငန်းရှင်ကြီးများက သတ်မှတ်
ထား လိုက်ကြသည်။
မြန်မာ့
နိုင်ငံရေး ကို အကြောင်းပြုကာ အရှေ့ တောင်
အာရှ နိုင်ငံများအတွင်း ထိပ်တန်း လူချမ်းသာ တစ်ဦး ဖြစ်လာသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ၏ Lobby လော်ဘီ များက ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်း ရှိ ပြည်တွင်း ပြည်ပ
အလှူရှင်များထံမှ လှူဒါန်းငွေများကို အသုံးပြု ကာ ငွေပြန်အမ်းမှုအပေါ် နတ်လူသာဓု ခေါ်ရန်
တိုက်တွန်းရေးသားနေကြကြောင်း သတင်းရရှိသည်။
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း
၏ ဘဏ့်အကောင့် သို့  မြန်မာ ကျပ်ငွေ (၁၇) ဘီလီယံ ကျော် ရရှိစေရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ် အစိုးရ အနေဖြင့် အလွဲသုံးမှုများ ပြုလုပ်ခဲ့ခြင်း ရှိ / မရှိ ကို တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် လက်အောက် ဌာနဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ
စစ်ဆေးခြင်းဖြင့် အများပြည်သူယုံမှားသံသယ ပျောက်ကင်းအောင် ဆောင် ရွက်ပေးသင့်ကြောင်း
နှင့် မှန်ကန်သော အလှူငွေများ ရရှိခြင်း ဆိုပါက လည်း ဒေါ်ခင်ကြည် ဖေါင်ဒေး ရှင်း ဂုဏ်တက်အောင်
ကြေညာချက်များ ဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုလျှက် . .. .
အမှတ်(၅၄)တက္ကသိုလ်ရိပ်သာလမ်းအမွေဆိုင်ကိစ္စ
==========================
ယခု ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော ၅၄ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်သည် မိခင်ကြီး
ဒေါ်ခင်ကြည် ပိုင်သောမြေဖြစ်သည်။ ၂၅ တာဝါလိန်းလမ်းအိမ်ကို ဗိုလ်ချု ပ်ပြတိုက် ဆောက်လုပ်ရန် အတွက် ဖဆပလ အစိုးရက အမှတ် ၅၄ သို့ ၁၉၅၅ တွင် ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးဘဝမှ အငြိမ်းစားယူခဲ့ပြီးအမှတ် ၅၄ တွင်နေထိုင်ခဲ့သည်။
သားကြီး ဦးအောင်ဆန်းဦးသည် အမေရိကန်တွင်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်တွင် လည်းကောင်းအသီးသီး နေထိုင်ကြ၍ ဒေါ်ခင်ကြည်တစ်ဦး တည်းသာလျှ င် နေထိုင်ခဲ့သည်။
ဒေါ်ခင်ကြည်သည် တူအရင်းဖြစ်သူ (ဒေါ်ခင်ကြည် ဧ။်အမအရင်းဖြစ်သူ)ဧ။် သား ဦးခင်မောင်အေးအား မွေးစားသား အဖြစ်မွေးစားခဲ့သည်။ (နောင် ဗိုလ်မှုးကြီး ခင်မောင်အေး)
ထို ၁၉၈၅ ခုနှစ်အထိ ဗိုလ်မှုးကြီးခင် မောင်အေးတွင် နေစရာ အိမ် မရှိပေ။
ယင်းကိုသိသော ဒေါ်ခင်ကြည်က မွေးစားသား(ယခု အသက် ၈၆ နှစ် ရှိ ပြီဖြစ်သော) ဗိုလ်မှုးကြီး ခင်မောင်အေး အတွက် အမှတ် ၅၄ မြေကွက် အတွင်းမှပေ ၇၀ × ၁၀၀ အကျ ယ်ရှိ မြေကွက်တစ်ပိုင်းကို တူသား အိမ်ဆောက် နေနိုင်ရန် အသိသက်သေများရှေ့၌ လက်မှတ်ရေးထိုးပေးအပ်လေသည်။
၁၉၈၈ တွင်ဒေါ်ခင်ကြည် ကျန်းမာရေးချို့ ယွင်းလာချိန် သားကြီးကိုဦး နှင့် သမီးငယ်မစုထံ မိခင်ကြီး ကို လာကြည့်ရန်မှာကြားဧ။်
သားကြီးကိုဦး အလုပ်ခွင်အခြေအနေ အရ မလာနိုင်သော်လည်း သမီးငယ် မစု မှာ ထိုင်းအဲယားဝေးဖြင့်
ရောက်လာဧ။်။
မိခင် ဒေါ်ခင်ကြည်က ဗိုလ်မှုးကြီး ခင်မောင်အေးအား ပေ ၁၀၀ × ၇၀ မြေကိုပေးအပ်ထား ကြောင်း ရောက်ရောက်ချ င်းပြောပြဧ။် ဒေါ်စုက ဘာမျှထင်မြင်ချက် မပေးပါ။
ဗိုလ်မှုးကြီးခင်မောင်အေးကို မြေ ၁၀၀ × ၇၀ ပေးခြင်းကို သားကြီးကိုဦးသည် မကျေ လည် ခဲ့ပေ။ထို့ကြောင့် ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးတွင် တရားဆွဲဆိုခဲ့သည်။
စွပ်စွဲချက် တို့သည် အထောက်အထား ခိုင်မာမှု မရှိသည့်အတွက် ရုံးတော်မှ အမှု ကိုပယ်ချ ခဲ့သည် ။
ဗိုလ်မှုးကြီးခင်မောင်အေးရမည့် မြေတန်ဘိုးသည် ကာလပေါက်ဈေး သိန်းပေါင်း ( ၇၀၀၀၀ )ခုနှစ်သောင်း
ခန့်တန်ပေသည်။
ယခု အခြေအနေ အရပ်ရပ်သည် ညီညွတ်ရေးဆီသို့ ဦးတည်ပြောင်းလဲ ခဲ့ပြီ ။ သဘောထားကွဲလွဲမှု
များလည်းယခင်ကလို မရှိတော့ပါ။ ဒေါ်စု သဘောထားက ရှင်းသည်။
ဦးအောင်ဆန်းဦး ရရှိမည့်မြေပိုင်ဆိုင် မှု အတွက် သင့်တင့်မျှ တသော ငွေကို သူ အမ်းပေးမည်။
ဗိုလ်မှုးကြီးခင်မောင်အေး မြေကွက် အတွက်လည်း တန်ဘိုးငွေ အမ်းပေးမည်။
ဤမြေကွက်ကြီးကို သူလည်းမယူ ။ မိခင်ကြီးအား ရည်စူး၍ ပြည်သူများရှေ့ရေးအတွက် ဒေါ်ခင်ကြည် ပရဟိတဖေါင်ဒေးရှင်းသို့ ဤမြေကွက်ကြီးကို ပေးလှူလိုက်မည်။ ပြတ်သားလွန်းလှပါသည်။
မြန်မာ ပြည်သူလူထုင်္ကြီးအတွက် မိမိရ ရှိမည့် အခွင့်အရေးကို စွန့်လွှတ်ကာ မွန်မြတ်သော အမေစု ဧ။် ပရဟိတ အမှုတို့ အတွက် ကမ္ဘာ တည်သရွေ့ နတ်လူ သာဓု ခေါ်စေသော် ဟုသာ ဆုတောင်း ပတ္ထနာ ပြု လိုက်ရပါတော့သည်
မေမေကျန်းမာပါစေ။
Myomyanmar
CREDIT — ကိုကျော်နိုင်
==========================
ယခု ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော ၅၄ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်သည် မိခင်ကြီး
ဒေါ်ခင်ကြည် ပိုင်သောမြေဖြစ်သည်။ ၂၅ တာဝါလိန်းလမ်းအိမ်ကို ဗိုလ်ချု ပ်ပြတိုက် ဆောက်လုပ်ရန် အတွက် ဖဆပလ အစိုးရက အမှတ် ၅၄ သို့ ၁၉၅၅ တွင် ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးဘဝမှ အငြိမ်းစားယူခဲ့ပြီးအမှတ် ၅၄ တွင်နေထိုင်ခဲ့သည်။
သားကြီး ဦးအောင်ဆန်းဦးသည် အမေရိကန်တွင်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်တွင် လည်းကောင်းအသီးသီး နေထိုင်ကြ၍ ဒေါ်ခင်ကြည်တစ်ဦး တည်းသာလျှ င် နေထိုင်ခဲ့သည်။
ဒေါ်ခင်ကြည်သည် တူအရင်းဖြစ်သူ (ဒေါ်ခင်ကြည် ဧ။်အမအရင်းဖြစ်သူ)ဧ။် သား ဦးခင်မောင်အေးအား မွေးစားသား အဖြစ်မွေးစားခဲ့သည်။ (နောင် ဗိုလ်မှုးကြီး ခင်မောင်အေး)
ထို ၁၉၈၅ ခုနှစ်အထိ ဗိုလ်မှုးကြီးခင် မောင်အေးတွင် နေစရာ အိမ် မရှိပေ။
ယင်းကိုသိသော ဒေါ်ခင်ကြည်က မွေးစားသား(ယခု အသက် ၈၆ နှစ် ရှိ ပြီဖြစ်သော) ဗိုလ်မှုးကြီး ခင်မောင်အေး အတွက် အမှတ် ၅၄ မြေကွက် အတွင်းမှပေ ၇၀ × ၁၀၀ အကျ ယ်ရှိ မြေကွက်တစ်ပိုင်းကို တူသား အိမ်ဆောက် နေနိုင်ရန် အသိသက်သေများရှေ့၌ လက်မှတ်ရေးထိုးပေးအပ်လေသည်။
၁၉၈၈ တွင်ဒေါ်ခင်ကြည် ကျန်းမာရေးချို့ ယွင်းလာချိန် သားကြီးကိုဦး နှင့် သမီးငယ်မစုထံ မိခင်ကြီး ကို လာကြည့်ရန်မှာကြားဧ။်
သားကြီးကိုဦး အလုပ်ခွင်အခြေအနေ အရ မလာနိုင်သော်လည်း သမီးငယ် မစု မှာ ထိုင်းအဲယားဝေးဖြင့်
ရောက်လာဧ။်။
မိခင် ဒေါ်ခင်ကြည်က ဗိုလ်မှုးကြီး ခင်မောင်အေးအား ပေ ၁၀၀ × ၇၀ မြေကိုပေးအပ်ထား ကြောင်း ရောက်ရောက်ချ င်းပြောပြဧ။် ဒေါ်စုက ဘာမျှထင်မြင်ချက် မပေးပါ။
ဗိုလ်မှုးကြီးခင်မောင်အေးကို မြေ ၁၀၀ × ၇၀ ပေးခြင်းကို သားကြီးကိုဦးသည် မကျေ လည် ခဲ့ပေ။ထို့ကြောင့် ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးတွင် တရားဆွဲဆိုခဲ့သည်။
စွပ်စွဲချက် တို့သည် အထောက်အထား ခိုင်မာမှု မရှိသည့်အတွက် ရုံးတော်မှ အမှု ကိုပယ်ချ ခဲ့သည် ။
ဗိုလ်မှုးကြီးခင်မောင်အေးရမည့် မြေတန်ဘိုးသည် ကာလပေါက်ဈေး သိန်းပေါင်း ( ၇၀၀၀၀ )ခုနှစ်သောင်း
ခန့်တန်ပေသည်။
ယခု အခြေအနေ အရပ်ရပ်သည် ညီညွတ်ရေးဆီသို့ ဦးတည်ပြောင်းလဲ ခဲ့ပြီ ။ သဘောထားကွဲလွဲမှု
များလည်းယခင်ကလို မရှိတော့ပါ။ ဒေါ်စု သဘောထားက ရှင်းသည်။
ဦးအောင်ဆန်းဦး ရရှိမည့်မြေပိုင်ဆိုင် မှု အတွက် သင့်တင့်မျှ တသော ငွေကို သူ အမ်းပေးမည်။
ဗိုလ်မှုးကြီးခင်မောင်အေး မြေကွက် အတွက်လည်း တန်ဘိုးငွေ အမ်းပေးမည်။
ဤမြေကွက်ကြီးကို သူလည်းမယူ ။ မိခင်ကြီးအား ရည်စူး၍ ပြည်သူများရှေ့ရေးအတွက် ဒေါ်ခင်ကြည် ပရဟိတဖေါင်ဒေးရှင်းသို့ ဤမြေကွက်ကြီးကို ပေးလှူလိုက်မည်။ ပြတ်သားလွန်းလှပါသည်။
မြန်မာ ပြည်သူလူထုင်္ကြီးအတွက် မိမိရ ရှိမည့် အခွင့်အရေးကို စွန့်လွှတ်ကာ မွန်မြတ်သော အမေစု ဧ။် ပရဟိတ အမှုတို့ အတွက် ကမ္ဘာ တည်သရွေ့ နတ်လူ သာဓု ခေါ်စေသော် ဟုသာ ဆုတောင်း ပတ္ထနာ ပြု လိုက်ရပါတော့သည်
မေမေကျန်းမာပါစေ။
Myomyanmar
CREDIT — ကိုကျော်နိုင်
Friday, June 16, 2017
မြန်မာ့ ဒီမိုကရေစီအသွင်ပြောင်းလုပ်ငန်းကြီးနှင့် တိုက်ရိုက် ပတ်သက်နေသော ရန်ကုန် အိမ် ခြံ မြေ ရင်း နှီး မြှုပ်နှံ မှု များ
၂၀၁၀
ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ
မှ အနိုင်ရ ပြီး အစိုးရ ဖွဲ့ စည်းခဲ့သည် ။
သမ္မတ အဖြစ် ဦးသိန်းစိန်၊ ဒုတိယ သမ္မတများ အဖြစ် သီဟသူရ တင်အောင်မြင့်ဦး
နှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့ ကို ခန့် အပ်ခဲ့ကြသည်။ သီဟ သူရ
တင်အောင်မြင့်ဦး အနားယူခဲ့ရာတွင် ဒုသမ္မတ အဖြစ် ဦးဥာဏ်ထွန်း ကိုအစားထိုး ခန့်  အပ် ခဲ့သည် ။
သီဟသူရ
တင်အောင်မြင့်ဦး အနားယူပြီး လိုက်သည့် အတွက် မူလ ဒုတိယ သမ္မတ (၂) မှ ဒုတိယ သမ္မတ (၁) အဖြစ်သို့  အဆင့် တိုးမြှင့်
တာဝန် ထမ်း ဆောင် မှု ကြောင့် ဒေါက်တာ စိုင်းမောက်ခမ်း နှင့် နီးစပ်သည့် တရုတ်ပည် နယ်စပ် ရှိ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သူများအား ရန်ကုန်
မြို့ 
မြေ ကွက် များ ရင်းနှီး မြှုပ် နှံရန် စိတ်ချ သေချာသည့် အခွင့် အလမ်း များ
အဖြစ် ပေါ်ထွက် လာ စေခဲ့ သည်။
အိမ် ခြံ မြေ ဈေး ကောင်း ခဲ့သည့် ကာလ
ဖြစ်သော ၂၀၀၇ မှ ၂၀၁၂ ခုနှစ် အတွင်း ကို ပြန် ပြောင်း ကြည့် ပါက ၂၀၀၇ ခုနှစ် သည်
တပ်မတော် အစိုးရ ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု ပြဌာန်း နိုင်ရေး
ကြိုးပမ်းဆဲ ကာလ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ ၏ အမည်မည်း စာရင်း ( Black List ) ၀င် ပြည်ပရောက်
မြန်မာများနှင့် တပ်မတော် အစိုးရ တာဝန်ရှိသူများ တိတ်တဆိတ် ဆက်သွယ်ကာ နိုင်ငံရေး
ပူးပေါင်း ဆောင်ရွက် နေသည့် ကာလ နှင့် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်
နိုင်ငံရေး ပါတီများ အပြိုင် အဆိုင် တည်ထောင် ပါဝင် ယှဉ် ပြိုင် ရေး ဖေါ်ဆောင်နေသည့်
ကာလ ဖြစ်ကြောင်း တွေ့ ရသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေး ကောက်ပွဲ သို့  အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီမှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင် ရွေးချယ်
ယှဉ်ပြိုင်ခဲ့မှုကြောင့် တပ်မတော်အစိုးရ၏ ဒီမိုကရေစီအသွင်ပြောင်းလုပ်ငန်းကြီး ကမ္ဘာ့
နိုင်ငံ အသီးသီး တွင် Legitimacy ဖြစ်ခဲ့
ကာ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း တွေ့  ရသည်။
၂၀၀၇
မှ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ ကာလအတွင်း နိုင်ငံရေးပါတီများ အပြိုင် အဆိုင်
တည်ထောင်ရာတွင် အမည်မည်း စာရင်းဝင် ပြည်ပရောက် နိုင်ငံရေး သမား များထဲမှ ဟန်ညောင်ဝေ၊ ဦးရဲထွန်း၊ ကျုံယွမ် ဦးကျော်မြင့် (ခ) နုတ်ခမ်းမွှေး ကျော်မြင့် တို့ ၏ ငွေ ကြေး ကို ကျောထောက်နောက်ခံ ပြုကာ
UDP ပါတီ နှင့် DPM ပါတီတို့ မှာ ထင်ရှား
ကျော်ကြား ခဲ့ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်း ဦးရဲထွန်း ၊ ဦးကျော်မြင့် နှင့် ဟန်ညောင်ဝေ တို့ နှင့်
စပ်ဆက် ပတ်သက် သူများ က ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်လောင်းများကို
ငွေကြေးဖြင့် နောက်ကွယ် မှ ပံ့ပိုးပေးခဲ့ကြသည်။
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးချိန် အထိ ကျုံယွမ် ကျော်မြင့် မှာ မြန်မာပြည်တွင်း ၀င်ရောက်နေထိုင်ခွင့် မရှိသော အမည်မည်းစာရင်းဝင် တစ်ဦးအဖြစ် တည် ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း ရှိ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများကို တရားဝင် ပုဂ္ဂလိက ဘဏ် တစ်ခု မှ ဆက်သွယ် ပြီး ဆောင် ရွက်ခဲ့ ကြောင်း နှင့် ရန်ကုန်အခြေစိုက် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများ၊ မြန်မာ နှင့် တရုတ် ပြည် နယ်စပ် နေထိုင်သည့် တိုင်းရင်းသား လုပ်ငန်းရှင် များ နှင့် ပူးပေါင်းကာ ရန်ကုန် အိမ် ခြံ မြေ ဈေးကွက် ကို ကိုင်လှုပ်ခဲ့ကြောင်း သိရသည် ။
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးချိန် အထိ ကျုံယွမ် ကျော်မြင့် မှာ မြန်မာပြည်တွင်း ၀င်ရောက်နေထိုင်ခွင့် မရှိသော အမည်မည်းစာရင်းဝင် တစ်ဦးအဖြစ် တည် ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း ရှိ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများကို တရားဝင် ပုဂ္ဂလိက ဘဏ် တစ်ခု မှ ဆက်သွယ် ပြီး ဆောင် ရွက်ခဲ့ ကြောင်း နှင့် ရန်ကုန်အခြေစိုက် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများ၊ မြန်မာ နှင့် တရုတ် ပြည် နယ်စပ် နေထိုင်သည့် တိုင်းရင်းသား လုပ်ငန်းရှင် များ နှင့် ပူးပေါင်းကာ ရန်ကုန် အိမ် ခြံ မြေ ဈေးကွက် ကို ကိုင်လှုပ်ခဲ့ကြောင်း သိရသည် ။
ဦးရဲထွန်းမှာ
ရောဂါဖြင့် ကွယ်လွန်ခဲ့ရပြီး ရဲဘက်ပြေး၊ ထောင်ပြေး ၊ တပ် ပြေး ၊ ရဲ ပြေး စသည့်
ပြေး (၄) ပြေး စာရင်း ၀င် အမည်မည်း စာရင်းတွင် ပါဝင်နေသော ကျုံယွမ်ကျော်မြင့် မှာ
၂၀၁၃ ခုနှစ် အတွင်း မြန်မာပြည်တွင်း ၀င်ရောက်နေထိုင်ခွင့် ရရှိရေး
ကြိုးပမ်းဆောင်ရွက် ခဲ့ရာ တရုတ် ကွန်မြူနစ်ပါတီမှ ပေါလစ် ဗြူရို များ အထိ ပါဝင်
ပတ်သက်ခဲ့သည့်အတွက် ကျုံယွမ်ကျော်မြင့် ကို အမည်မည်းစာရင်းမှ ပယ်ဖျက်ခြင်း၊ မြန်မာပြည်အတွင်း
တရားဝင် နေထိုင်ခွင့်ပြုခြင်း နှင့် ပြေး(၄) ပြေး စာရင်း ကို ပယ်ဖျက်ခြင်း အပြင်
ပြေး(၄)ပြေး နှင့် သက်ဆိုင်၍ ဆက်လက်ရင်ဆိုင်ရမည့် လုပ်ငန်းများ အားလုံးကို သမ္မတ
ဦးသိန်းစိန်အစိုးရ မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရသည် ။
ကျုံယွမ်ကျော်မြင့်ကဲ့သို့  အမည်မည်းစာရင်းဝင် ပြေး(၄) ပြေး နှင့် သက်ဆိုင်သည့်
ပြည်ပရောက် မြန်မာများထဲမှ စာရေးဆရာမင်းဒင် (မင်းဒင်ရဲ့ သက်ခိုင်) မှာ မြန်မာပြည်သို့  ပြန်လည် ၀င်ရောက်ပါက
အကျဉ်းထောင်မှ လွတ်မြောက် ထွက်ပြေးခဲ့သည့် အတွက် ယင်းပြေး(၄) ပြေး ကိစ္စ ကို
ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း နှင့် ယင်း ရဲဘက်စခန်းမှ ထွက်ပြေးလွတ် မြောက်
ခဲ့မှုကို သမ္မတ ဦးသိန်းစိန် အစိုးရ မှ လွတ်ငြိမ်းခွင့် မပြုကြောင်း
ပြန်ကြားခဲ့သည့် အတွက် ကျုံယွမ် ကျော်မြင့် ကို မြန်မာပြည်အတွင်း တရားဝင် နေထိုင်ခွင့်
သာမက ပြေး (၄) ပြေး ကိစ္စ ကို ပါ လွတ်ငြိမ်း ချမ်းသာ ပေးခဲ့သည့် ကျုံယွမ်ကျော်မြင့်
နှင့် သမ္မတ ဦးသိန်းစိန် အစိုးရ တို့  ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံရေး /
စီးပွားရေး လုပ်ငန်းများ အပေါ် ပြည်တွင်း/ ပြည်ပ နိုင်ငံရေး အင်အားစုများ
စိတ်ဝင်တစ် စားစောင့်ကြည့် ခဲ့ကြသည်။
မြန်မာပြည်တွင်း
တရားဝင်နေထိုင်ခွင့်သာမက ပြေး(၄) ပြေး အတွက် ကွင်းလွတ်ခွင့် ပေးခဲ့ရန်
ညှိနှိုင်းစဉ်ကာလအတွင်း နိုင်ငံတစ်ကာက ငွေကြေးခ၀ါချသူအဖြစ် အမည်မည်းစာရင်း
သွင်းခံထားရသူ ကျုံယွမ်ကျော်မြင့် အား တရုတ် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုများ၏
ညှိနှိုင်း စေ့စပ်ပေးမှုဖြင့် ဆောက် လုပ်ရေးနှင့်အိမ်ရာဖွံ့ ဖြိုးရေးဘဏ်ကို
တည်ထောင်ဖွင့်လှစ်ရာတွင် သွယ်ဝိုက်၍ လက်ဆင့်ကမ်း ပါဝင်စေခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံး နှင့် တရုတ် ပေါလစ်ဗျူရိုများ နှင့် ကာလကြာရှည် ရင်းနှီးဝင်ဆန့် ခဲ့သော စာရေးဆရာမင်းဒင်၏ မြန်မာပြည်ဝင်ခွင့် ကို ကင်းလွတ်ခွင့် မပေးခဲ့သောကြောင့် သမ္မတ ရုံး ၀န်ကြီးများ ဖြစ်သော ဦးအောင်မင်း နှင့် ဦးစိုးသိန်း ဦးဆောင်သည့် MPC အဆောက်အဦးမှ တာဝန် ထမ်းဆောင်နေကြသည့် စာရေးဆရာမင်းဒင် နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သော ငြိမ်းချမ်းရေးဆောင်ရွက်နေသူ တစ်ချို့  အကြား မျက်နှာပျက်စရာ ဖြစ်ခဲ့ကြကြောင်း သိရသည်။
သမ္မတ
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများနှင့်
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် ယုံကြည်စိတ်ချရသော အားကိုးအားထားပြုနိုင်မည့်
နိုင်ငံတော် အစိုးရ ပါဝင်သည့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ ဖြိုးရေးဘဏ်ကို
တည်ထောင်ဖွင့်လှစ်ရန်လမ်းညွှန်မှု ပေးခဲ့ပြီး ယင်းဘဏ်နှင့် သက်ဆိုင်သော
အဆောက်အဦများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပိုင် မြေနေရာများတွင်
တည်ဆောက်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။ ၂၀၁၃ ခုနှစ်၊မေလ၊(၈) ရက်နေ့  တွင်
စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတော် ဗဟိုဘဏ်မှ
၂၀၁၃ခုနှစ် ဇူလိုင်လ ၁၂ ရက် နေ့ စွဲ နှင့် မဘဘ/ပ-၃၁/(၇)၂၀၁၃ ( No.MaBaBa/
P-31/(7) 2013 (1) dated 12th July 2013 ) ဖြင့် တရားဝင် ဘဏ်လုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့သည်။
ကျုံယွမ်ကျော်မြင့်သည်
မြန်မာပြည်တွင်း သို့  ၀င်ရောက်နေထိုင်ခွင့် ရရှိခဲ့ပြီး နောက် ရန်ကုန် မြို့  အနှံ့  အပြားနှင့် မန္တလေး တိုင်း တို့ မှ မြေကွက် အများအပြား ကို ဈေးကစား ကာ တက် ဈေး
ရောက်ချိန်တွင် အားလုံးကို ထုတ်ရောင်းပြီး ဆောက်လုပ်ရေးနှင့် အိမ် ရာ ဖွံ့ ဖြိုး ရေး
ဘဏ်တွင် အစုရှယ်ယာအများအပြားကို ပုံအော ၀ယ်ယူခဲ့ကြောင်း နှင့် ယင်းသို့  ပုံအော ၀ယ်ယူမှုကို
တရား ၀င် ဖြစ်ရေးအတွက် ရန်ကုန်မြို့  အခြေစိုက် စီးပွားရေးလုပ်ငန်းအင်အား စု တစ်စု
မှ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကျုံယွမ်ကျော်မြင့်သည်
UDP ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ပြီး ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ ခိုင်မာ တရားဝင်ဖြစ်ရေးအတွက်
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် က မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတ ယုဟိုလမ်
နှင့် တွေ့ ဆုံခဲ့ပြီး နိုင်ငံရေး စီးပွားရေး လူမှုရေး ဆိုင်ရာ များ နှင့် အနာဂါတ် ဆောင်ရွက်မည့်
လုပ်ငန်းများ အကြောင်း ဆွေးနွေးခဲ့သည်။ ယင်းအချိန်တွင် ဟန်ညောင်ဝေ သည် သမ္မတ ဦးသိန်းစိန် အစိုးရ ၏ သမ္မတ ရုံး ၀န်ကြီးများ ဦးဆောင်သည့် Myanmar Peace Center တွင် တက်ကြွ စွာ ပါဝင် ဆောင်ရွက်လျက်ရှိနေကြောင်း တွေ့ ရသည်။
On 31 Dec. 2013, Chinese Ambassador Mr. Yang Houlan
met with the Executive Chairman of United Democratic Party of Myanmar(UDP) U
Kyaw Myint and other CEC members of this party.
ရန်ကုန်တိုင်းဒေသကြီး
အတွင်း ရှိ နေရာ အခက်အခဲ ရှိသူများ အား နေရာ ချထားပေးရေး ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရ အဖွဲ့ အနေဖြင့် အစိုးရ အဖွဲ့ ရန်ပုံငွေ အပြင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
၏ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရမည့် လုပ်ငန်းများ ပါဝင် နေသောကြောင့် ကျုံယွမ်ကျော်မြင့်
၏ ငွေကြေးပိုင်းဆိုင်ရာ ပါဝင်ပတ်သက်မှု၊ အစုရှယ်များ စုဆောင်းဝယ်ယူထားခြင်းများအား စောင့်ကြည့်လေ့လာမှုများကို
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဖြိုးမင်းသိန်းအနေဖြင့် NLD ပါတီ၏
ဦးဆောင်မှုကို ခံယူကာ ဆောင် ရွက် လျက် ရှိနေကြောင်း
သိရသည်။
မြန်မာနိုင်ငံ၏ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များအတွင်း
ကျုံယွမ်ကျော်မြင့်မှာ နိုင်ငံရေးပါတီ တစ်ရပ် ကို တည်ထောင်ထားခြင်း၊ မေမြို့  စစ်တက္ကသိုလ် DSA ကျောင်းဆင်းများကို ၀န်ထမ်း အဖြစ်ခန်
့အပ်ထားခြင်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးမှု ဘဏ်တွင် အစုရှယ်ယာ အများ အပြား
ပိုင်ဆိုင်နေပြီး Semi Government ဘဏ်မှ ပုဂ္ဂလိက ဘဏ်အဖြစ် သို့ အသွင် ပြောင်းလဲခြင်း
၊ ကျုံယွမ်ကျော်မြင့် ပိုင်ဆိုင်သော UDP ပါတီ ၏ ပါတီ စည်းရုံးရေးဆိုင်ရာ သတင်း များကို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပိုင်ဆိုင်ထုတ်ဝေသော ရှေ့  ဆောင် သတင်းဂျာနယ် တွင် ဖေါ်ပြပေးလေ့ ရှိခြင်းများ
နှင့် အတူ ကျုံယွမ်ကျော်မြင့် ၏ တိုင်းရင်း
သား လက်နက်ကိုင် အဖွဲ့ အစည်း များ အပေါ် သြဇာညောင်းမှုသည် ၂၁ ရာ စု ပင်လုံ ညီလာခံ အထိ
ရင်းနှီးဝင်ဆန့် ခြင်း ၊ ကျုံယွမ် ကျော်မြင့် နှင့် ရင်းနှီး လျက်ရှိခဲ့သော ပြည်ပ နိုင်ငံသား ခံယူပြီးဖြစ်သည့် ဟန်ညောင်ဝေ ကို လက်ရှိ NLD အစိုးရက ပြည်ဝင်ခွင့် ဗီဇာသက်တမ်းကို တိုးမြှင့်ပေးခြင်း မရှိတော့သည့် အတွက် ပြည်ပသို့ ပြန်လည်ထွက်ခွာသွားရခြင်း နှင့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် မြန်မာ့ဒီမိုကရေစီအသွင်ပြောင်း လုပ်ငန်းကြီးများနှင့် မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများတွင် ပါဝင်ခဲ့သော ဦးဟန်ညောင်ဝေ ကို လက်ရှိ NLD အစိုးရ ပြည်ဝင်ခွင့် ဗီဇာ သက်တမ်း တိုးမြှင့် ခြင်း ကို ရပ်ဆိုင်း သကဲ့သို့  ကျုံယွမ် ကျော်မြင့် ၏ စီးပွားရေးလုပ်ငန်းများကို NLD အစိုးရ က အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လာနိုင်ခြင်း စသည့် သတင်း များကြောင့် ရန်ကုန် မြို့ အတွင်း အိမ် ခြံ မြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အတွင်း နိုင်ငံရေးကြောင့်
စီးပွားရေး ထိုးနှက် ခံ ရမည့် အရေး အတွက် ရင်းနှီးမြှုပ်နှံရန် စိုးရိမ် ထိတ်လန့် မှု
များ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည် ။
NLD ပါတီ
အစိုးရ လက်ထက်တွင် ငွေကြေးခ၀ါချမှုများ ကို အရေးယူဖေါ်ထုတ်ခြင်းနှင့် ငွေမည်းများကို
ထိန်းချုပ်ခြင်းတို့ အား အပြင်းအထန် ဆောင်ရွက်နေသောကြောင့် ငွေကြေး ခ၀ါချမှုများနှင့်အမည်မည်း စာရင်း
တွင် ပါဝင် နေသော ကျုံယွမ်ကျော်မြင့် ၏ ငွေ နှင့် အစုရှယ်ယာများ ပါဝင် နေခြင်းအတွက်
ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ ဖြိုးရေး ဘဏ် မှ အစုရှယ်ယာရှင်အများစုက စိုးရိမ်မှုများ
ဖြစ်ပေါ်နေသကဲ့သို့  ကာယကံရှင် ဖြစ်သော ကျုံယွမ်ကျော်မြင့် ကိုယ်တိုင်က လည်း ယင်း ဆောက်လုပ်ရေး
နှင့် အိမ်ရာဖွံ့ဖြိုးမှု ဘဏ် အတွင်း အစုရှယ်ယာ နှင့် ငွေကြေး ထည့်ဝင်ထားမှုများအပေါ်
စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက်ဖြစ်ပွားပါက ငွေကြေးနှင့်ပိုင်ဆိုင်မှု များ လက်လွှတ် ဆုံးရှုံးရမှုနှင့်
ရင်ဆိုင်ရမည့် အပေါ် စိုးရိမ်လျှက်ရှိနေကြောင်း ကျုံယွမ်ကျော်မြင့်နှင့်နီးစပ်သည့်
DSA ဟောင်းများအတွင်း ပြောဆိုလျက်ရှိသည်။
အိမ် ခြံ မြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအားလုံး
စိုးရိမ်မှုများ ကို ကျော်လွှားရန်မှာ ဘဏ် ရှိ ငွေ များထုတ်ယူခြင်း နှင့် အစုရှယ်ယာများ
ပြန်လည်ရောင်းချကာ ရန်ကုန်အိမ်ခြံမြေ များကို လက်ဝယ် ပိုင်ဆိုင် ၀ယ်ယူရေးနည်းလမ်းဖြစ်ကြာင်းသိရသည်။
ဒဂုံမြို
့သစ် မြောက် ပိုင်း မြို့ နယ် ရှိ အိမ် ခြံ မြေ ရင်းနှီး မြှုပ်နှံသူ အလင်းဆိုင်
(စား သောက်ဆိုင် ) ပိုင်ရှင် မအိကလည်း တက်ဈေး နှင့် ၀ယ်ထားသော မြေကွက် အချို့ ကို အရှုံး ခံ ရောင်းချခဲ့ရကြောင်း၊ ငွေကြေး အခက်အခဲ
အတွက်သာ အရှုံးခံ ရောင်းချသူများ ရှိနေသကဲ့သို့  နိုင်ငံရေး နှင့် သက်ဆိုင်သော မြေဈေး
အတက်အကျ ကြောင့် မြေဈေး ပြန် တက် မည် ကို
ယုံကြည်နေကြသည့် မြေကွက် ပိုင်ဆိုင် ထားသူများက မူခေါ်ဈေးအတိုင်း ဈေးခေါ် ရောင်းချနေဆဲ ဖြစ်ကြောင်း ပြောကြားသည်။
ရန်ကုန် အိမ် ခြံ မြေ ဈေး တက်နေသည့် ကာလများတွင် ဆောင်ရွက်သည့် မြန်မာ့ ဒီမိုကရေစီ အသွင် ပြောင်း လုပ်ငန်းများ နှင့် ငြိမ်းချမ်းရေးလုပ်ငန်းများသာ လွယ်ကူချော မော အောင်မြင်မှုရှိခဲ့ကြောင်း နှင့် ရန် ကုန် အိမ် ခြံ မြေ ဈေး အေးခဲနေခြင်း နှင့် ရန်ကုန် အိမ် ခြံ မြေ ဈေး ကျ နေသည့် အချိန် များတွင် ဆောင် ရွက် သော မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု လုပ်ငန်းများနှင့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဖေါ်ဆောင် မှု လုပ်ငန်များမှာ အခက်အခဲ အကြပ်အတည်းများနှင့် နှေးကွေး စွာ ဆောင်ရွက်နေရမှုများ မှာ ထူးဆန်းစွာ တိုက်ဆိုင်လျက်ရှိကြောင်း လေ့လာတွေ့ ရှိရသည်။
ရန်ကုန် အိမ် ခြံ မြေ ဈေး တက်နေသည့် ကာလများတွင် ဆောင်ရွက်သည့် မြန်မာ့ ဒီမိုကရေစီ အသွင် ပြောင်း လုပ်ငန်းများ နှင့် ငြိမ်းချမ်းရေးလုပ်ငန်းများသာ လွယ်ကူချော မော အောင်မြင်မှုရှိခဲ့ကြောင်း နှင့် ရန် ကုန် အိမ် ခြံ မြေ ဈေး အေးခဲနေခြင်း နှင့် ရန်ကုန် အိမ် ခြံ မြေ ဈေး ကျ နေသည့် အချိန် များတွင် ဆောင် ရွက် သော မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု လုပ်ငန်းများနှင့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဖေါ်ဆောင် မှု လုပ်ငန်များမှာ အခက်အခဲ အကြပ်အတည်းများနှင့် နှေးကွေး စွာ ဆောင်ရွက်နေရမှုများ မှာ ထူးဆန်းစွာ တိုက်ဆိုင်လျက်ရှိကြောင်း လေ့လာတွေ့ ရှိရသည်။
Subscribe to:
Posts (Atom)












































