Popular Posts

Friday, September 11, 2015

ဗ လီ ဆ ရာ များ NLD မဲ ပေး ရန် ဟော ပြော စည်း ရုံး

မွတ်စလင်တိုင်း NLD ပါတီကို မဲပေးဖို့ ဗလီအတွင်းစည်းရုံးလေပြီ

Thursday, September 10, 2015

ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၊ ပါလျှံရပ်၊ပါလျှံဗလီမှာ အစ္စလာမ်ဘာသာဝင်များ ပုံမှန်ဝတ်ပြုသည့်အချိန်တွင်ဦးမော်လီဟာဆန်း က ၎င်းတို့ ဘာသာရေးဝတ်ပြုချိန်တွင် ဘာသာရေးနှင့် မသက်ဆိုင်သော နိုင်ငံရေးအကြောင်းများ ဟောပြောဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။

ထိုသို့ဟောပြောရာမှာ ဦးမော်လီဟာဆန်းက "မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များအကြား ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့်ပတ်သက်ပြီး ဘာသာဝင်များ အားလုံးအသိပင် ဖြစ်ပါတယ်၊ ဒီပဋိပက္ခများကို ဘယ်အဖွဲ့ အစည်း ဘယ်ပါတီကမှ ၀င်ရောက်ဖြေရှင်း ပေးနိုင်ခြင်းမရှိခဲ့ဘူး၊ ငါတို့ဘာသာအတွက် နားလည်မှု အရှိဆုံးနှင့် အား အကိုးရဆုံး ပါတီလို့ပြောလို့ရတဲ့ အဖွဲ့အစည်းဟာ တစ်ခုပဲရှိတယ်၊ ငါတို့အနေနဲ့ ဒါကို သိထားရမှာဖြစ်တယ်၊ ဒါမှသာ ငါတို့ ဘာသာအတွက် အလားအလာ ကောင်းတွေ ရလာဒ်ကောင်းတွေရလိမ့်မယ်၊ ငါတို့ရဲ့ဗလီတိုင်းဗလီတိုင်းမှာ မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင် အဖွဲ့ချုပ်အနေဖြင့် ဆက်သွယ်ပြောဆိုထားတာလဲ အားလုံးသိကြတဲ့ အတိုင်းပါပဲ၊ ၂၀၁၅ ရွေးကောက်ပွဲ မှာ အစ္စလာမ်ဘာသာဝင်တိုင်း မဖြစ်မနေ NLD ပါတီ ကိုသာ ဆန္ဒမဲပေးရမှာဖြစ်တယ်" ဆိုပြီး ၀တ်ပြုချိန်တွင် ပြောဆိုခဲ့ပါတယ်။

ထိုသို့ ပြောဆိုလိုက်ချိန်မှာ ဗလီအတွင်းရှိ လူများက တစ်ယောက်တစ်ပေါက်နဲ့ စကားစများ ထွက်ပေါ်လာပါတယ်။ ထိုသို့ တစ်ယောက်တစ်ပေါက် ပြောနေချိန်မှာပဲ ဦးမော်လီဟာဆန်းက "ဒါဟာ အစ္စလာမ် ဘာသာဝင်အဖွဲ့ချုပ်အနေခိုင်းတာ ဖြစ်တယ်၊ မင်းတို့ဘာသာ မင်းတို့ဘယ်ပါတီပဲ ၀င်ထားဝင်ထား အခု လက်ရှိမှာတော့ NLD ကိုပဲ ဆန္ဒမဲပေး ထောက်ခံ ကြရမယ်၊ ဒါမှ ငါတို့ဗလီ ငါတို့ဘာသာ အတွက် ငွေကြေး အထောက်အပံ့တွေကို အစ္စလာမ်ဘာသာဝင်များ အဖွဲ့ချုပ်က ဆက်လက်ထောက်ပံ့ပေးမှာဖြစ် ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး "ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကိုလည်း ငါတို့ ဘာသာဝင် အခြားသောနိုင်ငံများက ထောက်ပံ့ပေးထားပြီး ငါတို့ အစ္စလာမ်ဘာသာဝင်များ၏ အရေး ကိစ္စများကို ကြည့်ရှုနိုင်ဖို့ ပြောဆိုထားတာတွေလဲရှိပြီးသားဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့အနေနဲ့ အစ္စလာမ်ဘာသာဝင် များ အဖွဲ့ချုပ်က ပြောတဲ့အတိုင်း NLD ပါတီကို အပြည့်အ၀ယုံကြည်ထောက်ခံ အားပေးရမယ်" လို့ ဦးမော်လီဟာဆန်းက ထပ်မံ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကျိုင်းတုံမြို့နယ်နှင့် တခြားသောနီးစပ်ရာ မြို့နယ်အတွင်းရှိအစ္စလာမ် ဘာသာဝင်များ စုပေါင်း ကာ NLD ပါတီအား အပြည့်အ၀ ဆန္ဒမဲပေးကြမည်ဖြစ်တဲ့ အကြောင်း ကျိုင်းတုံမြို့ခံ တစ်ဦးက ပြောပါတယ်။

အစ္စလာမ် ဘာသာဝင်များအနေဖြင့်လည်း အကျိုးမျှော်လို့ ညောင်ရေလောင်းကာ အစ္စလာမ်ဘာသာ ၀င်ဦးရေး တိုးတက်လာမည်ကို စိတ်အားတက်ကြွစွာ NLD ပါတီ အား ထောက်ခံအားပေးလျက်ရှိပါကြောင်း သတင်းရရှိပါတယ်။

ထွန်းမင်း(ကျိုင်းတုံ)

 

https://www.facebook.com/%E1%80%B1%E1%80%99%E1%80%AC%E1%80%B9%E1%80%9C%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%80%84%E1%80%B9-%E1%80%99%E1%80%98%E1%80%9E-%E1%80%9C%E1%80%BD%E1%80%B3%E1%80%95%E1%80%B9%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%85%E1%80%AC%E1%80%85%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-736474559809090/timeline/  မှ ကူးယူဖေါ်ပြသည်။


ရွေးကောက်ပွဲ ဥပဒေ တွင် ဗလီ ဆရာ များကို သာသနာ့ ဝန် ထမ်း အဖြစ် သွတ်သွင်း ထား ခြင်း မရှိ ကြောင်း သိရသည်။

အစိုးရနှင့် ဖေ့စ်ဘွတ်ခ် ပေါင်းပြီး အကောင့်ရှင်း အရေးယူမည်

အစိုးရနဲ့ ဖေ့စ်ဘွတ်ခ် တို့ ပူးပေါင်းပြီး ရွေးကောက်ပွဲရာသီအတွင်း ဖေ့စ်ဘွတ်ခ်ကနေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သူများ၊ အမုန်းစကားပြောဆိုသူ အကောင့်များကို ရှင်းထုတ်သွားဖို့ လုပ်ဆောင်နေပြီလို့ သမ္မတရုံးက ပြောပါတယ်။

အချက် ၁၂ ချက်ပါ ဖေ့စ်ဘွတ်ခ်ရဲ့ လူမှုကွန်ရက်ဆိုင်ရာစံနှုန်းများ ပြုစုထားပြီး အဲ့ဒီအချက်တွေကို လိုက်နာမှုမရှိရင် အရေးယူမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"ဖေ့စ်ဘွတ်ခ်ရုံးခွဲ မြန်မာနိုင်ငံမှာရှိတယ်။ သူတို့နဲ့ ကျနော်တို့နဲ့ နေပြည်တော်မှာတပွဲ၊ ရန်ကုန်မှာတပွဲ လုပ်ထားပြီးပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့ community standard တွေပေါ့၊ အဲ့ဒါကို ကာတွန်းတွေနဲ့ ဘာမလုပ်ရဘူး ဆိုတဲ့ဟာတွေ၊ ဖေ့စ်ဘွတ်ခ်ရဲ့ စည်းမျဉ်းအရ ဒီဟာတွေ လုပ်တယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အရေးယူမယ်ဆိုတာ ဖေ့စ်ဘွတ်ခ်က ရှင်းထားတယ်။"

ပြုစုထားတဲ့ အချက် ၁၂ ချက်ပါ ဖေ့စ်ဘွတ်ခ်ရဲ့ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းတွေကို မီဒီယာတွေထံ ပေးပို့ ဖြန့်ချိသွားမယ်လို့လည်း ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ စံနှုန်းတွေထဲမှာ အကြမ်းမဖက်ရ၊ မခြိမ်းခြောက်ရ၊ အနိုင်မကျင့်ရ၊ မနှောင့်ယှက်ရ၊ အမုန်းစကား မပြောရ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လေးစားပါ၊ မူပိုင်ခွင့် အသိရှိပါ၊ ရိုင်းစိုင်းမှုများကို တိုင်ကြားနိုင်သည် စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဘလော့ဂါ ကိုနေဘုန်းလတ်ကတော့ အရေးယူတဲ့အခါ ကျောသားရင်သား မခွဲခြားဘဲ အရေးယူဖို့ လိုမယ်လို့ သုံးသပ် ပြောပါတယ်။

"နာမည်အစစ်နဲ့ သုံးနေတဲ့သူတွေက နည်းနည်းလေးကျွံပြီး ပြောမိတာနဲ့ ဒီလူတွေကို အရေးယူပြီးတော့ ကျန်တဲ့ကိစ္စတွေတော့ သူတို့ လိုက်လို့ မရလို့ပါဆိုပြီး လျှောချသွားတဲ့ ပုံစံမျိုးတွေဖြစ်မှာ စိုးရိမ်တယ်။ တကယ်လုပ်မယ်ဆိုရင် ကျောသားရင်သား ခွဲခြားလို့ မရဘူးဗျ။"

အစိုးရနဲ့ ဖေ့စ်ဘွတ်ခ်တို့တင် ပူးပေါင်းလုပ်ဆောင်တာမျိုးထက် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေလည်း ပါဝင်လုပ်ဆောင်ခွင့် ပေးသင့်တယ်လို့ ပြောပါတယ်။

လတ်တလောမှာပဲ သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးရဲ့အကောင့် မှူးဇော်ဖေ့စ်ဘွတ်ခ်ကနေ ဒါရိုက်တာမိုက်တီးကို သတိပေးစာ ရေးတင်ထားတာ တွေ့ရပါတယ်။

သမ္မတရဲ့ ရုပ်ပုံကို အကြမ်းဖက် တိုက်ခိုက်နေဟန် တင်ထားတာနဲ့ ပတ်သက်လို့ သူက မိုက်တီးသို့လို့ အစချီပြီး ခုလို သတိပေး ရေးသားထားပါတယ်။

အကြမ်းဖက် အားပေး လှုပ်ရှားမှုတွေ၊ ရေးသားဖော်ပြမှုတွေကို တည်ဆဲဥပဒေတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အရေးယူလေ့ ရှိပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ Community Standards လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းတွေမှာလည်း ဒီလိုမျိုး တင်တာမျိုးတွေဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အရေးယူမှာဖြစ်ကြောင်း Facebook Safety Page မှာ ဖော်ပြထားပါတယ်။

နိုင်ငံသားတွေဟာ ဥပဒေနဲ့အညီ လွတ်လပ်ခွင့်တွေကို ရယူခံစားနိုင်ပါတယ်။ (ဥပဒေနဲ့အညီ ဆိုတဲ့ စကားလုံးကို သတိပြုဖို့လိုပါတယ်)။ အလားတူပါပဲ ဥပဒေကို ချိုးဖောက်တယ် ဆိုရင်တော့ ဥပဒေနဲ့အညီ အရေးယူခြင်း ခံရမှာပါပဲ။ ဒါကြောင့်လည်း လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့ လိုပါတယ်။ ကိုယ့်လုပ်ဆောင်ချက် ကိုယ်ပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။

http://burmese.dvb.no/archives/111692 မှ ကူးယူဖေါ်ပြသည်။ 

ကျောက်တန်းပြည်သူများအတွက် NLD’ NHN မှ ဆရာဝန်များ ပညာပေးဆွးနွေးခြင်းဆောင်ရွက်

ကျောက်တန်းပြည်သူများအတွက် NLD' NHN မှဆရာဝန်ကြိးများ ဆရာဝန်များ ဆရာမ များဆေးဝါးကုသခြင်း ပညာပေးဆွေးနွေးခြင်း အာဟာရတန်ဖိုးရှင်းလင်းပြောကြားခြင်းများဆောင်ရွက်ပေးခြင်းများကို ဧပြီလ၊ ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ပေးခဲ့ပါသည်။

လူရွင်တော်များ NLD အောင်နိုင်ရေးအတွက် သံချပ်များတိုက်

၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁၀) ရက်

ယနေ့ တော်ဝင်နှင်းဆီတွင် ကိုအရိုင်း ကိုဗေလုဝ ကိုပန်းသီးတို့  အဖွဲ့သားတွေ NLD အောင်နိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို လှည့်လည်ဖျော်ဖြေနိုင်ရန်အတွက် သံချပ်များတိုက်ကာ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်

http://www.nldofficial.org/election/%E1%80%9C%E1%80%B0%E1%80%9B%E1%80%BC%E1%80%84%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-nld-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%94%E1%80%AD/ မှ ကူးယူဖေါ်ပြသည်။

အထူးတလည် မဲဆွယ်စည်းရုံးစရာမလိုကြောင်း သူရဦးရွှေမန်း ပြောကြား

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း သူရဦးရွှေမန်းက သူ့အနေနဲ့ အထူးတလည် မဲဆွယ်စည်းရုံးစရာ မလိုကြောင်းနဲ့ စိုးရိမ်ပူပန်နေမှာစိုးတဲ့အတွက် ဖြူးမြို့နယ်က ဒေသခံတွေနဲ့ လာရောက်တွေ့ဆုံတာဖြစ်ကြောင်း ဒီနေ့ ပြောပါတယ်။

သူရဦးရွှေမန်းဟာ သူ့ရဲမွေးရပ်ဇာတိမြေ ဖြူးမြို့နယ် ကြူအင်းကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ သူ့ကို စိုးရိမ်ပူပန်သူတွေ ရှိနေတဲ့အတွက် အခုလိုတွေ့ဆုံတာဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်ဒီမြို့နယ်မှာ အထူးမဲဆွယ်စရာမလိုပါဘူး၊ မဲလည်းဆွယ်မှာမဟုတ်ပါဘူး၊ အခုလအတွင်းမှာဖြစ်ခဲ့တဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကျနော့်ကို စေတနာ မေတ္တာ စာနာမှုတွေရှိပြီးတော့ ဒီကာလလေးမှာတော့  သွားပြီးတော့မျက်နှာပြပေးပါ၊ ကျနော့်အနေနဲ့ လူကြီးတွေရဲ့ စေတနာကိုနားလည်ပါတယ်၊ ကျနော်ပြောမယ် ဆို အထူးမဲဆွယ်စရာမလိုပါဘူး၊ ဘာကြောင့်လဲဆိုရင် ကျနော့်ရဲ့ စေတနာ မေတ္တာ ဒီမြို့နယ်အပေါ်မှာ ထားတဲ့ ကျနော့်ရဲ့ သစ္စာတရား သံယောဇဉ်တရားတွေ ဒီမြို့နယ်မှာရှိကြတဲ့ လူတိုင်း မဟုတ်တောင် တော်တော်များများကသိနေတဲ့အတွက် ကျနော်မဲဆွယ်စရာမလိုပါဘူး"

ဒါ့အပြင် သူရဦးရွှေမန်းက "ငါနဲ့မတူ ငါ့ရန်သူ၊ အပြုတ်တိုက်မယ် အပြတ်ရှင်းမယ်၊ ငါပဲ နေရာယူမယ်၊ နေရာကို ပုံစံအမျိုးမျိုး ပုံသွင်းပြီး ယူမယ်ဆိုတဲ့ အနေအထားမျိုးဆိုရင် ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး" လို့လည်း ပြောခဲ့ပါတယ်။

သူရဦးရွှေမန်းက ဖြူးမြို့နယ်တင်မကဘဲ တစ်နိုင်ငံလုံးမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးတို့ကို ဆောင်ရွက်ပေးသွားမယ်လို့ ဒေသခံတွေနဲ့ တွေ့ဆုံတဲ့နေရာတိုင်းမှာ ကတိပေးခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နေပြည်တော်ကောင်စီ ဇေယျာသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တာဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာတော့ သူ့ဇာတိဖြစ်တဲ့ ဖြူးမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။

ဖြူးမြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် အန်အယ်လ်ဒီပါတီက ဦးသန်းညွန့်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ဒေါ်နန်းခင်ဦးနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကိုကိုကျော် တို့အပါအ၀င် ကိုယ်စားလှယ်လောင်း ၇ ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ခြိမ်းခြောက်မဲဆွယ်တာ ဥပဒေ နဲ့ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြော

ကယားပြည်နယ်မှာ ဒေသခံတွေကို ခြိမ်းခြောက်ပြီး မဲဆွယ်တာတွေ ရှိနေကြောင်းနဲ့ အဲ့ဒီလိုမဲဆွယ်မှုတွေဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

ကယားပြည်နယ် ဖားဆောင်းမြို့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

"ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဆိုလို့ရှိရင် တချို့နေရာတွေမှာ ခြိမ်းခြောက်မှုတွေရှိတယ်လို့ ကျမကြားရပါတယ်၊ ဒီအဖွဲ့ကို မဲမပေးလို့ရှိရင် ပြဿနာတက်မယ်၊ ဟိုအဖွဲ့ မဲပေးလို့ရှိရင် ပြဿနာတက်မယ် စသည်ဖြင့် အဲ့ဒီလိုခြိမ်းခြောက် မှုတွေရှိတယ်ဆိုတာ ကျမကြားရပါတယ်၊ ဒီတော့ ဒီလိုခြိမ်းခြောက်ခြင်းဟာ ဥပဒေနဲ့ဆန့်ကျင်တယ်ဆိုတာ ကျမ ပထမပြောပါရစေ၊ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းဥပဒေများအရဆိုရင် ဘယ်သူ့ကိုမှ ခြိမ်းခြောက်ပြီးတော့ မဲကိုထည့်ရမယ်၊ မဲမထည့်ရဘူးဆိုတာကို ပြောပိုင်ခွင့်မရှိဘူး၊ အဲ့ဒီလိုလုပ်တာဟာ ဥပဒေချိုးဖောက်ရာရောက် ပါတယ်"

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကို မဲမပေးဖို့ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ နိုင်ငံရေး ပါတီတချို့က တိုင်းရင်းသားဒေသတွေမှာ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနိုင်ကြောင်းနဲ့ အဲ့ဒီလို ခြိမ်းခြောက်မှုတွေ ရှိလာရင်လည်း သတ္တိရှိရှိနဲ့ အန်အယ်လ်ဒီပါတီကိုသာမဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်တိုင်းမှာ ဒေသ ခံတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလဆန်းလောက်က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းနဲ့ ဆီဆိုင်မြို့နယ်တွေကို သွားရောက်ခဲ့သလို ကယားပြည်နယ်ကို စက်တင်ဘာလ ၁ဝ ရက်နေ့က စတင်ပြီး ၁၂ ရက်နေ့ထိ ၃ ရက်ကြာ သွားရောက်ဟောပြောနေတာဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ ကယားပြည်နယ် ရှားတောမြို့နယ်မှာ ဒေသခံတွေနဲ့တွေ့ဆုံပွဲ ကျင်းပမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေမာထွန်း ကောက်နှုတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။


http://www.rfa.org/burmese/news/dassk-kayah-trip-election-09112015111750.html မှ ကူးယူဖေါ်ပြသည်။

ပြည် ထောင် စု ပါ တီ N L D ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ကျွန်မတို့နိုင်ငံဟာ..
တိုင်းရင်းသား ပေါင်းစုံရှိတဲ့အတွက်
ပြည်ထောင်စု ဖြစ်တယ်ဆိုတာကို
မေ့လို့ မဖြစ်ပါဘူး။
ဘာပဲလုပ်လုပ်..
ပြည်ထောင်စုစိတ်နဲ့ လုပ်ရမှာ ဖြစ်ပါတယ် ။
ကျွန်မတို့ . အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း
ကျွန်မတို့က.. ဘယ်တုန်းကမှလဲ 
ဗမာပါတီတစ်ခုအဖြစ် မခံယူခဲ့ပါဘူး။
ပြည်ထောင်စု ပါတီ။
ပြည်ထောင်စုကို ယုံကြည်တဲ့ ပါတီ။
ပြည်ထောင်စု အတွင်းမှာ တိုင်းရင်းသားအားလုံး
ညီညီညွတ်ညွတ်နဲ့ နေထိုင်မယ်။
ချစ်ချစ်ခင်ခင်နဲ့ နေနိုင်မယ့်ပါတီ
ပြည်ထောင်စုပါတီပဲ ဖြစ်ရပါမယ်။
နောက်တစ်ခု .......
ကျွန်မရဲရဲတင်းတင်း ပြောရဲတာ ရှိပါတယ်။
ကျွန်မတို့ပါတီရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ပါ။
တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီ 
ဟုတ် မဟုတ် ....၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ
တိုင်းရင်းသား ကိုယ်စားလှယ်တွေ ဟုတ် မဟုတ်
ပြန့်ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။
ဒါ့ကြောင့်လည်း ကျွန်မတို့ဟာ
ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်
ကျွန်မတို့ရဲ့ ပါတီဟာ ပြည်ထောင်စုဖွား 
တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ပါတီ။
ပြည်ထောင်စုပါတီလို့ပဲ ကျွန်မကတော့ သတ်မှတ်ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်

ကော့ မှူး မြို့နယ် အောင်နိုင်ရေးအဖွဲ့မှ စည်းရုံးရေး စတင်မည်

၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ရသည့် ပထမဆုံးရက်ဖြစ်သော စက်တင်ဘာ ၈ ရက်(ယနေ့)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။

လာမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ယှဉ်ပြိုင်မည် ဖြစ်သည်။

"သက်ဆိုင်ရာ မြို့နယ်တွေကို သင်တန်းပေးပြီးပြီ။ ကိုယ့်မြို့နယ်ကို ကိုယ်လုပ်ကြ။ ထူးထူးခြားခြား လုပ်စရာ မလိုဘူး။ ကျွန်တော်တို့က ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ပြင်ဆင်ထားပြီးပြီ" ဟု ဦးဝင်းထိန်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကော့မှူးမြို့နယ်အတွင်း ၀င်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကော့မှူးမြို့နယ် အောင်နိုင်ရေးအဖွဲ့မှ စက်တင်ဘာ ၈ ရက်မှ စတင်ကာ ကျေးရွာအုပ်စုများကို မဲဆွယ်စည်းရုံးရေး စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ကော့မှူးမြို့နယ် NLD ဥက္ကဋ္ဌ ဦးအေးသိန်းက ပြောကြားသည်။

ကော့မှူးမြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဦးအေးသိန်းက "ကျွန်တော်တို့ မြို့နယ်အလိုက်ကတော့ မနက်ဖြန်စပါပြီ။ ကျွန်တော်တို့ ပြင်ဆင်ထားတာကတော့ ကျေးရွာအုပ်စုပေါင်း ၆၂ အုပ်စုကို ပထမအသုတ် အနေနဲ့ ၂၀ ရက်နေ့အပြတ် ကျွန်တော်တို့ အောင်နိုင်ရေးအဖွဲ့ သုံးဖွဲ့ခွဲပြီး ဆင်းမှာပါ။ တစ်နေ့ကို အဲဒီအဖွဲ့ သုံးဖွဲ့က တစ်ဖွဲ့ကို ကျေးရွာအုပ်စု နှစ်အုပ်စုနှုန်းနဲ့ စည်းရုံးရေးဆင်းမှာပါ" ဟု စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။

ကော့မှူးမြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့များသည် စက်တင်ဘာ ၈ ရက်တွင် မဲ့ဆယ်ဆိပ်ကျေးရွာအုပ်စုမှ စတင်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေး စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဦးအေးသိန်းက "ကိုယ်စားလှယ်တွေနဲ့ မိတ်ဆက်ရမယ်။ ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖတ်မယ်။ ပါတီရဲ့ မူဝါဒ သဘောထားတွေရောပေါ့။ ဆန္ဒမဲရရှိရေးအတွက် စည်းရုံးလှုံ့ဆော်ရမယ်။ တိုင်းဒေသကြီး ကိုယ်စားလှယ် နှစ်ဦးပဲ ပါမယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်နှစ်ဦးက မအားသေးဘူးဗျ။ ပြည်သူ့လွှတ်တော်ကလည်း အစ်မက ခရီးစဉ်တွေ သွားနေရတော့ ကြိုးကြားကြိုးကြားပဲ လာနိုင်မှာ။ အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်တော့ လာဖို့ရှိပါတယ်။ အမျိုးသားလွှတ်တော်ကလည်း ခြောက်မြို့နယ်ကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ အခါကျတော့ ခွဲခွဲပြီးသွားရမှာပေါ့" ဟု ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအတွင်း မဲဆွယ်စည်းရုံးခွင့်ရှိကြောင်း သိရသည်။
Credit By:Eleven Media Group


http://www.nldofficial.org/news-state-division/%E1%80%B1%E1%80%80%E1%80%AC%E1%80%B7%E1%80%99%E1%80%BD%E1%80%B4%E1%80%B8%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%82%8F/ မှ ကူးယူ ဖေါ်ပြသည် ။

ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ၀က်လက်မြို့နယ် ကျေးရွာများသို့ ကွင်းဆင်း စည်းရုံး

y
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ)၊ ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့် စက်တင်ဘာ (၉) ရက် နံနက် (၉) နာရီခွဲအချိန်က တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမင်းမင်း ဇေယျာမြင့်၊ ဦးအောင်ကိုစံ၊ ရွှေဘိုခရိုင် ပါတီကော်မတီဝင် ဦးသက်အောင်ဇော်၊ ၀က်လက်မြို့နယ် ပါတီဥက္ကဌ ဦးစိုးအေး တို့လိုက်ပါလျက် ၀က်လက်မြို့နယ် မင်းကုန်းကျေးရွာအုပ်စု မှတ်ထိကျေးရွာ ဦးဆွေဦး၏ နေအိမ်၌ ပြုလုပ်သည့် ပါတီဝင်များ၊ ဒေသခံလူထုများ အင်အား  (၁၀၀)ကျော်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် မင်းကုန်းကျေးရွာအုပ်စု၊ ဆင်းနင်းကျေးရွာ ရွာဦးဇရပ်တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ အင်အား (၁၅၀) ဦးတက်ရောက်ခဲ့သည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်သည် အဖွဲ့ဝင်များနှင့်အတူ ညနေ (၅) နာရီအချိန်တွင် ၀က်လက်မြို့နယ် သီတဂူကြယ်တပွင့် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ရပ်ကွက်၊ ကျေးရွာ အုပ်စု ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
http://www.usdp.org.mm/index.php/2014-12-04-09-21-67/4612-2015-09-11-08-53-12  မှ ကူးယူဖေါ်ပြသည်။ 

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌပူးတွဲတာဝန်) ဦးဌေးဦး ဟင်္သာတမြို့၊ လူရွှင်တော်များ ဖေါင်ဒေးရှင်းနှင့် အမျိုးသမီးတေးသံရှင်များ ဖေါင်ဒေးရှင်သို့ လှူဒါန်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ (ဥက္ကဋ္ဌပူးတွဲတာဝန်) ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးသည် စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၁ဝ) နာရီ (၃ဝ)မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဟင်္သာ တခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတခရိုင်/ မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များနှင့်အတူ ဟင်္သာတမြို့၊ သုံးထပ်ဆောင်၌ ဟင်္သာတမြို့၊ လူရွှင်တော်များဖေါင်ဒေးရှင်းနှင့် အမျိုးသမီးတေးသံရှင်များ ဖေါင်ဒေးရှင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

 ရှေးဦးစွာ လူရွင်တော်များဖေါင်ဒေးရှင်း ဘဏ္ဍာရေးမှူး ဦးဝင်းဇော်မိုးက ယခုဖေါင်ဒေးရှင်းများအား ဖွဲ့စည်းရခြင်းမှာ သက်ကြီးအနုပညာရှင်များအား နှစ်စဉ် ပူဇော် ကန်တော့ရန်၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်၊ အနုပညာရှင်များ၏ သားသမီးများ ပညာရေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ လက်ရှိဘဏ္ဍာရေးအခြေအနေအား ရှင်းလင်း ပြောကြား သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက မိမိအနေဖြင့် ယခုဖေါင်ဒေးရှင်းဖွဲ့စည်းခြင်းကို ဆိုင်း ပညာရှင် ဦးမိုးဝင်း၏ Facebook မှတစ်ဆင့် သိရှိရပါကြောင်း၊ ကောင်းသည့်အလုပ်ဖြစ်၍ မိမိအနေဖြင့် အားပေးသည့်အနေနှင့် အလှူငွေများ လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအဖွဲ့အောင်မြင်စေရန် ဆက်လက်အားပေးသွားမည်ဖြစ်ကြောင်း၊ အခြားသောနေရာများတွင်လည်း ယခုကဲ့သို့ ဖေါင်ဒေးရှင်းများ ထူထောင်၍ ဆောင်ရွက်စေလိုကြောင်း၊ မိမိအနေနှင့် မိသားစုအနေဖြင့် အလှူငွေ ထည့်ဝင်ပြီးဖြစ်ကြောင်း၊ အခြားသူများကိုလည်း ပါဝင်ထည့်ဝင်ရန် လှုံ့ဆော် ပေးခဲ့ကြောင်း၊ အခြားအဖွဲ့အစည်းများကိုလည်း ထည့်ဝင်လှူဒါန်းကြစေလိုကြောင်း၊ လူရွှင်တော် ဖေါင်ဒေးရှင်းနှင့် အမျိုးသမီးတေးသံရှင်များ ဖေါင်ဒေးရှင်းမှ တာဝန်ရှိသူအနေနှင့်လည်း လက်ရှိမတည်ငွေများ တိုးပွားအောင် ထိုက်သင့်သည့် ဝင်ငွေရအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်လျှင် အောင်မြင်မည် ဖြစ်ကြောင်း၊ ပြောကြားခဲ့ပြီး အလှူရှင်များက အလှူငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

http://www.usdp.org.mm/index.php/2014-12-04-09-21-66/4611-2015-09-11-08-47-32 မှ ကူးယူဖေါ်ပြသည်။ 

ရွေးကောက်ပွဲတွင် မီဒီယာ ဘက်လိုက်မှု ရှိ၊ မရှိ ပြန်လည် စောင့်ကြည့် ခံရမည်

ရွေးကောက်ပွဲဆိုင်ရာ သတင်းများကို မီဒီယာများကဖော်ပြရာတွင် ဘက်လိုက်ဖော်ပြခြင်း ရှိ၊မရှိ လေ့လာ စောင့်ကြည့်မည်ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သော Myanmar Institute for Democracy(MDI) က ထုတ်ဖော်ပြောကြားသည်။

''ကျွန်တော်တို့ရဲ့စောင့်ကြည့် လေ့လာမှုတွေကို ပြည်သူတွေကို ပြန်ချပြမှာပါ'' ဟု MDI ၏ စီမံ ကိန်းညှိနှိုင်းရေးမှူး ဦးမျိုးမင်းဇော် ကပြောသည်။

စက်တင်ဘာ ၈ ရက်မှစတင်ကာ နှစ်လကြာ စောင့်ကြည့်တွေ့ရှိချက်များကို ရွေးကောက်ပွဲမတိုင်မီ နှစ်ကြိမ်နှင့် ရွေးကောက်ပွဲ အပြီးတစ်ကြိမ် ပြည်သူထံသို့ ပြန်လည် ချပြမည်ဖြစ်ကြောင်း ဦးမျိုးမင်းဇော် ကပြောသည်။

နိုင်ငံပိုင်မီဒီယာများအပါအ၀င် ရုပ်မြင်သံကြားလိုင်း ငါးခု၊ ရေဒီယိုလိုင်း ရှစ်ခု၊ သတင်းစာနှင့်ဂျာနယ် ၁၄ စောင်နှင့် အွန်လိုင်း မီဒီယာ သုံးခုတို့ကို MDI က အဖွဲ့ဝင် ၁၇ ဦးဖြင့် စောင့်ကြည့်မည်ဖြစ်သည်။

မဲဆွယ်စည်းရုံးမှုကာလမှ စတင်ကာ ကိုယ်စားလှယ်လောင်းများနှင့် ပါတီများကို မီဒီယာများက ထုတ်လွှင့်ဖော်ပြသော အချိန် အတိုင်းအတာ၊ စာမျက်နှာပမာဏ၊ ဖော်ပြသော အသုံးအနှုန်းတို့ကို ကိန်းဂဏန်းအသုံးပြုတိုင်းတာခြင်းဖြင့် ဆန်းစစ် မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မီဒီယာများ၏ ဖော်ပြမှုကို ကျင့်ဝတ်ဆိုင်ရာနှင့် သတင်းစာပညာဆိုင်ရာ ရှုထောင့်မှလည်း ချိန်ထိုးအကဲဖြတ်မည်ဖြစ် ကြောင်း MDI က ထုတ်ပြန်သည်။

လွန်ခဲ့သော ၁၇ နှစ်အတွင်း နိုင်ငံပေါင်း ၅၀ တွင် မီဒီယာစောင့် ကြည့်လေ့လာရေးစီမံကိန်းလုပ် ဆောင်ခဲ့သော ဆလိုဗက်ကီးယားအခြေစိုက် MEMO98 ၏ နည်းစနစ် များကို MDI က အသုံးပြုမည်ဖြစ်သည်။

MDI ၏ မီဒီယာစောင့်ကြည့် လေ့လာရေးစီမံကိန်းကို ဥရောပသမဂ္ဂ၏ STEP Democracy စီမံ ကိန်းအတွင်းမှ Democracy Reporting International (DRI) နှင့် National Endowment for Democracy(NED) တို့က ပံ့ပိုးကူညီကြောင်းသိရသည်။

''ကျွန်တော်တို့က မီဒီယာတွေကိုပြန်စောင့်ကြည့်ပြီး ဝေဖန်အပြစ်တင်ဖို့မဟုတ်ဘူး။ မဲပေးမယ့် ပြည်သူတွေက မီဒီယာတွေဆီက ဘယ်လို အချက်အလက်တွေ ရသလဲဆိုတာ စံနှုန်းတချို့နဲ့ ချိန်ထိုး ကြည့်ခြင်းပါပဲ'' ဟု DRI ၏ မီဒီယာစောင့်ကြည့်လေ့လာရေး ကျွမ်းကျင်သူ MR Rasto Kuzel ကပြောသည်။

တွေ့ရှိချက်အစီရင်ခံစာများကို ပြည်သူ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများ၊ ပါတီများနှင့် နိုင်ငံ တကာအသိုင်းအ၀ိုင်းသို့ ဖြန့်ဝေမည်ဖြစ်ကြောင်း MDI က ထုတ်ပြန်သည်။ ''ကျွန်တော်တို့မီဒီယာကို မှန်တစ်ချပ်ထောင်ပြခြင်းပါပဲ''ဟု ၎င်းကဖွင့်ဆိုသည်။

 

7 Day Daily

ရေစကြိုမြို့နယ် ဒီချူပ်ရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ မထမအတွင်းဝန် ရောက်ရှိ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အဖွဲ့ချုပ်ရုံးသို့ စက်တင်ဘာ ၈ ရက်မွန်းလွဲ ၁နာရီခွဲခန့်က မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ ပထမ အတွင်းဝန်ဖြစ်သူ Andreas Magnusson နှင့် ယင်း၏ ရုံးတာဝန်ခံ ကိုအောင်အောင် ဆိုသူတို့လာရောက်ခဲ့ကြပြီး မြို့နယ်ဥက္ကဋ္ဌ ဦးသန်းအောင်၊ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ငွေ၊ တိုင်းဒေသ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးတင်သောင်း၊ ဦးမင်းဟန် တို့အပြင် မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲစောင့်ကြည့်ရေး ဆိုင်ရာကိစ္စ
များကို EU မှမည်သို့ကူညီဆောင်ရွက်နေပုံများ ရှင်းပြပြီး ၊ ၄င်းတို့ သိလိုသော အကြောင်းအရာများကို မေးမြန်း သွားခဲ့ကြပါသည်။

ဒေသခံများက မဲစာရင်းအခက်အခဲများ၊ ဒေသတွင်း စည်းရုံးရေးဆင်းရာတွင် လတ်တလော ရေကြီးရေလျံ ဖြစ်နေမှုကြောင့်လမ်းပန်းအခက်အခဲများ ကိုတင်ပြ ခဲ့ကြသည်။
အတွင်းဝန်နှင့်အဖွဲ့သည် မိမိတို့အဖွဲ့ချုပဘ်အဖွဲ့ဝင်များနှင့်မှတ်တမ်းဓာတ်ပုံများရိုက်ကာ မွန်းလွဲ ၂နာရီခွဲခန့်တွင် ပြန်လည် ထွက်ခွာ သွားခဲ့ကြပါသည်။

ဒေါက်တာကျော်ငွေ
မြို့နယ်သတင်းပြန်ကြားတာဝန်ခံ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(မကွေး ၁၀ )


http://www.nldofficial.org/news-state-division/%E1%80%B1%E1%80%9B%E1%80%85%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%BB%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9-%E1%80%92%E1%80%AE%E1%80%81%E1%80%BA%E1%80%B4%E1%80%95%E1%80%B9/ မှ ကူးယူဖေါ်ပြသည်။ 

NLD ရန်ကုန်အနောက်ပိုင်းခရိုင်း ကိုယ်စားလှယ်များ တွေဆုံပွဲပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချု့ပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ရွေးချယ်တာဝန်ပေးအပ်ထားသော ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ နယ်မြေတာဝန်ရှိသူများနှင့် တွေ့ဆုံလျက်ရှိရာ ၂၀၁၅ခု၊ သြဂုတ်လဂုတ်လ(၁၈)ရက်နေ့ မွန်းလွဲ(၃)နာရီက ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၆) ကိုယ်စားလှယ်လောင်း ဒေါတ်တာအောင်သူ၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းတို့သည် ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးသို့ ရောက်ရှိလာကြ၍ ခရိုင်အလုပ်အမှုဆောင်အဖွဲ့၊ ဆိပ်ကမ်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့တို့နှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြပြီး ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများက နယ်မြေအခြေအနေကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာသို့ ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော ဦးမောင်မောင်သန်း၊ ဦးသန်းဝင်းဦးနှင့် ရန်ကုန်တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် ဦးအောင်မျိုးဆန်းတို့ တက်ရောက်ခဲ့ကြပါသည်။

http://www.nldofficial.org/ မှ ကူးယူဖေါ်ပြသည်။ 

လွှတ်တော်အမတ် ၅၀၀ ကျော်၏ အီးမေးလ်များ ဖောက်ထွင်းခဲ့သော အဖွဲ့ကို အမှုဖွင့်

သူရဦးရွှေမန်းနှင့် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၅၂၉ ဦး၏အီးမေးလ်အချက်အလက် များ ဖောက်ထွင်းသွားသည့်အ ဖွဲ့ကို ဖော်ထုတ်ပေးရန် ပြည်သူ့ လွှတ်တော်ညွှန်ကြားရေးမှူးချုပ် က ရဲတပ်ဖွဲ့တွင် အမှုဖွင့်လိုက် သည်ဟု သတင်းရရှိသည်။

ပြည်သူ့လွှတ်တော် ညွှန် ကြားရေးမှူး ဦးကိုကိုနိုင်က ဇမ္ဗူ သီရိမြို့နယ်ရဲစခန်းတွင် ဆက် သွယ်ရေးဥပဒေနှင့် အီလက် ထရွန်နစ်ဥပဒေတို့ဖြင့် အမှုဖွင့် လိုက်ပြီး စတင်စုံစမ်းနေကြောင်း ဒက္ခိဏာသီရိခရိုင်ရဲမှူး ဒုတိယရဲမှူးကြီးဝင်းချွန် က ပြောသည်။

''အမှုဖွင့်လိုက်တယ်။ လော လောဆယ်တော့ ဘယ်အဖွဲ့ရယ် မဟုတ်ဘဲ New Generation Wave ကတော့ သူတို့တင်ထား တာတွေတော့ ရှိတာပေါ့။ အဲဒီ ဟာလေးတွေကို ပူးတွဲထားပါ တယ်။ သူကတော့ ခေါင်းစီးအနေ နဲ့ ပါတာပေါ့။ တခြားသူတွေ လည်း ပါလာနိုင်တာပေါ့။ ဒါတော့ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းပေါ့''ဟု တရားလိုဦးကိုကိုနိုင် ကပြောသည်။
''အခုက အမှုဖွင့်ထားတယ်။ သူတို့ဆီက အသေးစိတ်ထွက်ဆို ချက်တွေ ရလို့ရှိရင် ဥပဒေအကြံ တောင်းတွေ တင်ရဦးမယ်။ ဥပဒေအကြံတောင်းတင်ပြီးမှ ဆက် လက်ပြီး ဖော်ထုတ်မယ်''ဟု ဒုတိယရဲမှူးကြီး ဝင်းချွန်က ပြော သည်။

New Generation Wave အင်တာနက်ဟက်ကာအဖွဲ့က ပြည်သူ့လွှတ်တော်၏ အင်တာနက်ဆာဗာကို ၎င်းတို့ ဖောက်ထွင်းပြီး လွှတ်တော်ကိုယ်စားလှယ် ၅၂၉ ဦး၏ အီးမေးလ်အချက် အလက်များ ရယူနိုင်ခဲ့သည်ဟု သြဂုတ် ၁၇ ရက်က ကြေညာခဲ့သည်။ အဆိုပါအီးမေးလ်များထဲ တွင် အစိုးရနှင့်နီးစပ်မှုရှိသည့် ခရိုနီများ၊ နိုင်ငံခြားလုပ်ငန်းရှင်များ အပြန်အလှန် ရေးသားထားခြင်း များပါဝင်သကဲ့သို့ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစား လုပ်ထားသည့်အ ချက်အလက်များလည်း ပါဝင်သည်ဟု ကြေညာခဲ့သည်။ ယင်း လျှို့ဝှက်ချက်များကို မကြာမီရက် ပိုင်းအတွင်း အများပြည်သူသိ ရှိရန် ထုတ်ဖော်မည်ဟု New Generation Wave အဖွဲ့က ကြေ ညာထားသည်။

''လွှတ်တော်ထဲမှာ လုပ်နိုင် သမျှ ကိုယ်လုပ်ခဲ့ပြီးပြီ။ အတိုင်း အတာတစ်ခုအထိလည်း အောင် မြင်ခဲ့ပြီဆိုတော့ ဟက်ကာပဲ ဖောက်ဖောက် ဘာပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ကတော့ ဘာမှ ပြော စရာမရှိဘူး။ အဖောက်ခံရတယ် ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူ တွေက ဥပဒေကြောင်းအရ ဆောင်ရွက်ပေါ့''ဟု ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွန့် က ပြောသည်။

By အောင်သစ်လွင် Credit By:7Day Daily

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌ ပူးတွဲတာဝန်) ဦးဌေးဦးအား ဗြိတိသျှနိုင်ငံ ဒုတိယသံအမတ် Mr. David Hall လာရောက် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌ ပူးတွဲတာဝန်) ဦးဌေးဦးအား ဗြိတိသျှနိုင်ငံ ဒုတိယသံအမတ် Mr. David Hallသည် ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌ ပူးတွဲတာဝန်) ဦးဌေးဦး နှင့်အတူ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌ ပူးတွဲတာဝန်) ဦးဌေးဦးမှ မိမိတို့ပါတီအနေနှင့် အသင်းအဖြစ်တည်ရှိစဉ်ကပင် မိမိဒေသနှင့် နယ်မြေပြည်သူများ အကျိုးအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းချိန်တွင် လည်း မိမိဒေသနှင့် မိမိနယ်မြေ ပြည်သူများအကျိုး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး အောင်နိုင်ရေးအတွက် ပါတီဝင်များက ပြည်သူ များနှင့် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
http://www.usdp.org.mm/index.php/2014-12-04-09-21-50/4613-mr-david-hall မှ ကူးယူဖေါ်ပြသည်။ 

ရွေးကောက်ပွဲ သတင်း ရေးသားဖော်ပြမှုဆိုင်ရာ သတိပေးချက် ထုတ်ပြန်

a

နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့အခါ ပါတီတစ်ခု (သို့မဟုတ်) ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် စည်းရုံးလှုံ့ဆော်ပေးတဲ့ ထုတ်လွှင့်မှုတွေ၊ ကြော်ငြာတွေကို မထည့်သွင်းကြဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့က သတင်းမီဒီယာသမားတွေ လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်တွေ၊ အမိန့်နဲ့ ညွန်ကြားချက်တွေကို လိုက်နာဖို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို သိရှိထားဖို့ လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့ကစပြီး လာမယ့် နိုဝင်ဘာလ ၆ရက်နေ့အထိ ရက်ပေါင်း ၆၀ ကြာ မဲဆွယ်စည်းရုံးခွင့်ရရှိထားပါတယ်။

အစိုးရသတင်းမီဒီယာတွေကနေ နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ စည်းရုံးဟောပြောချက်တွေကို အလှည့်ကျအနေနဲ့ ၁၅ မိနစ်စီ ထုတ်လွှင့်ပေးနေပါတယ်။

ဖဲကြိုးဝါလှုပ်ရှားမှု ရန်ကုန်မြို့မှာ စတင်

တပ်မတော်က အရာရှိ ၂ဝ လောက်ကို အငြိမ်းစားပေးပြီး နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ ဒုတိယညွန်ကြားရေးမှူးချုပ်လို ရာထူးမျိုးတွေ တိုက်ရိုက် ခန့်အပ်လိုက်တာကို ကန့်ကွက်တဲ့ ဖဲကြိုးအဝါလှုပ်ရှားမှုကို ရန်ကုန်မြို့က ရှေ့နေတွေက ဒီနေ့ စတင်လိုက်ပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ ၃၇ လမ်းမှာရှိတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုး ရုံးခန်းမှာ ပြုလုပ်ခဲ့တာဖြစ် ပြီး ရှေ့နေ ဦးအောင်စိုးက အရပ်သား တရားရုံးမှာ အရပ်သားတွေပဲ စီမံအုပ်ချုပ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

"ဆရာတို့ ဒီလှုပ်ရှားမှုဟာလည်း မည်သူ့ကိုမလိုချင်လို့ မည်သူ့ကိုဟိုဟာဖြစ်လို့ မဟုတ်ဘူး အဲ့ဒါတွေရှင်းဖို့ လိုတယ်၊ ကျနော်အထူးပဲကျေနပ်တယ် အထူးပဲလည်း သဘောတူတယ်၊ ဒါပေမယ့် ဆရာတို့မှာ ဒီ စစ်ခုံရုံးတို့ပေါ့လေ အဲ့ဒါတွေမှာဆိုရင်တော့ သင့်တော်မှာပေါ့လေ ပိုပြီးတော့၊ အရပ်သားတရားရုံးမှာ အရပ်သား ပုဂ္ဂိုလ်တွေပဲ အုပ်ချုပ်တာတို့၊ စီမံတာတို့၊ ခန့်ခွဲတာတို့၊ ဆုံးဖြတ်တာတို့ ဖြစ်စေချင်တာပေါ့၊ စစ်အုပ်ချုပ်ရေး သဘောတရားအယူအဆက အခုအထိမပျောက်သေးဘူး"

တရားစီရင်ရေးမှာ စစ်တပ်က အရာရှိတွေကို အဆင့်မြင့်ရာထူးတွေပေးပြီး နေရာချထားတာ ဆယ်စုနှစ်တစ်စု စာလောက် ရှိနေပြီလို့လည်း ပြောပါတယ်။ ဖဲကြိုးအဝါလှုပ်ရှားမှုကို ပထမဆုံးအနေနဲ့ ပျဉ်းမနားမြို့နယ် က ရှေ့နေတွေ စတင်ခဲ့တာဖြစ်ပြီး နေပြည်တော်ကောင်စီမြို့နယ်တွေအပြင် အခုဆိုရင် ပြည်၊ မန္တလေးနဲ့ ရန်ကုန်မြို့မှာ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

တရားရေးဝန်ထမ်းတစ်ယောက်ဟာ ဒုတိယညွန်ကြားရေးမှူးချုပ် ရာထူးရဖို့အတွက် နှစ်ပေါင်း ၃ဝ လောက်အထိ ကြိုးစားရပေမယ့် တပ်မတော်က အခုလိုတိုက်ရိုက်တာဝန်တွေ ရယူလိုက်တာ မဖြစ်သင့်တဲ့အတွက် အခုလို ကန့်ကွက်လှုပ်ရှားရတာဖြစ်ကြောင်း ဖဲကြိုးအဝါလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ ပျဉ်းမနားမြို့နယ်ရှေ့နေအသင်း ဥက္ကဌ ဦးခင်မောင်ဇော်က ပြောပါတယ်။

လက်ရှိ ပြည်ထောင်စု တရားလွှတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးဟာလည်း တပ်မတော်က (အငြိမ်းစား) ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဖဲကြိုးဝါလှုပ်ရှားမှုကို နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက် ခံပံ့ပိုးပေးကြဖို့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင်လည်း ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက် ပါတယ်။

မတရားတဲ့ ဥပဒေတွေပြင် ဖို့ ရွေးကောက်ပွဲဝင်တာ လို့ ဒေါက်တာ ညိုညိုသင်း ပြော

မတရားတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့အတွက် လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဗဟန်းမြို့နယ် ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီနေ့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းသစ်က ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲ မှာ ဒေါက်တာညိုညိုသင်းက သူရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်ကို ပြောတာဖြစ်ပါတယ်။

"လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ကြည့်လိုက်မယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်တယ်လို့သာပြောတယ် ကျမတို့ လက်တွေ့ကျင့်သုံးနေတဲ့ ဥပဒေ ငါးရာကျော်ထဲမှာ ဥပဒေ လေးရာကျော်သည် ပြည်သူလူထုရဲ့ အခြေခံ လွတ်လပ်ခွင့်နဲ့ ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေဖြစ်ပါတယ်၊ ဒီဥပဒေတွေကို ကျမတို့လွှတ်တော်တွေက အခုထက်ထိပြင်ဆင်နိုင်ခြင်း မရှိပါဘူး၊ ဘာပဲဖြစ်နိုင်လဲဆိုရင် ဒဏ်ငွေပဲပြင်နိုင်တယ်၊ ထောင်ဒဏ်ပဲပြင်နိုင်တယ်၊ ဒဏ်ငွေပြင်ခြင်း ထောင်ဒဏ်ပြင်ဆင်းသည် ဥပဒေပြင်ခြင်းမဟုတ်ပါ၊ ဥပဒေပြုခြင်းမဟုတ်ပါ၊ ဒါ့ကြောင့် ကျမက ထိရောက်တဲ့ဥပဒေပြင်ခြင်းကို လုပ်ချင်တယ်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အမှန်တကယ် လက်တွေ့ ကျကျ ပြောင်းလဲနိုင်တဲ့ ဥပဒေပြုခြင်းတွေ ကျမလုပ်ချင်ပါတယ်"

အဲဒီအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး တက်ရောက်ခဲ့ပြီး ပြည်သူတွေအနေနဲ့ ဒေါက်တာညိုညိုသင်းလို ကိုယ်စားလှယ်တွေကို မဲထည့်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒေါက်တာညိုညိုသင်းဟာ လက်ရှိ ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

သူဟာ လာမယ့် စက်တင်ဘာလ ၁၀ရက်နေ့ နောက်ပိုင်းမှာစပြီး တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးတာတွေ လုပ်သွားမယ်လို့ သိရပါတယ်။

တိုင်းရင်းသား ပြဿဿ နာ မရှိကြောင်းနှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြောင်း တရုတ်ပြော

တရုတ်နိုင်ငံ အနောက်ဘက်စွန်းမှာ တည်ရှိတဲ့ ရှင်ကျန်းဒေသမှာ တိုင်းရင်းသား ပြဿ      နာဆိုတာ တကယ်မရှိသလို၊ အဲဒီဒေသမှာ နေထိုင်တဲ့ မွတ်စလင် ၀ီဂါတွေဟာလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်နေ့က ပြောပါတယ်။

တရုတ်အစိုးရက မွတ်စလင် ၀ီဂါတွေကို ဆက်ဆံတဲ့အပေါ် မကျေနပ်တဲ့အတွက် တူရကီနိုင်ငံမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့အချိန်မှာ တရုတ်အစိုးရက တုံ့ပြန်လိုက်တာပါ။

ဝီဂါလူမျိုးတွေဟာ တူရကီနဲ့ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ ခွဲခြားလို့ မရဘူးလို့ တူရကီတွေ အတော်များများက ခံယူထားကြတာကြောင့် တရုတ်ပြည်ထဲက ၀ီဂါတွေအရေးကို အကြောင်းပြုလို့ တရုတ်နဲ့ တူရကီတို့ ဆက်ဆံရေးကိုလည်း ထိခိုက်နေပါတယ်။

တရုတ် နိုင်ငံခြားဌာန ပြောခွင့်ရသူ ဟွာချန်းယင်က "၀ီဂါတွေဟာလည်း တရုတ် တိုင်းရင်းသား ၅၆ မျိုးထဲမှာ ပါဝင်တဲ့ မိသားစုဝင်တွေပါပဲ။ ရှင်ကျန်းပြည်နယ်မှာ နေထိုင်တဲ့ ၀ီဂါလူမျိုး ၁၀ သန်းဟာလည်း ငြိမ်းချမ်းစွာ နေထိုင်နေကြပြီး ယုံကြည်တဲ့ ဘာသာတရားကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် ရှိနေပါတယ်။" လို့ ဆိုပါတယ်။

ဇူလိုင် ၅ ရက်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့က တရုတ်ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြစ်ခဲ့ပြီး တရုတ်အလံကို မီးရှို့ခဲ့ကြပါတယ်။

တရုတ်ပြည်ဘက်မှာ နှိပ်ကွပ်ခံရတဲ့ ၀ီဂါမွတ်စလင်တွေကိုလည်း တူရကီဘက်က တံခါးဖွင့်ထားတယ်လို့ တူရကီအစိုးရ ကိုယ်တိုင် ပြောထားပါတယ်။

ကျန်ခဲ့တဲ့ ၃ နှစ်အတွင်း ရှင်ကျန်းပြည်နယ်ထဲမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို အရှေ့တာကစ္စတန်ဆိုပြီး လွတ်လပ်တဲ့နိုင်ငံ ထူထောင်ချင်တဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်တယ်လို့ တရုတ်အစိုးရက စွပ်စွဲခဲ့ပါတယ်။

By 

တရုတ်တွင် မွေးကင်းစကလေးကို အများသုံးအိမ်သာထဲ စွန့်ပစ်

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က အများသုံးအိမ်သာထဲမှာ စွန့်ပစ်ခဲ့တဲ့ မွေးကင်းစကလေးငယ်ကို သြဂုတ် ၂ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ် သတင်းစာမှာ ဖော်ပြပါတယ်။

အများသုံးအိမ်သာ မိလ္လာခွက်ထဲမှာ စွန့်ပစ်ခံရတဲ့ ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး သူ့ရဲ့ငိုသံကို ကြားရတဲ့သူတွေက ရဲကိုခေါ်ပြီး အကြောင်းကြားခဲ့တာပါ။

ရဲအရာရှိ ကျန်ဖန်းက "ကလေးရဲ့ခေါင်းက မိလ္လာခွက်ထဲမှာ  စိုက်လျက်သားဖြစ်နေတာ။ ကျနော်က ခြေထောက်ကိုပဲ ခပ်ဝါးဝါး လှမ်းမြင်ခဲ့ရတာ" လို့ ဆိုပါတယ်။

ကလေးငယ်ကို ဘေဂျင်းဆေးရုံ ပို့ထားပြီး ဒဏ်ရာအနာတရ မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ နှစ်စဉ် မလိုချင်တဲ့ကလေး စွန့်ပစ်မှုဟာ ခန့်မှန်းခြေ ၁ သောင်းလောက် ရှိတယ်လို့ ၂၀၁၄ ခုနှစ်မှာ ရိုက်တာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်ဟိုင်းမြို့က အများသုံးအိမ်သာထဲမှာ မွေးကင်းစ မိန်းကလေးကို ပစ်ထားခဲ့တဲ့အမှု ရှိခဲ့တယ်လို့ သတင်းကဆိုပါတယ်။

လက်ရှိမှာတော့ ရဲတွေဟာ ကလေးမိခင်ဖြစ်သူကို အပူတပြင်း လိုက်ရှာဖွေနေကြပါတယ်။

By