Popular Posts

Wednesday, November 5, 2014

အမ်ိဳးသားဒီမုိကေရစီအဖြဲ ့ခ်ဳပ္ က ေခါင္းေဆာင္တစ္ဦးတည္းကုိ မီးေမာင္းထုိး ေဆာင္ရြက္

အမ်ိဳးသားဒီမုိကေရစီအဖြဲ ့ခ်ဳပ္အေနျဖင့္ ေခါင္းေဆာင္ တစ္ဦးတည္းကုိ သာ မီးေမာင္းထုိး ထားေၾကာင္း ေတြ ့ရသည္ ။ အမ်ိဳးသားဒီမုိကေရစီအဖြဲ ့ခ်ဳပ္အေနျဖင့္ ပါတီအေထြေထြအ တြင္းေရးမွဴး ေဒၚ ေအာင္ဆန္းစုၾကည္ ကုိ ေခါင္းေဆာင္သတ္မွတ္ျပီး ပါတီ ဥကၠ႒ ျဖစ္သြားခ်ိန္တြင္ အမ်ိဳးသားဒီမုိကေရစီအဖြဲ ့ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး တာ၀န္ ကုိ ထက္ျမက္စြာ တာ၀န္ခံေဆာင္ရြက္  
သူ နည္းပါးခဲ့ေၾကာင္း၊ ဦးဥာဏ္၀င္း အေနျဖင့္ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ မဲစကၠဴ ကုိ ဖေယာင္း သုတ္ ထားသည္ ဟူေသာ မက္ေဆ့ခ်္ ျဖင့္ အမ်ိဳးသားဒီမုိကေရစီအဖြဲ ့ခ်ဳပ္မွ အေရြးခ်ယ္ခံ လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားကုိ Land Slide အႏုိ္င္မဲ ကုိျဖစ္ေပၚေစခဲ့သည္။ 
ယင္းသုိ ့ေျပာင္းလဲသြားသည္ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲရလဒ္ ေၾကာင့္ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ ဖြ ံ့ ျဖိဳး ေရး ပါတီ အေနျဖင့္ Reform ျပဳလုပ္ခဲ့ရျပီး ပါတီအေထြေထြ အတြင္းေရးမွဴး ကုိ ဦးေမာင္ေမာင္သိမ္း အားလည္းေကာင္း၊ ပါတီ ဥကၠ႒ အျဖစ္ သူရ ဦးေရႊမန္းအားလည္းေကာင္း လႊဲေျပာင္းတာ၀န္ေပးအပ္ခဲ့ရ  သည္ ။ တပ္မေတာ္သားေဟာင္းၾကီးမ်ားအေျချပဳ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ  ့ျဖိဳးေရး ပါတီ တြင္ ေခါင္း ေဆာင္ မ်ား တစ္ဦးျပီ းတစ္ဦးထြက္ေပၚလာကာ ဦးသိန္းစိန္၊ သူရဦးေရႊမန္း၊ဦးေမာင္ေမာင္သိမ္း  အစရွိသူတုိ ့ျဖင့္ ပါတီစည္းရုံးေရး ပါတီေအာင္နုိင္ေရးေဆာင္ရြက္ေနခ်ိန္တြင္ ေဒၚေအာင္ဆန္းစုၾကည္၏ အမ်ဳိးသားဒီမုိကေရစီအဖြ ဲ့ခ်ဳပ္ ပါတီအေနျဖင့္ ၂၀၁၅ ေရြးေကာက္ပြဲ ေအာင္ႏုိင္ေရး ဘယ္လုိ ျပင္ဆင္ မည္ ဆုိသည္ကုိ ???

ကုိးကားသတင္း =၂၀၁၄ခုႏွစ္ ႏုိ၀င္ဘာလ (၅) ရက္ NLD ရုံးခ်ဳပ္ သတင္းစာရွင္းလင္းပြဲ
http://www.m-nn.net/2014/11/dassk-on-talks-at-press-conference-in.html

ျမန္မာႏုိင္ငံအတြင္း အေျပာင္းအလဲ ေတြနဲ႔ ပတ္သက္လုိ႔ အေမရိကန္ အစုိးရဘက္က လုိအပ္တာထက္ပုိၿပီး အေကာင္းျမင္လြန္း ေနတယ္လုိ႔ ျမင္တဲ့ အေၾကာင္း ေဒၚေအာင္ ဆန္းစုၾကည္ က ေ၀ဖန္လုိက္ပါတယ္။ ၿပီးခဲ့တဲ့တႏွစ္အတြင္း ျမန္မာႏုိင္ငံတြင္း က ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းေတြဟာ သိသာထင္ရွားတဲ့ တုိးတက္မႈ မရွိဘူး ဆုိၿပီးေတာ့ ေျပာဆုိခဲ့တာပါ။

ျမန္မာႏုိင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲေရး ကိစၥေတြ သိသာမႈမရွိတဲ့ ကိစၥကုိ အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ အေလးအနက္ ထည့္သြင္းစဥ္းစားဖုိ႔ ေဒၚေအာင္ဆန္းစုၾကည္ က သတင္းစာရွင္းလင္းပဲြမွာ တုိက္တြန္းေျပာဆုိသြားပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ အပတ္က သမၼတဦးသိန္းစိန္ စီစဥ္တဲ့ ျမန္မာ့ႏိုင္ငံေရး ထိပ္သီးေခါင္းေဆာင္ေတြ ေတြ႔ဆံုခဲ့တာနဲ႔ ပတ္သက္လို႔ ႏိုင္ငံေရးအရ ထူးထူးျခားျခား ျဖစ္ထြန္းမႈမရွိတဲ့ ေတြ႔ဆံုပြဲသာျဖစ္ၿပီး၊ သူတုိ႔အေနနဲ႔ေတာ့ ၄ ပြင့္ဆိုင္ေဆြးေႏြးေရး ျဖစ္လာဖုိ႔ ဆက္ႀကိဳးစား ေတာင္းဆိုသြားမယ္လို႔ အတိုက္အခံေခါင္းေဆာင္၊ NLD ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာဆိုပါတယ္။ ရန္ကုန္ NLD ဌာနခ်ဳပ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း အခုလုိ ေျပာဆိုသြားတာေတြနဲ႔ ပတ္သက္လုိ႔ သတင္းရယူခဲ့တဲ့ ဗြီအုိေအ ရန္ကုန္႐ုံး အယ္ဒီတာ ေဒၚခင္စုိး၀င္း က သတင္းေပးပုိ႔ထားပါတယ္။

သမၼတဦးသိန္းစိန္ရဲ႕ ဖိတ္ၾကားခ်က္နဲ႔ ေအာက္တုိဘာလ ၃၁ ရက္ေန႔က က်င္းပခဲ့တဲ့ ႏုိင္ငံ့ထိပ္တန္း ႏုိင္ငံေရးေခါင္းေဆာင္ေတြရဲ႕ ေဆြးေႏြးပဲြကုိ ေတြ႔ဆုံပဲြတခု အေနနဲ႔သာ ႐ႈျမင္တဲ့အေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က အခုလုိ ေျပာဆုိလုိက္ပါတယ္။

“ဘယ္လုိသေဘာထားလဲဆုိေတာ့ ဒါဟာေတြ႔ဆုံပဲြ တခုလုိ႔ပဲ၊ ဒီလုိပဲ က်မသေဘာထားပါတယ္။ ဒါက တကယ့္သိပ္ၿပီးေတာ့ ထိေရာက္တဲ့ ေဆြးေႏြးပဲြေတာ့ မဟုတ္ပါဘူး။ သုိ႔ေသာ္ျငားလည္း ဘာပဲေျပာေျပာ ေတြ႔ဆုံပဲြဆုိတာလည္း မေတြ႔ဆုံပဲြထက္ေတာ့ ပုိေကာင္းတယ္လုိ႔ပဲ ေျပာရမွာပဲ။ အေရးႀကီးတာကေတာ့ ဒီေတြ႔ဆုံပဲြရဲ႕ ရလဒ္ကဘာလဲ၊ ဒီကေန႔ ဘယ္ကုိေရာက္သြားမွာလဲ၊ ဘယ္ကုိဦးတည္သလဲေပါ့။ ဒါကုိ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ ဆုိလုိ႔ရွိရင္ တခ်ဳိ႕ကေနၿပီးေတာ့ ၁၄ ပြင့္ဆုိင္ေပါ့။ က်မတုိ႔ဟာ က်မျပတ္ျပတ္သားသား ေျပာပါရေစ။ အမ်ဳိးသား ဒီမုိကေရစီ အဖဲြ႔ခ်ဳပ္က ၄ ပြင့္ဆုိင္ကုိ ေတြ႔ဆုံပဲြကုိ ေတာင္းခံခဲ့တာ ၂၀၁၃ ခုႏွစ္ ေစာေစာပုိင္း ကတည္းက ျဖစ္ပါတယ္။ အဲဒီေတာ့ က်မတုိ႔ဟာ ဒီ ၄ ပြင့္ဆုိင္ ေတြ႔ဆုံပဲြကိစၥကုိ က်မတုိ႔ ဆုပ္ကုိင္ထားတာပါ။”

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ စတင္ထူေထာင္ကတည္းကုိက အမ်ဳိးသားရင္ၾကားေစ့ေရးကုိ ဦးတည္မယ့္ ေဆြးေႏြးပဲြေတြ က်င္းပႏုိင္ေရးကုိ တစုိက္မတ္မတ္ ေတာင္းဆုိေနတာ ျဖစ္တယ္လုိ႔လည္း ဆုိပါတယ္။ ဒါေၾကာင့္ ၄ ပြင့္ဆုိင္ ေဆြးေႏြးေရး အထေျမာက္ဖုိ႔ကုိ ျပည္သူလူထုက ေထာက္ခံၾကပါရန္လည္း ေဒၚေအာင္ဆန္းစုၾကည္က ပန္ၾကားလုိက္ပါတယ္။

“အဲဒီတုန္းကလည္း ဒီဟာကုိ၊ ဒီေတာင္းဆုိခ်က္ကုိ မလုိက္ေလ်ာခဲ့ပါဘူး။ အခုအထိလည္း တကယ္ေတာ့ မလုိက္ေလ်ာေသးပါဘူး။ အဲဒီေတာ့ က်မတုိ႔ႏုိင္ငံရဲ႕ ျပႆနာေတြကုိ ေအးေအးေဆးေဆးနဲ႔ ျပည္သူလူထု စိတ္ခ်မ္းသာရာရေအာင္လုိ႔ ေျဖရွင္းရမယ္ဆုိရင္ ဒီေဆြးေႏြးပဲြ လမ္းေၾကာင္းကေနၿပီးေတာ့ တျခားမရွိပါဘူး။ တျခားလမ္းေၾကာင္းလည္း မရွိပါဘူး။ အဲဒီေတာ့ ျပည္သူမ်ားအေနနဲ႔ က်မတုိ႔ႏုိင္ငံဟာ ေအးေအးေဆးေဆးနဲ႔ လုိရာပန္းတုိင္ကုိ ဆက္သြားႏုိင္ဖုိ႔ဆုိလုိ႔ရွိရင္ ဖိအားေပးတယ္ဆုိတာ တပ္မေတာ္ကုိတင္ မဟုတ္ဘူး၊ ဒီေဆြးေႏြးပဲြထဲမွာ ပါသင့္ပါထုိက္တဲ့လူေတြ။ က်မတုိ႔ကေတာ့ ဒီ ၄ ပြင့္ဆုိင္လုိ႔ ေျပာတာေပါ့။ ၄ ပြင့္ဆုိင္ဆုိတာ သမၼတဦးသိန္းစိန္ရယ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ရယ္၊ ေနာက္ၿပီးေတာ့ လႊတ္ေတာ္ကုိ ကုိယ္စားျပဳတဲ့ ဥကၠ႒ဦးေရႊမန္းရယ္၊ က်မရယ္ေပါ့ေနာ္။ အဲဒီေတာ့ ဒီ ၄ ပြင့္ဆုိင္ ေဆြးေႏြးပဲြ ျဖစ္ေျမာက္ေရးအတြက္ ျပည္သူေတြကေနၿပီးေတာ့ အားေပးၾကပါ၊ ျပည္သူေတြကေနၿပီးေတာ့ ကူညီေထာက္ခံၾကပါလုိ႔ က်မကဒီလုိပဲ ေတာင္းခံခ်င္ပါတယ္။”

အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ၾကားျဖတ္ေရြးေကာက္ပဲြ၀င္ဖုိ႔ ဆုံးျဖတ္ခဲ့ကတည္းကုိက ဖဲြ႔စည္းပုံျပင္ဆင္ေရးကုိ ႀကိဳးစားမယ္လုိ႔ သႏၷိဓာန္ ခ်ထားခဲ့ပါတယ္တဲ့။ ဒါေၾကာင့္မုိ႔လုိ႔ လႊတ္ေတာ္တြင္းမွာလည္း ႀကိဳးစားေနေၾကာင္းနဲ႔ လႊတ္ေတာ္အေနနဲ႔လည္း ျပည္သူ႔အသံကုိ နားေထာင္ဖုိ႔ လုိတဲ့အေၾကာင္း အခုလုိ ေဒၚေအာင္ဆန္းစုၾကည္က ေထာက္ျပေျပာဆုိလုိက္ပါတယ္။

“လႊတ္ေတာ္ဟာ ျပည္သူလူထုရဲ႕ ဆႏၵကုိ တကယ္ပဲ၊ လႊတ္ေတာ္ရဲ႕ဆႏၵဟာ ျပည္သူ႔ဆႏၵ ဆုိလုိ႔ရွိရင္ေတာ့ ၅ သန္းေသာ ျပည္သူမ်ားဟာ မိမိတုိ႔ရဲ႕ ဆႏၵသေဘာထားအရ လက္မွတ္ထုိးၿပီးေတာ့ ေထာက္ခံထားတဲ့ ကိစၥတခုကို လ်စ္လ်ဴ႐ႈမယ္ ဆုိလုိ႔ရွိရင္ေတာ့ လႊတ္ေတာ္ရဲ႕ ေဆာင္ပုဒ္နဲ႔ ကိုက္ညီမွာ မဟုတ္ဘူးလုိ႔ေတာ့ က်မတုိ႔ ေျပာရပါလိမ့္မယ္။”

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လုံၿခံဳေရးတာ၀န္ယူခဲ့တဲ့ ၃ ေရာင္ျခယ္ အဖဲြ႔၀င္ေဟာင္း အလြတ္သတင္းေထာက္ ကုိပါႀကီး ေသဆုံးမႈ အမႈမွန္ေပၚေပါက္ေရးအတြက္ တရားဥပေဒနဲ႔အညီ ေဆာင္ရြက္ရမွာ ျဖစ္တယ္လုိ႔ ေဒၚေအာင္ဆန္းစုၾကည္က အခုလုိ ေျပာဆုိလုိက္ပါတယ္။

“အခုကိစၥကေတာ့ တရားဥပေဒကိစၥ ျဖစ္ေနတယ္လုိ႔ ထင္ပါတယ္။ ဒါဟာ တရားစီရင္ေရး မ႑ိဳင္နဲ႔ ဆုိင္ပါတယ္။ အဲဒီေတာ့ အန္တီတုိ႔ရဲ႕ ဥပေဒစုိးမုိးေရး ေကာ္မတီကေတာ့ တျခားႏုိင္ငံထဲက အဖဲြ႔႔အစည္းေတြနဲ႔ ႏုိင္ငံသူ၊ ႏုိင္ငံသားေတြနည္းတူ ဒီအမႈကုိ ၾကည့္ေနၾကမွာပဲ၊ သုံးသပ္ေနၾကမွာပဲ။ ဘယ္လုိကုိင္တြယ္သလဲ၊ ဘယ္ေလာက္ တကယ္စစ္မွန္တဲ့ တရားဥပေဒစုိးမုိးေရး ရွိသလဲ ဆုိတာကုိေတာ့ အန္တီတုိ႔ ႏုိင္ငံတင္မဟုတ္ဘူး၊ တျခားႏုိင္ငံေတြကေတာင္မွ စိတ္၀င္တစားနဲ႔ ၾကည့္႐ႈေနမယ္လုိ႔ ထင္ပါတယ္။”

အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ဟာ တ႐ုတ္ျပည္ကုိ ဒီဇင္ဘာလအတြင္း သြားေရာက္ဖုိ႔ ရွိတယ္ဆုိတဲ့ သတင္းနဲ႔ ပတ္သက္လုိ႔ စီစဥ္ေနဆဲျဖစ္တာေၾကာင့္ အတည္မျပဳႏုိင္ေသးဘူးလုိ႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆုိလုိက္ပါတယ္။ ဒါ့အျပင္ လက္ရွိႏုိင္ငံေရး အေျခအေနနဲ႔ ပတ္သက္လုိ႔ သတင္းေထာက္ေတြရဲ႕ ေမးျမန္းခ်က္မွာေတာ့ ျမန္မာ့ႏုိင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြဟာ ေရွ႕လည္းမတုိး၊ ေနာက္လည္းမဆုတ္ဘဲ ရပ္တန္႔ေနတယ္လုိ႔ ေဒၚေအာင္ဆန္းစုၾကည္က ေျဖဆုိခဲ့ပါတယ္။

ေဒၚခင္စုိး၀င္း / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com/content/daw-suu-presser/2509362.html

Tuesday, November 4, 2014

ကရင္ျပည္နယ္တာ၀န္ရွိသူမ်ား ဗုဒၶဘာသာ သာသနာညႈိးႏြမ္း ေအာင္ ေဆာင္ရြက္



ကရင္ျပည္နယ္အေၾကာင္းေတာ့ ေျပာရ မွာနည္းနည္းခက္ပါတယ္။ တပ္မေတာ္အစိုးရလက္ထက္အခိ်န္ တုန္း က ကရင္ျပည္နယ္ရဲ ့အၾကီးအကဲတစ္ေယာက္ ဟာ ေက်ာင္းဆရာမမ်ား ေနရာအေျပာင္းအေရြ  ့ အ တြက္ ေထာက္ခံ ခ်က္ေပးဖုိ ့လက္မွတ္ထုိးရတဲ ့အခါ ဆရာမမ်ား ဟာ အဲဒီ ဗုိလ္မွဴး ၾကီးထံမွာ ညအိပ္ ပန္းဆက္ျပီး လာဘ္ထုိးရပါတယ္ ။အဲဒီ ဗုိလ္မွဴးၾကီးဟာ လဲ ေက်ာင္းဆရာမ ဆုိတာနဲ ့အပ်ိဳ /အအုိ မေရွာင္ဘူး ။ ညအိပ္ဖုိ ့အဆင္သင့္ပါဘဲတဲ ့ ။ ေ၀းလံတဲ ့ကရင္ျပည္နယ္ ကေန ဇာတိရပ္ရြာ ကုိ ျပန္လည္ေျပာင္းေရႊ  ့ဖုိ ့အတြက္ ျမိဳ  ့သူ ေတာ္ေတာ္မ်ားမ်ားဟာ ဗုိလ္မွဴးၾကီးထံ ပန္းဦး/ပန္းဖူး ဆက္သ ခဲ့ရပါတယ္။ အဲဒီလုိ ပန္းဆက္ရတာ ဟာ ပုဂံ ျပည့္ ရွင္ လက္ထက္ ရွင္အရဟံ မေပၚထြန္းမီက အရည္းၾကီး တုိ ့ရဲ ့ လမ္းစဥ္ ပါ။
အဲဒီ ဗုိလ္မွဴးၾကီး ရဲ  ့အရည္းၾကီးက်င္ ့စဥ္ ကုိ အားက်တာရယ္ အဲဒီအရည္းၾကီးက်င့္စဥ္ ကုိ က်င့္ေနတဲ ့ ဗုိလ္မွဴးၾကီးက သူ ့အျပစ္ေတြကုိ ဖုံးကြယ္လုိတာေၾကာင့္ ကရင္ျပည္နယ္ ဘားအံ ျမိဳ  ့နယ္ က်ံဳ ဖဲ ေက်းရြာ က ေက်းရြာေကာင္စီ လက္ထက္တြင္ ေက်းရြာလူၾကီးမ်ားေမာင္းထုတ္လုိက္သည့္ ၾကက္တုိက္၊ ဖဲရုိက္၊လူရမ္းကား လူဆုိး တစ္ေယာက္ က ဘုန္းၾကီး၀တ္၍ ရြာမွတိမ္းေရွာင္သြားျပီး ငယ္ျဖဴ ရဟန္း ဟုဆုိကာ  က်ံဳ ဖဲ ကမ္းနားေက်ာင္းတြင္ လစ္လပ္ေက်ာင္းထုိင္ဆရာေတာ္အျဖစ္ ေလ်ာက္ထားရယူခဲ့သည့္ ဦးစႏိၵမာ အား  တုိင္းမွဴး/ ျပည္နယ္မွဴး အာဏာ တစ္ခ်ိဳ ့တစ္၀က္အပ္ႏွင္းကာ သာသနာ ညိႈးႏြမ္း ေအာင္ ေဆာင္ရြက္ခဲ့ေၾကာင္းသိရသည္။
က်ံဳ ဖဲ ေက်း ရြာ မွ ရ ၀ တ ဥကၠ႒ ၊ ေက်းရြာ ဥကၠ႒ ႏွင့္ ေက်း ရြာ အုပ္ခ်ဳပ္ ေရးမွဴး ဆုိသူမ်ားအား ဦးစႏၵိမာ က ခရုိင္ အုပ္ ခ်ဳပ္ေရးမွဴး ၊ ျမိဳ  ့နယ္ အုပ္ခ်ဳပ္ေရးမွဴး ဆုိသူမ်ားကုိ တုိင္းမွဴး/ျပည္နယ္မွဴး အာဏာ တစ္ခ်ိဳ  ့တစ္၀က္ ကုိ မေလ်ာ္ ၾသဇာ အသုံးျပဳ၍ ျဖဳတ္ ခုိင္ း ျခင္း ရာထူးမွ ဖယ္ရွားျခင္း တုိ ့ လုပ္  ေဆာင္ေန ေၾကာင္း သိရသည္ ။
က်ဳံ ဖဲ ေက်း ရြာ ေန ျပည္ သူ လူထု ၾကိဳက္ႏွစ္သက္သည့္ အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေအာင္ ဆုိသူ အား အုပ္ခ်ဳပ္ေရးမွဴး ရာထူးမွ ဖယ္ရွားေစေသာ္လည္း ေနာက္တစ္ၾကိမ္ အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ေရြးခ်ယ္ခြင့္ မရရွိေစရ ဟု အမိန္ ့ နည္းဥပေဒ ျပဌာန္းခ်က္မရွိသျဖင့္ ဦးခင္ေအာင္ ေထာက္ခံသူမ်ား ေက်းရြာ အုပ္ခ်ဳပ္ ေရးမွဴး မျဖစ္ေပၚေစေရးအတြက္ ကမ္းနားေက်ာင္း ဆရာေတာ္ ဦးစႏၵိမာက ျပည္သူ ့စစ္ ေသနတ္ မ်ား မအပ္ ပဲ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး တာ၀န္ ဆက္လက္ယူထားေၾကာင္း သိရသည္။ က်ဳံဖဲ ရြာသားမ်ားက ငရဲျပည္ကုိ သြားေတာ့မွာလား ဦးစႏၵိမာ ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး တာ၀န္မွ ရပ္စဲ ေၾကာင္း အမိန္ ့စာ မ်ားကုိ ျဖန္ ့ေ၀လွ်က္ရွိေၾကာင္း ……
နတ္ဒုိး(ခရီးသြား)

Tuesday, October 28, 2014

၂၀၁၅ ေရြးေကာက္ပြဲ မွာ ဘယ္ပါတီ အႏုုိင္ရမွာလဲ ? ? ?



၂၀၁၅ ခုႏွစ္၊ႏုိ၀င္ဘာလ၊ပထမပတ္တြင္ က်င္းပမည့္ ျမန္မာႏုိင္ငံ၏ ဒုတိယ အၾကိမ္ေရြးေကာက္ ပြဲတြင္ ႏုိင္ငံေရးပါတီေပါင္း (၇၀) ေက်ာ္ ၀င္ေရာက္ယွဥ္ျပိဳင္မည္ျဖစ္ရာျမန္မာႏုိင္ငံအတြက္သာမက ကမၻာ့ႏုိင္ငံ အသီးသီးကပါ ၂၀၁၅ ေရြးေကာက္ပြဲ အႏုိင္ရပါတီကုိ ျပည္သူ ့ပါတီအျဖစ္ ခ်ီးက်ဴးဂုဏ္ျပဳရန္ ေမွ်ာ္လင့္ ခ်က္ မ်ားစြာျဖင့္ ေစာင့္စားလွ်က္ရွိသည့္အခါ သမယ ယခု အခ်ိန္တြင္ . . .
အင္အားၾကီးႏုိင္ငံေရးပါတီၾကီးမ်ားအျဖစ္ လက္ရွိ အႏုိင္ရ ျပည္ေထာင္စုၾက့ံခုိင္ေရးႏွင့္ဖြ ံျ့ဖိဳးေရးပါတီ ႏွင့္ အမ်ိဳးသားဒီမုိကေရစီအဖြဲ ့ခ်ဳပ္ ပါတီတုိ ့ကုိ သတ္မွတ္ထားၾကသည္။ တုိင္းရင္းသားအမ်ားစုေနထုိင္ၾက သည့္ျပည္နယ္မ်ားတြင္တုိ္င္းရင္းသားပါတီမ်ားအႏုိင္ရရန္ ျဖစ္ႏုိင္ေခ်အမ်ားဆုံးျဖစ္ေၾကာင္းေလွနံဓါးထစ္ သတ္မွတ္ထားျပီးျဖစ္သည့္အခ်ိန္တြင္ ထင္သာျမင္သာျဖစ္သည့္ ႏုိင္ငံေရး စုဖြဲ ့လႈပ္ရွားမႈၾကီးကုိ One Party with multi teams ျဖစ္ေနသည့္ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြ ံ့ျဖိဳးေရးပါတီႏွင့္ Multi Teams lead to One Party ျဖစ္ေနသည့္ အ မ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္တုိ ့ ယွဥ္ျပိဳင္ပြဲၾကီး အျဖစ္ ႏုိင္ငံေရး ေလ့လာသူမ်ားက မွတ္ခ်က္ျပဳေလ့လာစမ္းစစ္မႈမ်ား ျပဳလုပ္လွ်က္ရွိသည္ ။
Multi Teams lead to One Party ျဖစ္ေနသည့္ အမ်ိဳးသားဒီမုိကေရစီအဖြဲ ့ခ်ဳပ္ တြင္ မဟာမိတ္ပါတီ ငယ္မ်ားသာမက ပါတီ၏ စည္းရုံးေရးလုပ္ငန္းကုိ ၀ုိင္း၀န္းလုပ္ေဆာင္ေနသည့္ အရပ္ဖက္လူမႈအဖြဲ ့ အ စည္းေပါင္း ႏွစ္ေထာင္ေက်ာ္ပါ၀င္ေနေၾကာင္း၊ ရန္ကုန္ျမိဳ  ့တြင္ အရပ္ဖက္လူမႈအဖြဲ ့အစည္းေပါင္း ၁၃၀၀ ေက်ာ္မွ အမ်ိဳးသားဒီမုိကေရစီအဖြဲ ့ခ်ဳပ္ပါတီ၏ စည္းရုံးေရးအတြက္ ဖြဲ ့စည္းထားျခင္းျဖစ္ ေၾကာင္း၊ အထင္ရွားဆုံးအဖြဲ ့မွ ာ ပန္းရဲ  ့လမ္ း  ဂီတ အႏုပညာရွင္မ်ားအဖြဲ ့ျဖစ္ျပီး အမ်ိဳးသားဒီမုိကေရ စီအဖြဲ ့ခ်ဳပ္ ၏ ကြန္ယက္မ်ားအတြက္ ရန္ပုံေငြ ရရွိေရးလုပ္ငန္းမ်ားကုိ ဂီတအႏုပညာျဖင့္ ေဖ်ာ္ေျဖကာ ရွာ ေဖြ စုေဆာင္းေပးလွ်က္ရွိေၾကာင္းသိရသည္။
One Party with Multi Teams ျဖစ္ေနသည့္ ျပည္ေထာင္စုၾကံ့ခုိင္ေရးနွင့္ဖြ ့ံျဖိဳးေရးပါတီမွာ ပါတီ၏ အေထာက္အပံ့ျဖင့္ တည္ေထာင္ထားေသာ ပါတီငယ္ (၅၀) ခန္ ့ႏွင့္ ပါတီတြင္း အုပ္စုကြဲမ်ားျဖင့္ အင္အားမ်ား ျပန္ ့ၾကဲလွ်က္ရွိေနေၾကာင္း ေလ့လာေတြ ့ရွိရသည္။ ရန္ကုန္ျမိဳ  ့အတြင္း ဦးေအာင္သိန္း လင္းဂုိဏ္း၊ ၀န္ၾကီးခ်ဳပ္ ဦးျမင့္ေဆြ ဂုိဏ္း ၊ အေထြေထြအတြင္းေရးမွဴးဂုိဏ္း၊ ဦးေဌးဦးဂုိဏ္း၊ ဥကၠ႒ ဦး ေရႊ မန္း ဂုိဏ္း ဟူ၍ ဂုိဏ္းကြဲ မႈမ်ားျဖစ္ေပၚေနျပီး အခ်င္းခ်င္း အတုိ ့အေထာင္မ်ားျဖင့္ ပါတီစည္းရုံးေရး ကုိ ေရွ  ့တုိ းလုပ္ေဆာင္ႏုိင္ျခင္းမရွိေၾကာင္း သုံးသပ္ေတြ ့ရွိရျပီး  အင္အားၾကီးပါတီႏွစ္ခု၏ ႏုိင္ငံေရးႏွင့္ တည္ေနရာအခင္းအက်င္းအရ ေက်ာ္သူ၏ နာေရးကူညီမႈအသင္းရုံးႏွင့္ သုခေဆးရုံ၊ သမုိင္းလမ္းဆုံရွိ ျဖိဳးေစတနာေဆးရုံ တုိ ့မွာ အမ်ိဳးသားဒီမုိကေရစီ အဖြဲ ့ခ်ဳပ္ ႏွင့္ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြ ံ့ျဖိဳးေရးပါ တီတုိ ့၏ ျပည္သူ ့အက်ိဳးသယ္ပုိးေဆာင္ရြက္ႏုိင္မႈ တုိင္းတာ စရာ ေပတံ မ်ားျဖစ္လာေၾကာင္း …
လက္ရွိ ႏုိင္ငံေရးအခင္းအက်င္း အရ အႏုိင္ရပါတီ ျဖစ္သည့္ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ ့ျဖိဳးေရးပါတီ က တစ္အိမ္တက္ တစ္အိမ္ဆင္း စည္းရုံးေရးလုပ္ငန္း ကုိ လက္ေတြ ့ကြင္းဆင္းေဆာင္ရြက္ေနခ်ိန္တြင္ အမ်ိဳး သား ဒီမုိကေရစီအဖြဲ ့ခ်ဳပ္ က ပညာေရးကြန္ရက္ ႏွင့္ က်န္းမာေရးကြန္ရက္မ်ားျဖင့္ အနာဂါတ္မ်ိဳး ဆက္သစ္လူငယ္မ်ားကုိ တုိက္ရုိက္ထိေတြ ့ကြင္းဆင္း ေဆာင္ ရြက္ေနေၾကာင္း ေတြ ့ရွိရျပီး ရန္ကုန္ျမိဳ ့ အတြင္း ပန္းရဲ  ့လမ္း ေတးဂီတအဖြဲ ့၏ ေဖ်ာ္ေျဖမႈမွာ လူထုေထာက္ခံမႈရရွိယုံမက လူထုမွ ေထာက္ပံ့ သည့္ ပါတီ၀င္ေငြ ကုိ ပါ အလုံးအရင္းႏွင့္ရရွိေနသည့္အတြက္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမုိကေရစီအဖြဲ ့ခ်ဳပ္ ပါတီမွ အႏုိင္ရရန္ေျခသာ ေျခေပၚ ျဖစ္ေနေၾကာင္း …  

Tuesday, October 21, 2014

အေဟာင္းျပဳတ္ / အဟုတ္ ေျပာင္း မွ ၂၀၁၅ အႏုိင္ရမည္ဟု ျပည္ခုိင္ျဖိဳး အမာခံေဟာင္းမ်ားေျပာၾကား



ဦးတင္ေအး ၏ ၂၀၁၅ခုႏွစ္၊ႏုိ၀င္ဘာလ အတြင္း တစ္ႏုိင္ငံလုံးအတုိင္းအတာ ႏွင့္ ေရြးေကာက္ပြဲက်င္းပ မည္ ဟူေသာ ေျပာၾကားခ်က္ ႏွင့္ လက္ရွိအစုိးရ ႏွင့္ အနုိင္ရ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ ့ျဖိဳးေရးပါတီ တာ၀န္ရွိသူမ်ားကုိ ျမန္မာ  ျပည္သူ လူထုၾကီး ႏွင့္ ႏုိင္ငံတကာ မွ One Team အျဖစ္ သတ္မွတ္ ထား ခ်က္ အေပၚ  ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြ ံ့ျဖိဳးေရးအသင္းအမာခံေဟာင္းမ်ားႏွင့္ ႏုိင္ငံေရးေလ့လာ သူမ်ား က  အေဟာင္းမျပဳတ္ သျဖင့္ ျမန္မာ့ဒီမုိကေရစီ အေရးမွာ အဟုတ္မေျပာင္း  ျဖစ္ေနရေၾကာင္း ရန္ကုန္ေၾကးမုံ သုိ ့အသိေပးေျပာၾကားသည္။
၂၀၁၀ ေရြးေကာက္ပြဲ မွာ တပ္မေတာ္အစုိးရမွ အရပ္သားအစုိးရသုိ ့အသြင္ကူးေျပာင္းမႈျဖစ္သျဖင့္ ျပည္သူလူထု၏ ေရြးခ်ယ္မႈထက္ ျပည္ခုိင္ျဖိဳ းႏွင့္ နယက အစုိးရ အဖြဲ ့၀င္မ်ား၏ တာ၀န္ေပးခန္ ့အပ္ မႈျဖင့္  လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းအသီးသီး ကုိ အမည္စာရင္းတင္သြင္းခဲ့ေၾကာင္း၊ ယင္းသုိ ့ ၂၀၁၀ ေရြးေကာက္ပြဲမတိုင္မီ လ်ာထားခ်က္ျဖစ္ေသာ  တစ္ခ်ိဳ  ့ျမိဳ  ့နယ္မ်ား ၏ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း သတ္မွတ္ခံရသူမ်ားမွာ သက္ဆုိင္ရာ ဗဟုိ ၊ တုိင္း/ျပည္နယ္၊ ခရုိင္ အဆင့္ဆင့္ေသာ တာ၀န္ခံမ်ား၏ ဗုိလ္က် အမည္စာရင္းဖယ္ရွားခံခဲ့ရသူမ်ားရွိခဲ့ေၾကာင္း၊ တပ္မေတာ္အစုိးရမွ အရပ္သား အစုိးရ အသြင္ေျပာင္းျခငး္ျဖစ္သည့္အတြက္ ကုိယ္စားလွယ္ေလာငး္အမည္တင္သြင္းသည္ႏွင့္ လႊတ္ေတာ္ကုုိယ္စားလွယ္အျဖစ္ အေရြးခံရရန္ ေသခ်ာေသာေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္ၾကီးမ်ား၊ ဌာနဆုိင္ရာ အျငိမ္းစား၀န္ထမ္းၾကီးမ်ား က၂၀၁၀ ေရြးေကာက္ပြဲအတြက္ ကုိယ္စားလွယ္ေလာင္း ေလ်ာက္ထားရမည့္အခ်ိန္က်မွ မုိးက်ေရႊကုိယ္အျဖစ္ ျပည္ခုိင္ျဖိဳး သုိ ့ပါလာခဲ့ေၾကာင္း၊ သက္ဆုိင္ရာ ျမိဳ  ့နယ္ အသီးသီး တြင္ ကုိယ္က်ိဳး စြန္ ့လုပ္ကုိင္ေဆာင္ရြက္သူမ်ားကုိ လစ္လ်ဴ ရႈ ခဲ့ေၾကာင္း၊ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲ ျပီးဆုံးခ်ိန္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ ပါတီၾကီးႏွင့္ ယွဥ္ျပိဳင္ရမည္ျဖစ္ ေသာေၾကာင့္ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြြံ ့ျဖိဳးေရးပါတီတြင္ မုိးက်ေရႊကုိယ္  ကုိ္ယ္စားလွယ္ေလာင္း ျဖစ္ခ်င္သူ အားနည္းခဲ့ေၾကာင္း၊ ယင္းသုိ ့အားနည္းခဲ့သည့္အတြက္ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ ့ျဖိဳးေရး ပါတီတြင္ အနစ္နာခံေဆာင္ရြက္ေနၾကေသာ ပါတီေကာ္မတီ၀င္ လူငယ္မ်ား  လႊတ္ေတာ္ကုိယ္စားလွယ္ ေလာင္းအမည္စာရင္း တင္သြင္းရန္ အေျခအေနေကာင္းမ်ားေပၚထြက္လာခဲ့ေၾကာင္း၊ သုိ ့ေသာ္လည္း ၂၀၁၀ ခုႏွစ္ ေရြးေကာက္ပြဲ ကာလကဲ့သုိ ့မုိးက် ေရႊ ကုိုယ္ ကုိယ္စားလွယ္ေလာင္းမ်ား ေပၚထြက္လာခဲ့ သည္ ကုိ ခံစားခဲ့ရသူမ်ားျဖစ္သည့္အတြက္ ၂၀၁၅ ေရြးေကာက္ပြဲ ေအာင္ႏုိင္ေရးအတြက္ စည္းရုံးေရး လုပ္ငန္းကုိ အားသြန္စုိက္မႈနည္းပါးမႈမ်ားရွိေနေၾကာင္း၊ ယင္းသုိ ့ျဖစ္ေနရျခင္းမွာ ျပည္ေထာင္စုၾကံ့ခုိင္ ေရး ႏွင့္ဖြံ ့ျဖိဳးေရးပါတီမွာ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲ ျပီး၍ ပါတီကုိ Reform လုပ္ခဲ့ေသာ္လည္း ခ်ီးျမွင့္ ေျမွာက္စားရမည့္ ေမြးျမဴ ေလ့က်င့္ ထားရမည့္ လူငယ္မ်ားကုိ ေနရာမေပးႏုိင္ပဲ လက္၀ါးၾကီးအုပ္ ကုိယ္က်ိဳးရွာ အျမတ္ထုတ္လုိသူမ်ား ဆက္လက္ၾကီးစုိးပါ၀င္ေနျခင္းႏွင့္ ယင္းသုိ ့ေသာစိတ္ဓါတ္မ်ားၾကီး စုိးေနျခင္းသာျဖစ္သည့္အတြက္  ယင္းသုိ ့ ေသာ အက်င့္ စရုိက္ မ်ားႏွ့င္ အက်င့္ စရုိက္ဆုိးရွိသူ အေဟာင္း မ်ား ရွိေနေသးသည့္အတြက္ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ ့ျဖိဳးေရးပါတီမွ ာအေဟာင္းမျပဳတ္ သျဖင့္ အဟုတ္မေျပာင္း ႏုိင္ ျဖစ္ေနသည့္ အခက္အခဲႏွင့္ ရင္ဆုိင္ေနရသည့္ကာလျဖစ္ ေၾကာင္း ျပည္ ခုိင္ ျဖိဳး လူမႈေရးအသင္းလက္ထက္ အမာခံမ်ားက သူတုိ ့ျဖတ္သန္းခဲ့ရသည့္ အေတြ ့အၾကဳံမ်ားႏွင့္ ႏႈိင္းယွဥ္ေျပာၾကားသည္။
ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ ့ျဖိဳးေရးအသင္းလက္ထက္ ရန္ကုန္တုိင္းတာ၀န္ခံ ရန္ကုန္ျမိဳ  ့ေတာ္၀န္ ဦးကုိေလး လက္ထက္တြင္ ရန္ကုန္ျမိဳ ့ေတာ္၀န္ ႏွင့္  ျမိဳ  ့နယ္ အလုပ္အမႈေဆာင္မ်ားေတြ ့ဆုံပြဲျပဳလုပ္၍    “ ေမာင္ ရင္တုိ ့ေနာက္လွည့္ၾကည့္စရာ မလုိ ဘူး  ကုိယ္တုိ ့အားလုံးျဖည့္ဆည္းေဆာင္ရြက္ေပးထားမယ္ ” ဟူ၍ ေျပာဆုိခဲ့ေၾကာင္း၊ ျမိဳ  ့နယ္ အလုပ္အမႈေဆာင္မ်ားသက္သာေခ်ာင္ခ်ိေရးအဖြဲ ့ ဖြဲ ့စည္းေဆာင္ ရြက္၍ ေနာက္လွည့္ၾကည့္စရာမလုိေသာ ျဖည့္ဆည္းေဆာင္ရြက္မႈကုိ လူတစ္စုကလက္၀ါးၾကီးအုပ္ ေဆာင္ရြက္ခံခဲ့ရေၾကာင္း၊ ယင္းသုိ ့လက္၀ါးၾကီးအုပ္ခံခဲ့ရသည့္အတြက္ ၂၀၁၀ ခုႏွစ္ေရြးေကာက္ပြဲ အတြက္ ပါတီအကူးအေျပာင္းတြင္ ပါ၀င္ျခငး္မရွိေတာ့ပဲ ျမိဳ  ့နယ္ လူထုအတြက္ အမွန္အကန္ အက်ိဳး ျပဳ လုပ္ေဆာင္ေပးႏုိင္မည့္သူမ်ား ေရြးေကာက္ပြဲ ေအာင္ႏုိင္ေရးကူညီေဆာင္ရြက္ေပးေရး ႏွင့္ ကုိယ္က်ိဳး ရွာသူမ်ား ကိုယ္စားလွယ္ တင္သြင္းခံခဲ့ရပါက ယင္းကုိယ္စားလွယ္ေလာင္း၏ ျပိဳင္ဘက္အႏုိင္ရေရး ကုိ အနာဂါတ္မ်ိဳးဆက္သစ္လူငယ္မ်ား၏ အက်ိဳးစီးပြားကုိ စာနာစိတ္ျဖင့္ ကူညီေဆာင္ရြက္သြားၾကရန္ မိတ္ ေဟာင္းေဆြေဟာင္း ၾကံ့ခုိင္ေရးေဟာင္းမ်ားေတြ ့ဆုံပြဲမ်ားတြင္ ေဆြးေႏြးေျပာၾကားျဖစ္ေၾကာင္း တာေမြ ျမိဳ  ့နယ္ ျပည္ခုိင္ျဖိဳ း အလုပ္အမႈေဆာင္ေဟာင္းတစ္ဦးမွ ေျပာၾကားသည္။
ယခုအခါ ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးတင္ေအးမွ ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲအတြက္ ျပင္ဆင္ရန္ ခရာတြတ္ေျပာၾကားေနျပီျဖစ္သည့္အတြက္ အမ်ိဳးသားဒိီမုိကေရစီအဖြဲ ့ခ်ဳပ္ ပါတီႏွင့္ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ ့ျဖိဳးေရးပါတီတုိ ့ကုိ ႏႈိင္းယွဥ္ၾကည့္ရမည္ျဖစ္ေၾကာင္း၊ အမ်ဳိးသားဒီမုိကေရ စီအဖြ ဲ့ခ်ဳပ္တြင္ ျပည္သူ ့အသည္းေက်ာ္ ေဒၚေအာင္ဆန္းစုၾကည္ ရွိေနျခင္း၊ ေဒါက္တာဘြဲ ့ရ မ်ား ႏွင့္ မဟာ ဘြဲ ့ ရသူ အသီးသီးကုိ ပါတီပုံရိပ္ျဖင့္  အစစရွင္သန္ႏုိင္ေအာင္ ပါတီဥကၠ႒ မွ အကူအညီေပး ႏုိင္ရန္ ေထာက္ခံခ်က္ေပး ပံ့ပုိးထားေၾကာင္း၊ စီးပြားေရးလုပ္ငနး္ရွင္အသီးသီးက NLD ဘက္သုိ ့ေပၚေပၚထင္ထင္ေထာက္ပံ့ျခင္းႏွင့္ မျမင္ကြယ္ရာ မွ ေထာက္ပံ့ေနျခင္း ၊ NLD ပါတီမွ ေဆာင္ရြက္ေနသူမ်ားကို ျပည္သူလူထု မွ လုိလားႏွစ္ျခိဳက္ေထာက္ခံေနျခင္း၊ ၂၀၁၂ ခုႏွစ္ ၾကားျဖတ္ ေရြးေကာက္ပြဲ တြင္ လႊတ္ေတာ္ကုိယ္စားလွယ္ သုံးဆယ္ေက်ာ္သာအႏုိင္ရခဲ့ေသာ္လည္း ေရြးေကာက္ပြဲ  ျပီးဆုံးခ်ိန္တြင္ ျပည္သူလူထုအသည္းဘ၀င္ခုိက္မည့္ ကိစၥမ်ားကုိ လုပ္ေဆာင္ခ်က္ႏွင့္အတူ မီဒီယာမွ တစ္ဆင့္ ျပည္သူလူထုသိရွိေအာင္ အခ်ိန္ႏွင့္တစ္ေျပးညီေဆာင္ရြက္နုိင္ျခင္း၊ မီဒီယာ အသီးသီးမွ NLD အေၾကာင္း ဦးစားေပးေဖၚျပေပးေနျခင္း တုိ ့မွ ာ NLD အတြက္ အားသာခ်က္ျဖစ္ေနေၾကာင္း၊
ျပည္ေထာင္စုၾကံံ့ခုိင္ေရးႏွင့္ဖြ ံ့ျဖဳိးေရးပါတီ မွာ အႏုိင္ရပါတီျဖစ္ေနသည္ဟုဆုိကာ ျပည္သူလူထုမွ အစိုးရ ႏွင့္ ပါတီ ကုိ One Team အျဖစ္ သတ္မွတ္ခံထားေနရေသာ္လည္း လက္ေတြ ့တြင္ ၁၅၀၀ /- က်ပ္ တန္ တယ္လီဖုန္းခ်ထားေပးရာတြင္ အႏုိင္ရပါတီအျဖစ္ ဦးစားေပး ရရွိျခင္းမရွိခဲ့ေၾကာင္း၊ အႏုိင္ရပါတီျဖစ္ ၍ အစုိးရ ႏွင့္ One Team အျဖစ္ သတ္မွတ္ခံထားရေသာ္လည္း အစိုးရအေနျဖင့္ အဆင့္ဆင့္ေသာ  ပါတီ ေကာ္မ တီ၀င္မ်ား ၏ ဘ၀အာမခံခ်က္ ရရွိေရး အခြင့္အလမ္းကုိ လက္ေတြ ့ေဖၚေဆာင္မႈမေပးႏုိင္ျခင္း ၊ အစိုးရသက္သက္ ပါတီသက္သက္ ျဖစ္ရန္ ပုံေဖၚထားျပီး တာ၀န္ထမ္းေဆာင္ေနေသာ ပါတီေကာ္မတီ၀င္ မ်ားအား လစဥ္ေထာက္ပံ့ေၾကးေပးရုံျဖင့္လုံေလာက္ျပီဟု တန္ေၾကးသတ္မွတ္ထား သည့္အတြက္ လက္ရွိ ပါတီႏွင့္ အစုိးရ အေပၚ  ၾကည္ညိဳမႈအားနည္းေနျခင္း စသည့္အခက္အခဲ မ်ား ႏွင့္ ၾကဳံေတြ  ့ေနရေၾကာင္း၊ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ ့ျဖိဳးေရးပါတီ အေနျဖင့္ပညာေရး အရည္ အခ်င္းရွိ သူမ်ားကုိ ဆက္လက္ ပညာသင္ယူခြင့္ ေပးရန္ လစ္လ်ဴ ရႈ ထားျခင္း တုိ ့ မွ ာ ျပည္ ေထာင္ စုၾ႕ကံ ခုိင္ ေရးႏွင့္ဖြံ ့ျဖိဳးေရး ပါတီ၏ အားနည္းခ်က္မ်ားျဖစ္ေၾကာင္း ယင္းအလုပ္အမႈေဆာင္ေဟာင္းမ်ား အဖြဲ ့ က သုံးသပ္ေျပာၾကားသည္။
ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ ့ျဖိဳးေရးပါတီအေနျဖင့္ ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲတြင္အနုိင္ရပါတီအျဖစ္ ဆက္ လက္ရွင္သန္ရပ္တည္ လုိပါ က  အက်င့္စရုိက္ဆုိးရွိသူလူေဟာင္းမ်ား ႏွင့္ အက်င့္စရုိက္ဆုိး ေဟာင္း ကုိ ျဖဳတ္ပစ္ရန္လုိအပ္ေၾကာင္း၊ Reform လုပ္ကာ လူေဟာင္း မ်ား ကအက်င့္ဆုိးေဟာင္းမ်ား ျဖင့္ လူငယ္မ်ိဳးဆက္သစ္ပညာတတ္မ်ား ကုိ ပါတီမွ ဖယ္ရွားရန္ ေဆာင္ရြက္ခဲ့ပါ က  အေဟာင္းမျပဳတ္ သျဖင့္ အဟုတ္မေျပာင္း ျဖစ္ကာ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲ ရလဒ္မ်ိဳ းသာ ရရွိပုိင္ဆုိင္ႏုိင္မွာ ျဖစ္ ေၾကာင္း၊  ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲ အႏုိင္လုိခ်င္သည့္ ျပည္ေထာင္စုၾကံ့ခုိင္ ေရးႏွင့္ဖြ ံ့ျဖိဳးေရးပါတီအေနျဖင့္  အေဟာင္းျဖဳတ္ ၍ အဟုတ္ေျပာင္းက ာ ျပည္သူပါတီအျဖစ္ ဆက္လက္ ရွင္သန္ ရပ္တည္သင့္ပါေၾကာင္း . . . . . ..

 ကိုးကားသတင္းမ်ား

ဧရာ၀တီ
့ျျ
ျမန္မာႏိုင္ငံ၏ ယေန႔ျဖစ္ေပၚေနေသာ ေျပာင္းလဲမႈႏွင့္ ဆုတ္ယုတ္မႈ ျဖစ္စဥ္မ်ားကိုၾကည့္လွ်င္ ခပ္ညံ့ညံ့ ေဟာလိဝုဒ္ သိပၸံ႐ုပ္ရွင္ကား တကားကို ၾကည့္ေနရသလို ျဖစ္ေနသည္။

ျပဳျပင္ေျပာင္းလဲမႈ အရွိန္ေလ်ာ့သြားၿပီး စီးပြားေရးႏွင့္ ပတ္သက္ေသာ ျပဳျပင္ေျပာင္းလဲမႈမ်ားက ေရေပၚအ႐ုပ္ေရးသလို ျဖစ္ေနသည္ ဆိုေသာေဝဖန္သံမ်ားက စီးပြားေရး လုပ္ငန္းရွင္ႀကီးမ်ား အၾကားတြင္ စတင္ၾကားေနရၿပီျဖစ္သည္။

ထိုကဲ့သို႔ ျဖစ္ရေသာ အေၾကာင္းအရင္းမွာ Reform ဆိုေသာ ျပဳျပင္ေျပာင္းလဲေရးကို မည္သို႔ လုပ္ေဆာင္ရမည္နည္း ဆိုသည္ကို ဂဃဏန မသိေသာ အခ်က္ပင္ျဖစ္သည္။ Reform ကို အေပၚယံလုပ္၍ မရေပ။ အာဏာဆက္လက္ တည္ၿမဲ ေရး အတြက္ ႏိုင္ငံတကာဖိအား ေလ်ာ့က်ေရး တခုတည္းကိုၾကည့္ၿပီး မလုပ္သင့္။ တိုင္းသူျပည္သူမ်ား အမွန္ တကယ္ ေကာင္းစားေရးအတြက္ ေစတနာမွန္ႏွင့္ လုပ္သင့္ပါသည္။

ယေန႔ ျမန္မာ့အေရးသည္ ဦးတည္ခ်က္ ေပ်ာက္ေနၿပီး သမၼတ ဦးသိန္းစိန္သည္ အေရးႀကီးေသာ ဆံုးျဖတ္ခ်က္မ်ားကို မေပးႏိုင္ ဟူေသာ ျပစ္တင္ေဝဖန္သံမ်ားကို ၾကားေနရၿပီ။

လက္ရွိအေျခအေနတြင္ ၿငိမ္းခ်မ္းသာယာ ၾကြယ္ဝေသာ ျမန္မာျပည္ကိုျမင္ရန္ မျဖစ္ႏိုင္ေတာ့ၿပီဆိုေသာ ေမွ်ာ္လင့္ခ်က္မဲ့ ညည္းညဴသံတခ်ိဳ႕ကိုလည္း ယခင္ ၂ ႏွစ္ခန္႔က Reform အစပ်ိဳးကာလတြင္ အားႀကိဳးမာန္တက္ အေကာင္းျမင္ဝါဒႏွင့္ ပါဝင္သူ မ်ားအၾကားတြင္ ၾကားလာရၿပီျဖစ္သည္။

Reform ေရွ႕ဆက္မတိုးရျခင္း အေၾကာင္းအရင္းမွာ မူေျပာင္းေသာ္လည္း လူမေျပာင္းျခင္းပင္ ျဖစ္သည္။ သမၼတ ဦးသိန္းစိန္ သည္ ျပဳျပင္ေျပာင္းလဲေရး လုပ္ခ်င္စိတ္ရွိေသာ္လည္း ယခင္ အုပ္ခ်ဳပ္ေရးပိုင္းက ပါလာသူမ်ားကိုသူ မေက်ာ္ လႊားႏိုင္ေပ။ သမၼတ၏ အမွားမ်ားအနက္ တခု မွာ လူမွန္ ေနရာမွန္ မထားတတ္၊ မခန္႔အပ္တတ္ျခင္းပင္ ျဖစ္သည္။ အေရးႀကီးေသာ တာဝန္ မ်ား ကို ထမ္းေဆာင္ေနေသာ ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာ ဝန္ႀကီးတခ်ိဳ႕ ကိုၾကည့္လွ်င္ စစ္အစိုးရ လက္ထက္တြင္ တာဝန္ယူခဲ့သူမ်ားျဖစ္ၿပီး ယခင္ကလည္း စြမ္းစြမ္းတမံ လုပ္ေဆာင္ျပႏိုင္ခဲ့ သူ မ်ား မဟုတ္သကဲ့သို႔ ယေန႔ လက္ရွိ တြင္လည္း ၄င္းလုပ္ေဆာင္မႈမ်ားသည္ အားရစရာမရွိဘဲ ျပဳျပင္ေျပာင္းလဲေရး ေရွ႕ဆက္မတိုးႏိုင္ျဖစ္ေနသည္။

ေရွ႕ကိုဆက္ႏိုင္ေရး အတြက္သမၼတႀကီးသည္ Team ကို အေျပာင္းအလဲ လုပ္ရလိမ့္မည္။ သမၼ တ ကိုယ္တိုင္က တိုင္းျပည္တြင္ ယေန႔ျဖစ္ေပၚေနေသာ အေျခအေနမွန္ကို အမွန္တိုင္းသိရန္ လိုအပ္သကဲ့သို႔ တင္ျပသူမ်ားကိုလည္း မေၾကာက္ မရြံ႕ တင္ျပႏိုင္ရန္ အခြင့္အေရးေပးရမည္။ သမၼတသည္ သူ၏အသင္းကို အားေကာင္းသူမ်ားႏွင့္ ဆက္လက္ ေမာင္းႏွင္ရန္ ႀကိဳးစားရမည္။ ထိုသို႔မဟုတ္လွ်င္ Reform သည္ ဇာတ္ေမ်ာႀကီးျဖစ္ဖို႔ ရာခိုင္ႏႈန္းမ်ားေနၿပီ ျဖစ္ပါေၾကာင္း။

ဦးတင္ေအးမွ ၂၀၁၅ ေရြးေကာက္ပြဲအတြက္ ျပင္ဆင္ၾကရန္ ခရာတြတ္ ေျပာၾကား

၂၀၁၀ ေရြးေကာက္ပြဲႏွင့္ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ဧည့္ႏုိင္ငံသားႏွင့္ ယာယီသက္ေသခံလက္မွတ္ကုိင္ေဆာင္ သူမ်ားကုိ ႏုိင္ငံေရးပါတီထူေထာင္ခြင္၊့ ပါတီ၀င္ျဖစ္ခြင့္ ႏွင့္မဲေပးခြင့္ျပဳခဲ့ေသာ္လည္း လာမည့္ ၂၀၁၅ ေရြးေကာက္ပြဲတြင္မူ ႏုိင္ငံေရးပါတီထူေထာင္ခြင့္၊ ပါတီ၀င္ျဖစ္ခြင့္မျပဳသည့္အျပင္ မဲေပးခြင့္လည္း မျပဳေတာ့ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးတင္ေအးက ယေန႔ ရန္ကုန္ၿမိဳ႕ ၊ ပန္ဒါဟိုတယ္တြင္ က်င္းပေသာ ႏုိင္ငံေရးပါတီမ်ားႏွင့္ေတြ႕ဆုံပြဲတြင္ ေျပာဆုိလိုက္သည္။

သမၼတဦးသိန္းစိန္က ယခင္စစ္အစုိးရလက္ထက္က ျပ႒ာန္းထားေသာ ေရြးေကာက္ပြဲဆုိင္ရာ ဥပေဒမ်ားမွ အခ်က္အလက္ တခ်ဳိ႕ကို ျပန္လည္ျပင္ဆင္လိုက္ၿပီျဖစ္ၿပီး ယင္းျပင္တင္ခ်က္အရ ဧည့္ႏုိင္ငံသား၊ ယာယီသက္ေသခံ လက္မွတ္ ကုိင္ေဆာင္ ထားသူမ်ားကို ယခင္ ခြင့္ျပဳထားသည့္ အခြင့္အေရးမ်ားကို ျပန္လည္ရုပ္သိမ္းလုိက္ၿပီျဖစ္ေၾကာင္း သိရွိရသည္။

“ႏုိင္ငံသား စိစစ္ေရး ကတ္ျပား ရွိသူသာလွ်င္ ပါတီေထာင္ခြင့္ ရွိတယ္။ ႏုိင္ငံသားမဟုတ္ဘဲ ပါတီေထာင္ ထားရင္လည္း အဲဒီလူေနရာလဲႏုိင္ဖုိ႔အတြက္ အခ်ိန္ေပးရမယ္လို႔ ဥပေဒအရ ျပဌာန္းထားပါတယ္။ ဒါေၾကာင့္  အခ်ိန္ ႏွစ္လ ေပးထား ပါတယ္။ ႏုိင္ငံသား ျဖစ္တယ္ ဆုိရင္ ပါတီ၀င္လို႔ ရတယ္။ ပါတီ ေထာင္လို႔ ရတယ္”ဟု ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးတင္ေအးက ဆုိသည္။

ဧည့္ႏုိင္ငံသားႏွင့္ယာယီသက္ေသခံလက္မွတ္ကုိင္ေဆာင္ထားသူမ်ားကုိ မဲေပးခြင့္၊ ႏုိင္ငံေရးပါတီ ထူေထာင္ခြင့္၊ ပါတီ၀င္ ျဖစ္ခြင့္ ပိတ္ပင္လိုက္ျခင္းအေပၚ တုိင္းရင္းသားႏုိင္ငံေရးပါတီတခ်ဳိ႕က ႀကိဳဆို လိုက္ၿပီး ႏုိင္ငံအတြက္ အက်ဳိးျဖစ္ထြန္း ႏုိင္ေသာ လုပ္ရပ္အျဖစ္ သုံးသပ္ေျပာဆုိသည္။

ခ်င္းအမ်ိဳးသား ဒီမုိကရက္တစ္ပါတီ ဥကၠဌ ဦးဇိုးဇမ္က
“ႏုိင္ငံေရးပါတီဆုိတာက အစိုးရ လုပ္ခ်င္ တဲ့သူေတြဆုိေတာ့ ႏုိင္ငံ သား ေတြကပဲ တုိင္းျပည္ရဲ႕ အေရးကိစၥကို ေတာ့ က်က်နန ရာႏႈန္းျပည့္ လုပ္ ႏုိင္မွာ ျဖစ္တယ္။ ႏုိင္ငံျခားသားေတြ အေနနဲ႔ ကေတာ့ ဘယ္လိုမွ သူတုိ႔ လုပ္ေပးႏုိင္မွာ မဟုတ္ဘူး။ အဲဒါကို ၾကည့္ၿပီး အခုလို ဆံုးျဖတ္လိုက္တာ ေနလိမ့္မယ္” ဟု ေျပာဆုိသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးတင္ေအးက လာမည့္ ၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလတြင္ တႏုိင္ငံလံုး ေရြး ေကာက္ ပြဲ က်င္းပႏုိင္ေရးအတြက္ ၂၀၁၄ ခုႏွစ္ ႏုိ၀င္ဘာလမွစ၍ မဲဆႏၵရွင္စာရင္းမ်ား စတင္ျပဳစုသြားမည္ျဖစ္ေၾကာင္း၊ တႏုိင္ငံလံုး မဲဆႏၵရွင္စာရင္း ျပဳစုျခင္း လုပ္ငန္းကို အဆင့္ သံုးဆင္ ခြဲျခား၍ ေဆာင္ရြက္မည္ျဖစ္ၿပီး ပထမဆင့္ကို ၂၀၁၄ ခုႏွစ္ ႏုိ၀င္ဘာလမွ ၂၀၁၅ ခုႏွစ္ ဇန္န၀ါရီလအထိ လည္းေကာင္း၊ ဒုတိယအဆင့္ကို ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလမွ ၂၀၁၅ ခုႏွစ္ မတ္လအထိ လည္းေကာင္း၊ တတိယအဆင့္ကို ၂၀၁၅ ခုႏွစ္ ေဖေဖာ္၀ါရီလမွ ေမလအထိ လည္းေကာင္း ေဆာင္ရြက္သြား မည္ ျဖစ္ေၾကာင္း ေျပာဆုိေၾကာင္း သိရွိရသည္။

ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးတင္ေအးႏွင့္ ႏုိင္ငံေရးပါတီမ်ားေတြ႕ဆုံပြဲတြင္ ႏုိင္ငံေရးပါတီမ်ားက ၂၀၁၅ ေရြးေကာက္ပြဲကုိ မွန္ကန္တရားမွ်ေသာ ေရြးေကာက္ပြဲျဖစ္ႏုိင္ေရး ေထာက္ျပ အႀကံျပဳေဆြးေႏြးမႈမ်ား လုပ္ေဆာင္ၾကၿပီး ေရြးေကာက္ပြဲ၀င္မည့္ ကိုယ္စားလွယ္မ်ား၏ က်င့္၀တ္ႏွင့္ ပတ္သက္၍ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ ႏုိင္ငံေရးပါတီမ်ား အျပန္အလွန္ အျမင္သေဘာထားမ်ား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Monday, October 20, 2014

အစုိးရဌာန မ်ား ေခါင္းေပါင္းေျပာင္းမည္ ဟူေသာသတင္းမ်ား ထြက္ေပၚ





၂၀၁၄ခုႏွစ္၊ေအာက္တုိဘာလတတိယပတ္အတြင္း အစုိးရဌာနမ်ားအတြင္ း ၀န္ ၾကီး ၊ဒု၀န္ၾကီး ကဲ ့သုိ ့ ေခါင္းေပါင္း  မ်ားေျပာင္းမည္ ဟူေသာ သတင္းစကားမ်ားထြက္ေပၚလွ်က္ရွိသည္ ။ ယင္းသုိ ့သတင္း စကား မ်ား ေပၚထြက္မႈ ႏွင့္ ပတ္သက္၍ လႊတ္ေတာ္အတြင္း PR စနစ္ တင္သြင္း မႈ ၊ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲ  မေသခ်ာ မႈ မ်ားႏွင့္ ျငိမ္းခ်မ္းေရး ဆိုိင္ရာလုပ္ငန္းမ်ား ျပီးျပတ္မႈမရွိျခင္း တုိ ့ေၾကာင့္ ျမန္မာ့ Democratice Regime အစုိးရအေနျဖင့္ ျပည္ေထာင္စုအစုိးရအဖြဲ ့အတြင္း ၀န္ၾကီး / ဒု၀န္ၾကီး ကဲ့သုိ ့ဌာန အၾကီးအကဲမ်ား ေျပာင္းေရႊ ့ျခင္း ႏွင့္ အနားေပးျခင္း၊ ျမိဳ  ့ေတာ္၀န္ရွိေသာ ျမိဳ  ့ၾကီး     မ်ား တြင္ စည္ပင္ သာယာေရးေကာ္မတီ၀င္မ်ားျပန္လည္ေရြးခ်ယ္ေစျခင္း တုိ ့ေဆာင္ရြက္ လွ်က္ရွိ သည္။
ျမန္မာ့ႏုိင္ငံေရး အဆုံးအျဖတ္ေပးရာျမိဳ  ့ၾကီး ျဖစ္သည့္ ရန္ကုန္ျမိဳ  ့အေနျဖင့္  ရန္ကုန္ျမိဳ  ့ေတာ္ ျမန္မာေစတနာျမိဳ  ့သစ္စီမံကိန္း ပ်က္ျပယ္ျခင္း ႏွင့္အတူ ၂၀၁၄ ခုႏွစ္ သီတင္းကြ်တ္ျပီးကာလ တုိင္ေအာင္ အိမ္ျခံေျမ ေစ်းမ်ားမွာ ေခါင္းေထာင္လာႏုိင္ျခင္းမရွိေတာ့ေၾကာင္း၊ အစုိးရကုိေထာက္ခံသည့္ အင္အားစုမ်ားႏွင့္ NLD ကုိေထာက္ခံသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအတြင္း  ေျမကြက္ေစ်းအတက္ အက် ေၾကာင့္ အထိနာမႈမ်ားျဖစ္ေပၚေနခ်ိန္တြင္ အစုိးရ၀န္ၾကီးဌာန မ်ား ေခါငး္ေပါင္းေျပာင္းမည္ ဟူေသာ ေကာလဟလ သတင္းမ်ားေပၚထြက္လာခဲ့ျခင္းျဖစ္ေၾကာင္း၊ သမၼတေျပာင္းလဲရန္ မရွိသည့္ ျမန္မာ့ ႏုိင္ငံေရး စနစ္ေၾကာင့္ သမၼတရုံး၀န္ၾကီးမ်ားအေျပာင္းအလဲမရွိႏုိင္ပဲ အျခားေသာ၀န္ၾကီးဌာနမ်ား အတြင္း ေခါင္းေပါင္းေျပာင္းျခင္းမ်ားသာျဖစ္ႏုိင္ေၾကာင္း၊ ဦးသန္းေရႊ အစုိးရလက္ထက္အတြင္း တန္ခုိးထြားခဲ့သည့္ ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ဖြံ ့ျဖိဳးေရးပါတီမွ လႊတ္ေတာ္ကုိယ္စားလွယ္ၾကီးမ်ား ကုိ ကုိယ္ေရးေနာက္ေၾကာင္းစိစစ္မႈ အားနည္းခ်က္မ်ားျဖစ္ေပၚခဲ့ရျပီး ယခုအခါ ယင္းအားနည္းခ်က္မ်ားမွာ ျမန္မာ့ႏုိင္ငံေရးေလာကအတြင္းသာမက ျပည္သူလူထုအတြင္းပါ ဖုံးဖိမရျဖစ္လာေသာေၾကာင့္ ယင္းအညွီ ရွိျပီး ျပည္ေထာင္စုအဆင့္ ၀န္ၾကီး ၊ ဒုတိယ ၀န္ၾကီးမ်ားသာ မူလေနရာမွ ဖယ္ရွားခံရမည္ျဖစ္ ေၾကာင္း ျပည္သူ ့လႊတ္ေတာ္ ကုိယ္စားလွယ္ေတာ္ၾကီးမ်ားအတြင္းေ၀ဖန္ေျပာဆုိမႈမ်ားျဖစ္ေပၚလ်က္ ရွိေၾကာင္း သိရသည္။