Popular Posts
Monday, October 22, 2012
ရန်ကုန်လေဆိပ် လ.၀.က ၀န်ထမ်းများ အတောင်း အရမ်း ထူ ပြော
      ရန်ကုန်လေဆိပ် ပြည်ပထွက်ခွာ ဂိတ်မှ လ.၀.က ၀န်ထမ်းများ သဘောင်္သားများကို နှိပ်စက်
ရန်ကုန် မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ် ရှိ ပြည်ပထွက်ခွာဂိတ်ဘက်တွင်တာဝန်ကျသော လ.၀.က
ဝန်ထမ်းများ သည် နိုင်ငံခြားသင်္ဘောများတွင် တာဝန်ထမ်းဆောင်မည့် သင်္ဘောသာများထံမှ မတရား
ငွေညှစ်မှုများ ပြုလုပ်လျှက်ရှိနေကြောင်း သင်္ဘောသားအေအးဂျင့် မင်းနိုင်မှ ရန်ကုန်ကြေးမုံ သို့ 
ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပထွက်ခွာ ဂိတ်တွင် လ.၀. က များ က  စုံကျသောနေ့  တာဝန် ထမ်းဆောင်ရသည့် အုပ်စုနှ င့် မရက် ကျသောနေ့ တာ ၀န်ထမ်းဆောင်ရသော အုပ်စု ဟူ၍ နှစ်ပိုင်းခွဲပြီး  တာဝန်ယူဆောင်ရွက်နေကြကြောင်း ၊ စုံရက် / မရက် ၀န်ထမ်းအုပ်စုနှစ်ခု စလုံး မြန်မာနိုင်ငံ ပင်လယ်ကူး  သင်္ဘောသား လက်မှတ် CDC မရှိသော အမှော က် သင်္ဘောသားများကို တစ်ဦးလျှင် ၁၀၀၀၀၀/- ကျပ်မှ  ၁၅၀၀၀၀/- ကျပ်အထိတောင်းယူပြီး သာမန် passport ဖြင့် ထွက်ခွာနိုင်အောင်  မသမာမှုများ ပြုလုပ်ပြီး  ကိုယ်ကျိုးစီးပွားရှာနေကြောင်း၊ အမှန်အကန် သင်္ဘောသားများ ထွက်ခွာခွင့် အတွက် ပြည်ပမှ ပေးပို့ သော  ဖက်စ် စာရွက် ပါ အကြောင်းအရာ ပြင်ဆင်ချက်ရှိပါက တစ်ဦးလျှင် တစ်သောင်းမှ  လေးသောင်းကျပ်အထိ  အပိုဆောင်းငွေတောင်းကာ ပြည်ပထွက်ခွာခွင့်ကို    ဆောင်ရွက်ပေးနေကြောင်း ၊  တရားဝင်ပင်လယ်ကူး  သင်္ဘောသား လက်မှတ် CDC ကိုင်ဆောင်သူများကို ကျပ်သောင်းနှင့်ချီ၍   မတရားလာဘ်ငွေတောင်းခံ  နေမှုကြောင့် သင်္ဘောသားများ လက်ရှိ မြန်မာအစိုးရ၏ သန့် ရှင်းသော အစိုးရ ၊  ကောင်းမွန်သောအုပ်ချုပ်  မှုဆိုသည့် ဆောင်ပုဒ် အပေါ် ယုံကြည်မှု ကင်းမဲ့လျှက် ရှိကြောင်း  မင်းနိုင်က ဆက်လက်ပြောကြားသည်။
                                                                                                                                     မင်းနိုင်( ယမုံနာ)
လာဘ်ပေးလာဘ်ယူ စည်ပင်မူ
                         လာဘ်ပေး၊လာဘ်ယူမှုတွေ မကင်းသေးတဲ့  ရန်ကုန်မြို့ တော်စည်ပင်
ရန်ကုန်မြို့ တွင်း ယာဉ် သွားလာ မှု ချောမော လွယ်ကူစေရေးအတွက် လမ်းဘေး  ပလက်ဖေါင်း များကို
မူလ အကျယ်မှ ငါးပေအထိ လူသွားလမ်း ထားပြီး လမ်းမကြီးများ တစ်လျောက်  ယာဉ်ရပ်နားနေရာများ
ချဲ့ ထွင်ထားရှိသည့်လုပ်ငန်းကို ဆောင်ရွက်နေရာတွင်  မူလပလက်ဖေါင်းကိုဖျက်ပြီး ယာဉ်ရပ်နားရန်
အတွက် ကွန်ကရစ်ခင်းမှုလုပ်ငန်းဆောင်ရွက်လျှက် ရှိသည် ။
စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသည့် ဆိုင်ကြီး များရှေ့  ၌  ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို   မြန်မြန်   ပြီးစီးစေရေးအတွက်  ဆိုက်တာဝန်ခံထံသို့  လာဘ်ငွေများပေးနေရကြောင်း သိရသည် ။
ယင်း လူသွားလမ်း ငါးပေ ရှိ ပလက်ဖေါင်းများတည်ဆောက်ရေးလုပ်ငန်းတွင်  ငွေပေး ပါ က ချက်ခြင်းဖျက်၊
ချက်ခြင်းပေး၊ ချက်ခြင်း ခင်း  ဆိုသည့် မူ ဖြင့် ဆောင်ရွက်နေသလို ပလက်ဖေါင်းအောက်ရှိ ဂျိုးဖြူရေပိုက်
လိုင်းများကို ဖျက်ဆီး ကာ ရေပိုက်အသစ်တပ်ဆင်ခအဖြစ် တစ်အိမ်လျှင် လေး သောင်း ကျပ်  ပေးဆောင်
ပြီး ရေပိုက်လိုင်းများ မူလအတိုင်းပြန်ရရှိရေးအတွက် လမ်းမကြီးများတစ်လျောက်ရှိ အိမ်ရှင်များက ဆောင် ရွက်နေ ရကြောင်း သိ၇သည်။
ထိုင်သည့် ပင်စင်စားကြီးများက  ယင်းတို့ ၏ တွေ့ ကြုံ ခံစားနေရမှုများကို  ရန်ကုန် ကြေး မုံ  သို့  ရင်ဖွင့်  ပြော ကြားသည်။
ပင်စင် စားကြီး များက နံနက်ခင်းလဘက်ရည်ဆိုင်များတွင် လာဘ်ပေးလာဘ်ယူ စည်ပင် မူ ဟူ၍ ပြက်လုံး
ထုတ် ပြောဆိုလျက်ရှိသည်။
                                                                                                ကျွန်းပြန်နှင့် ပင်စင်စားကြီးများ စကားဝိုင်း