Popular Posts
Wednesday, May 17, 2017
ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း လေ့ကျင့်ခန်းများဖြင့် အနားယူရမည်
 မွေးရာပါ နှလုံးသွေးကြောကျဉ်း ရောဂါ ကြောင့် ခွဲစိပ် ကုသမှု ခံယူထားသည့် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း သည် ခန္ဓာဗေဒ ကြံ့ခိုင်မှု ရှိရေးအတွက် (၆) လခန့်  ထပ်မံ အနားယူ နေထိုင်ရမည် ဖြစ်ကြာင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့   ရုံး နှင့် နီးစပ် သူများထံ သိရသည်။
ခွဲစိပ်ကုသမှု အောင်မြင်၍ အသက်ရှင် ကျန်းမာလာသော်လည်း သာမန် ယောင်္ကျားများကဲ့သို့  ကြံ့ခိုင်မှု ရရန် နှစ်အတန်ကြာ လေ့ကျင့်ခန်း များဖြင့် နေထိုင်ရဦးမည် ဖြစ်ကြောင်း ဆေးဝါး ကျွမ်း ကျင် သူများက ပြော ကြား သည်။
YBS ကိစ္စ ၊ အာဇာနည် နေ့  အခမ်းအနား ကျင်းပရေးကိစ္စ များကို ကိုယ်တိုင် ကြီးကြပ် ဆောင် ရွက် နိုင်မည် မဟုတ်တော့ကြောင်း သိရသည်။
Tuesday, May 16, 2017
YBS ယာဉ်လိုင်းများ၏ ရိုင်းပြမှုသည် သည်းမခံနိုင်သည့်အခြေအနေရောက်နေပြီး YBS စနစ်မှ ထုတ်ပယ်သည်အထိအရေးယူမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
လင်းဟိန်း၊ ဝေရှိုင်းကျော်
ရန်ကုန်၊ မေ ၁၆
YBS ယာဉ်လိုင်းများထဲမှ စည်းကမ်းဖောက်ဖျက်ပြီး ခရီးသည်များကို ရိုင်းပြစွာဆက်ဆံသည့် ယာဉ်လိုင်းများကို YBS စနစ်မှထုတ်ပယ်ပြီး အရေးယူသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောသည်။ မေလ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် ယာဉ်ပိုင်ရှင်များနှင့် အစိုးရအဖွဲ့တို့တွေ့ဆုံရာတွင် ရန်ကုန် တိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
”ယာဉ်လိုင်းတွေရဲ့ စည်းကမ်းဖောက် ဖျက်တာတွေဟာ သည်းမခံနိုင်တဲ့အခြေ အနေကို ရောက်နေပြီ။ နောက်ဆုံးသတိပေး ခြင်းအနေနဲ့ ထုတ်ပယ်အရေးယူသွားမယ် လို့ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်” ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် YBS ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။ လက်ရှိတွင် နိုင်ငံခြားမှ မှာယူထား သော ကားအသစ်များလည်း ရောက်ရှိနေပြီဖြစ်သဖြင့် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လိုင်းများနေရာတွင် ယင်းကားသစ် များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့က YBS စနစ်တွင် ထည့်သွင်းပြေးဆွဲရန်အတွက် မှာယူထားသည့် ကားစီးရေတစ်ထောင်မှာ ယခုလအတွင်းတွင် အားလုံးရောက်ရှိမည်ဖြစ်ကာ ယင်းကားများဖြင့် ဇွန်လဆန်းတွင် ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောထားသည်။
YBS ယာဉ်လိုင်းများသည် ခရီးသည်များအား မချေမငံဆက်ဆံခြင်း၊ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း၊ အချင်းချင်းပြိုင် မောင်းခြင်း တို့ကြောင့် ခရီးသည်များ၏ဝေဖန်ခြင်း များကို ခံနေကြရသည်။ ”ဒီလို စည်းကမ်းပျက်တဲ့ယာဉ်တွေကို ထုတ်ပစ်ပြီး အရေး ယူမယ်ဆိုတာကောင်းပါတယ်။ အခု YBS ကအရင် မထသထက်တောင် ပိုဆိုးနေ သေးတယ်။ ကားခပိုတောင်းတာတွေ ပြိုင်မောင်းတာတွေ”ဟု အင်းစိန်တွင်နေထိုင်သူ ကိုမောင်မြင့်က ပြောသည်။
YBS ယာဉ်လိုင်းအချို့မှ ယာဉ်အကူများသည် ခရီးသည်များကို ရိုင်းပြစွာဆက်ဆံရုံမက တုတ်လက်နက်များဖြင့် ရိုက်နှက်ခြင်းကြောင့် ခရီသည်များမှာ ဆေးရုံတက်ရသည်အထိ ရှိခဲ့သည်။ YBS စနစ်ကို ပြည်သူများအသုံးပြုရာတွင် အဆင်ပြေမှုမရှိသည့်အတွက် ရန်ကုန်တိုင်းလွှတ်တော်တွင် အဆိုတင်သွင်းကာ လွှတ် တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသေးသည်။
မကြာမီတွင် မိုးတွင်းကာလ၊ ကျောင်းဖွင့်ရာသီကို ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ယာဉ်လိုင်းများအနေဖြင့် ခရီးသွား ပြည်သူများ အဆင်ပြေစေရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန်လည်း ရန်ကုန် တိုင်းအစိုးရအဖွဲ့က ယာဉ်ပိုင်ရှင်များအား မှာကြားခဲ့သည်။ ယင်းအပြင် လက်ရှိ ယာဉ်ကြီးများနှင့် မီနီဘတ်စ်ယာဉ်များ ရောနှောပြေးဆွဲနေသော YBS ယာဉ်လိုင်း များတွင် ယာဉ်ကြီးသီးသန့်၊ မီနီဘတ်စ် သီးသန့်ဖြစ်စေရန်အတွက် ဆောင်ရွက်ထားကြရန်လည်း မှာကြားခဲ့ကြောင်း ကိုတရုတ်လေးက ပြောသည်။
Popular News Journal မှ ကူးယူဖေါ်ပြသည်။
တိုင်ကြားသူရှိမှသာ ပြည်ခိုင်ဖြိုး ကို UEC စစ်ဆေးမည်
မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်ခိုင်ဖြိုးပါတီကို ခုံရုံးဖွဲ့ စစ်ဆေးမယ်ဆိုတာ မမှန်ဘူးလို့ ကော်မရှင် တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားသူရှိလာရင်တော့ ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ် လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင် ပြပေးပါမယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက် ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို လက်ရှိအခြေအနေမှာ စစ်ဆေးဖို့မရှိဘဲ တိုင်ကြားသူရှိလာရင်တော့ ဥပဒေနဲ့အညီ ဆောင် ရွက်သွားရမှာဖြစ်တယ်လို့ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။
“ အရေးယူဖို့ မရှိဘူး။ အရင်တုန်းကလည်း အဲဒါမျိုး လုပ်ဆောင်ခဲ့တာ မရှိဘူးလေ။ အခု လောလောဆယ်မှာလည်း မရှိသေးပါဘူး။ အတွေ့အကြုံလည်း မရှိသေးတော့လေ။ တိုင်ကြားတဲ့လူ၊ တိုင်ကြားစာ ပေါ်ပေါက်လာရင်ပေါ့နော် တိုင်ကြားလာပြီ ဆိုရင်တော့ အဲဒီ တိုင်ကြားတာကို သက်ဆိုင်ရာ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ ဥပဒေ ပညာရှင် ဆရာကြီးတွေ ရှိပါတယ် သူတို့တွေကနေ ဒီအပေါ်မှာ လေ့လာဆန်းစစ်ပြီးတော့ သူတို့ ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့ ဒီလိုဘဲ ပြောလို့ရမှာပေါ့လေ။ အခုအချိန်မှာတော့လေ။ ”
နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံတော်ပိုင် ငွေကြေး၊ ဥစ္စာပစ္စည်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်စေ ရယူသုံးစွဲတဲ့ အဖွဲ့အစည်းဟာ ဆက်လက် ရပ်တည်ခွင့် မရှိဘူးလို့ ပြဌာန်းထားတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရံပုံငွေ အလွဲသုံးမှုနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုး ပါတီ ကို ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့အစည်း မှတ်ပုံတင်ဥပဒေအရ မတရားသင်းအဖွဲ့ အဖြစ် စစ်ဆေးသွားမယ်လို့ နယူး ဖယ်ဒရယ်တိုင်းစ် ဂျာနယ်မှာ ဖော်ပြထားတာဟာ မမှန်ကန်ဘူးလို့လည်း ဦးတင်ထွန်း က ဆိုပါတယ်။
“ နယူး ဖယ်ဒရယ် တိုင်းက လေ သတင်းထောက်က ကျနော့်ကို မေးလည်း မမေးဘူး။ ကျနော် ဖြေလည်း မဖြေဘူးဘဲနဲ့ သူ့ဟာသူ ထည့်လိုက်တာပေါ့။ ဒါနဲ့ ပတ်သက်ပြီး ကျနော် မီဒီယာ ကောင်စီကို စာလေးထိုးထားပါတယ်။ လိုအပ်သလို အရေးယူပေးဖို့ ဆိုပြီး ထိုးထားပါတယ်။ နောက် မနေ့ကလည်း တခြား သတင်းထောက်တွေနဲ့ ကျနော် တွေ့ပြီးတော့ ဒါ မဟုတ်တဲ့ အကြောင်းလည်း ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ ”
နယူးဖယ်ဒရယ်တိုင်းစ် ဂျာနယ်မှာ ဖော်ပြထားတဲ့ “ကြံ့ခိုင်ရေးပါတီအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခုံရုံးဖွဲ့စစ်ဆေးမည်” ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ တိုင်ကြားစာ ပို့ထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ဥပဒေအရ အရေးယူပေးဖို့ သတင်း မီဒီယာ ကောင်စီကို တိုင်ကြားထားတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
“ ကျနော်တို့က ကျင့်ဝတ်အရ သတင်းမီဒီယာ ကောင်စီကိုဘဲ ကျနော်တို့ ဥပဒေ အရ အရေးယူဆောင်ရွက်ပေးဖို့ဆိုပြီး ကျနော်တို့ မေတ္တာရပ်ခံ ထားတာပေါ့။ ဆိုတဲ့ အခါကျတော့ သတင်းမီဒီယာကောင်စီက ဆောင်ရွက်တဲ့ အနေအထားပေါ် မူတည်ပြီးတော့မှ ကျနော်တို့က ဟို ဆက်လက် ဆောင်ရွက်သွားမှာပေါ့။ ”
မေလ ၁၂ ရက်နေ့ နေပြည်တော် USDP ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီ ဘက်ကတော့ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေတွေဟာ ပြည်သူ့ဘဏ္ဍာ မဟုတ်ဘဲ တိုင်းဝန်ကြီးချုပ်တွေရဲ့ စီမံခန့်ခွဲမှု အာဏာအရ ဒေသခံလုပ်ငန်းရှင်တွေဆီက ထည့်ဝင်ထားတဲ့ ရံပုံငွေတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။
မကွေးတိုင်းဒေသကြီး အစိုးရဟောင်းလက်ထက် ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေဆီက ကောက်ယူထားတဲ့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ကျပ်သန်း ၇၀၀၀ ကျော် ပျောက်ဆုံးမှုဖြစ်ခဲ့ပြီး အဲဒီထဲက ကျပ်သန်း ၁၇၀၀ ကို ပြည်ခိုင်ဖြိုး ပါတီအတွက် သုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ ပြည်ထောင်စု အစိုးရ အနေနဲ့ ပျောက်ဆုံးနေတဲ့ ငွေကြေး သန်းပေါင်း ထောင်ချီထဲက ကျပ်သန်း ၃၀၀၀ကိုပဲ လက်ရှိ မကွေးတိုင်းအစိုးရထံ ပြန်လည် ပေးအပ်ဖို့ ညွှန်ကြားထားပြီး ဒီကိစ္စအပေါ် အရေးယူဆောင်ရွက်မှု လုပ်တာ မရှိသေးပါဘူး။
မြင့်မြင့်ခိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Crd- ဒေါင်းမာန်ဟုန် 
၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အာမခံချက်များကို သွေဖီနေသည့် NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရာတွင် ပြည်သူလူထုထံ အာမခံချက် (၆) ချက် ပေးထားရာ ယင်းအာမခံချက်များ ကို လိုက်နာ ဆောင် ရွက် ခဲ့ ခြင်းမရှိကြောင်း လူ့  အ ခွင့်အရေး အမှန်တကယ် လိုက်ပါဆောင်ရွက်နေသူ ရှေ့ နေ များ က ထုတ်ဖေါ်ပြောကြားလိုက်ကြောင်း သိရသည်။
လူ့ အခွင့်အရေးဆောင်ရွက်နေသူများက လည်း NLD အစိုးရသစ် ဖြစ်ခဲ့လျှင် ဆောင်ရွက် မည့် အာမခံချက် (၆)ချက် အပေါ် ယုံမှတ် မဲပေးခဲ့သော်လည်း အမှန်တကယ် ဆောင်ရွက်ပေးခြင်း မရှိသည့် အတွက် နောင်တရလျှက်ရှိနေကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ဝေေ၀ ဆာဆာရေးသားဖေါ်ပြနေ ကြကြောင်း သိရသည်။
အဟြေတွေကြွယ်
ပင်လယ်ပြင်ဝယ်
နစ်မျောနေရှာ
ပြည်သူများမှာ
အားကိုးတကြီး
သွေးသစ်လောင်း၍
ရွေးချယ်ခဲ့တာ ပြည်သူတွေပါ ။
ဘဝဇာတ်စုံ အဖုံဖုံကို
ပြည်သူ အားထား လေးစားယုံကြည်
အားကိုးရပြီ ထင်မိတာက
ပစ္စုပ္ပန် ဘဝ နောင်တရပြီ ။
အာမခံသည့် ဤစာရွက်ကား
အချက် ခြောက်ချက်
အရောင်ဖက်ပြီး
ပြည်သူ ဘဝ ကျေမွနေပြီ
နောင်တ ကြီးစွာ ရလိုက်ပါ သည်။
ထိုထို ဘဝ ဆက်တိုင်းဝေးလို့
လိမ်ညာမှုကင်း ဘဝလေးတော့
လိုချင်ပါသည် မြန်မာပြည်ဝယ်
ပြည်ထောင်စုဖွား တိုင်းရင်းသားတို့
သွေးစည်း ညီညာအောင်ကြောင်းဖြာဝေ
စုပေါင်း တော်လှန် ဘဝမှန်ကို
လက်တွဲ ညီညီ ဖော်ဆောင်ပါစို့
ညီနောင်ဖော်များ သွေးချင်းများတို့
(မျှော်တိုင်းဝေး)
တရားမ၀င် ဘာသာရေး အဆောက်အဦ များတွင် နိုင်ငံသား မဟုတ်သူများ ပုန်းအောင်း
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ နယ်၊ ရွာမ အနောက် ရပ်ကွက် ၊ နယ်မြေ (၁၆/က ) ၊ မုဒိတာ အိမ်ရာ (၂) ၊ တိုက်ခန်း အမှတ် ( ၂-အေ ) / ၉၄၀ နေထိုင်သူ ဦးစောဖေါဝါးထူးက နေအိမ်ကို ဘုရားရှိခိုး ကျောင်း ပြုလုပ်ကာ ခရစ်ယာန် ဘာသာ အသင်းတော်များ ထံမှ အလှူငွေ တောင်းခံမှုများ ပြုလုပ်နေသည့် အတွက် မုဒိတာ အိမ်ရာ (၂) ၊ သာယာရေးကော်မတီ ဥက္ကဋ္ဌ မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ ကြောင်း သိ ရသည် ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမ၀င် ဗလီများနှင့်ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို လူနေအိမ် များတွင် ခိုးဝှက်ပြုလုပ်ခြင်း ၊ တရားမ၀င် ဆောက်လုပ်ခြင်း တို့ မှာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးဆုံးချိန် တွင် ပိုမို များပြားလာခဲ့သည်။
 နိုင်ငံသား မဟုတ် သည့် ခိုးဝင် ပြည်ပ နိုင်ငံသားများကို တရား မ၀င် ဗလီများနှင့် ဘုရားရှိခိုးကျောင်းများ တွင် တိတ်တဆိတ် ပုန်းအောင်း နေထိုင်စေလေ့ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုက ရေစီ အစိုးရ လက်ထက်တွင် ဧည့်စာရင်း စစ်ဆေးမှု ကို ဥပဒေဖြင့် တားမြစ်ခဲ့ခြင်းကြောင့် ရန်ကုန် မြို့ အတွင်း ခိုးဝင် ဘင်္ဂါလီ ပိုမိုများပြားလာခဲ့သည်။
ဒေသဖွံ့ ဖြိုးရေး ရန်ပုံငွေ သိန်းတစ်ထောင် အလွဲသုံးမှုများ NLD ဘလော့ဂါ မေးခွန်းထုတ်
 ပြည်ထောင်စု လွှတ်တော် ခွင့်ပြုချက်ဖြင့် အသုံးပြုနေသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်းတစ် ထောင် ကျပ် ကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် တွင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အ တွက် သာ အသုံးပြုရန် သတ်မှတ်ထားသော်လည်း သမ္မတ ဦးထင်ကျော် လက် ထက်တွင် ရန်ကုန် မြို့ ၏ မြို့ တွင်း မြို့ နယ်များ ရှိ ရပ်ကွက် များ အတွင်း CCTV ကင်မရာများ တပ်ဆင် လျက်ရှိသည် ။
သင်္ဃန်းကျွန်းလွှတ်တော်အမတ် ဦးနေဘုန်းလတ်၏ လွှတ်တော်မှမေးခွန်း
.............................. . . . . . .. . .  .. . . ……………………………………… . .
၂၀၁၇ မေ ၁၅ ရက် - လွှတ်တော်မှာမေးခဲ့တဲ့ မေးခွန်းနဲ့ အဖြေ (အကျဉ်းချုပ်)
မေး - ကျွန်တော်ဒီနေ့မေးမယ့်မေးခွန်းကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တပ်ဆင်ထားတဲ့ CCTV တွေနဲ့ပတ်သက်တဲ့မေးခွန်းပါပဲ။
ဒီမေးခွန်းကိုမေး ရခြင်းရဲ့ နောက်ခံအကြောင်းရင်းရှိပါတယ်။
NLD ရဲ့ ဥပဒေ အကြံပေး ဆရာဦးကိုနီ လုပ်ကြံခံခဲ့ရတာ ၃လကျော်ကြာခဲ့ပါပြီ။
အဲဒီ့လုပ်ကြံမှုဖြစ်စဉ် မှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အဓိကသံသယတရားခံကို ဖမ်းဆီးဖို့ကြိုးစားတဲ့အခါ နေပြည်တော်မှာရှိ တဲ့ လမ်းဆုံလမ်းခွတစ်နေရာမှာ လမ်းစပျောက်သွားခဲ့ပြီး CCTV မှတ်တမ်းတွေလဲ ပျက်သွားခဲ့တာကြောင့် အခုအချိန်အထိ အစအနဖော်မရသေးဘူးဆိုတာကို သတင်းတွေမှာဖတ်ရပါတယ်။
ရန်ကုန်တိုင်းမှာလည်း မီးပွိုင့်၊ နောက်ဖေးလမ်းကြားနဲ့ လူစည်ကားရာနေရာတွေမှာ CCTV တွေတပ်ဆင်လျက်ရှိပြီး အဲဒီ့ CCTV တွေဟာ လုံခြုံရေးအတွက် အင်မတန်မှ အသုံးဝင်မှာ သေချာပါတယ်။ ဒါပေမယ့် နေပြည်တော်မှာ ဖြစ်ပျက်ခဲ့သလို အဖြစ်မျိုးဖြစ်မှာကို ရိုးရိုးသားသားစိုးရိမ်မိပါတယ်။
ဒါကြောင့် ရန်ကုန်မြို့တွင်း မီးပွိုင့်များမှ CCTV များ၊ နောက်ဖေးလမ်းကြားများနဲ့ အခြားသော နေရာများမှာ လုံခြုံရေးအလို့ငှာ တပ်ဆင်ထားသော CCTV များရဲ့ အရည်အသွေး (အချို့မြို့ နယ် တွေမှာတပ်ဆင်ထားတဲ့ ကင်မရာတွေဟာ Megapixel 2 သာ ရှိတဲ့အတွက် မော်တော် ယာဉ်နံပါတ်ကိုချဲ့ကြည့်လို့မရပါဘူး)၊ အလုပ်လုပ်ပုံနှင့် အချက်အလက်သိမ်းဆည်း ထား သို ပုံစ နစ်များ(အချို့ကင်မရာတွေဟာ အချက်အလက်ကို ၃ပတ်ခန့်သာသိမ်းဆည်းပြီး အလို အလျောက်ဖျက်ပစ်တာဖြစ်တဲ့အတွက် အဲဒီ့ အချိန်ကာလဟာ မလုံလောက်ပါဘူး) မည်သို့မည်ပုံရှိတယ်ဆိုတာကို ပြည်သူလူထုနဲ့ အစိုးရအကြီးအကဲတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကိုရှေးရှုပြီး သိရှိလိုကြောင်း သက်ဆိုင်ရာ အစိုးရဝန်ကြီးကို လွှတ်တော် ဥက္ကဋ္ဌ ကြီးမှ တဆင့် မေးမြန်းလိုက်ပါတယ်။
..............
ဖြေ - CCTV တွေတပ်ဆင်ထားပုံကို ဓါတ်ပုံတွေနဲ့ပြသွားပါတယ်။ မီးပွိုင့်တွေက CCTV တွေ ကိုတော့ Control Center တစ်ခုကနေ စောင့်ကြည့်ထိမ်းချုပ်သွားမှာဖြစ်ပြီး မြို့နယ်တွေ၊ နောက်ဖေးလမ်းကြားတွေက CCTV တွေကိုတော့ သက်ဆိုင်ရာမြို့နယ်ရဲ့ရဲစခန်း(သို့မဟုတ်) အုပ်ချုပ်ရေးမှူးရုံး(သို့မဟုတ်) ဓမ္မာရုံတွေမှာ ထားရှိစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ အချက်အလက်ထားသိုမှုကတော့ တစ်ခုနဲ့တစ်ခုမတူနိုင်ပါဘူး။ မီးပွိုင့်တွေက ကင်မရာတွေဆို ၆ လအထိ အလိုအလျောက်သိမ်းပါတယ်။ မြို့နယ်တွေက ကင်မရာတွေကတော့ သိမ်းဆည်းကာလ အစားစားပါပဲ။
............
ဆက်စပ်မေးခွန်း - တစ်ခါတစ်ခါမှာ Safety အကြောင်းစဉ်းစားတဲ့အခါ Privacy ကိုသွားထိ တတ်ပါတယ်။ စင်ကာပူမှာ ဓါတ်လှေခါးတွေထဲ CCTV တပ်တော့ အငြင်းပွားမှုတွေဖြစ်ဖူး ပါတယ်။ ဒါကြောင့် CCTV တွေမှာပေါ်တဲ့ ပုံရိပ်တွေကို တလွဲအသုံးပြုမှု၊ ပေါက်ကြားမှုမျိုးဖြစ် ရင် ဘယ်လို အရေးယူဆောင်ရွက်မှာလဲ ဆိုတာကို သိချင်ပါတယ်။
............
ဖြေ - အဆိုင်းအလိုက် တာဝန်ချထားတဲ့သူတွေမှာ တာဝန်ရှိပါတယ်။
အချို့မြို့ နယ် တွေ ရဲ့ CCTV တွေကို သေချာစောင့်ကြည့်တဲ့ စနစ်တစ်ခုနဲ့ လူနေရာချ ထားမှုတွေ ထပ်မံလိုအပ်ဦးမှာဖြစ်ပါတယ်။
Monday, May 15, 2017
ရိုက်စား အစိုးရ အဖွဲ့ ဝင် များကို အရေးယူပေးပါ - အမေစု ထံ ပေးစာ ( ၁ )
လေးစားရပါသော အမေ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျာ …..
ကျွန်တော်များ ရန်ကုန်ကြေးမုံ နိုင်ငံရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ မှ တိုင်ကြားစာ တစ်စောင် ပြည်သူ့  ထံ မှ လက်ခံရရှိခဲ့ပါသည် ခင်ဗျာ …
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့  လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော် မှာ လုပ်ငန်းရှင် များ မွေးမြူကာ အစိုးရ တင်ဒါများကို ခွဲတမ်းပေး ခွင့်ပြုပေးလျက်ရှိနေကြောင်း သိရသည်။
ပို့ ဆောင်ရေး ၀န်ကြီးဌာန ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဌာနမှ  ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့ နယ် အတွင်း လိုအပ်လျက်ရှိသည့် စာတိုက်ရုံး တစ်ရုံး ဆောက်လုပ်ရန် အတွက် ရန်ကုန် တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရုံး မှ တင်ဒါ ခေါ်ယူခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့  လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်မှ တင်ဒါအဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်း တင်ဒါ အဖွဲ့ တွင် ရန်ကုန်တိုင်းဒေ သကြီး စာတိုက်မှူး ကို လည်း တင်ဒါ လက်ခံ အဖွဲ့  ၀င်  တစ်ဦး အဖြစ်  ဆောင်ရွက်စေခဲ့ပါသည်။ 
တင်ဒါ စည်းမျဉ်း စည်းကမ်းအရ Quotation တူ ၊ Quality တူ လျင် ဈေးနည်းသူကို ဆောက်လုပ်ခွင့် ပေးရမည် ဖြစ်သော်လည်း စာတိုက်ဆောက်လုပ်ရေး တင်ဒါအဖွဲ့  ခေါင်းဆောင် ဒေါ်နီလာကျော် မှ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီး သူ တစ်ဦး ကို အမြင့်ဆုံး ဈေးဖြင့် ဆောက်လုပ်ခွင့် ပေးခဲ့သည့် ကျောက်တန်း မြို့ နယ် စာတိုက်ရုံး ဆောက်လုပ်မှု  တင်ဒါ ခေါ်ယူမှုဆိုင်ရာ အဂတိ လိုက်စားမှု ဖြစ်ပွား ပေါ်ပေါက် ခဲ့သည် ကို လေ့လာသိရှိရသည် ။
တိုင်ကြားသူက တိုင်ကြားသော်လည်း တင်ဒါ အဖွဲ့ ခေါင်းဆောင် ဒေါ်နီလာကျော်မှ တာဝန်ယူ ဖြေရှင်းခြင်း မရှိပဲ တင်ဒါ အဖွဲ့ တွင် ပါဝင်သူ ရန်ကုန် စာတိုက်မှူး အား လက်ညှိုး ထိုး အပြစ် ခံ ယူ စေခဲ့ သည့် အထိ ဖြစ်ပွားခဲ့ ကြောင်း ကွင်းဆင်းမေးမြန်းမှုများအရ သိရသည် ။
သို့ ဖြစ်ပါသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည် မှ ခန့်  အပ် ထား သော အစိုးရ အဖွဲ့  ၀င်များ ၏ အဂတိ တရား လက်ကိုင်ထား ဆောင်ရွက်နေမှု ကို စစ်ဆေး အရေးယူ ပေးပါရန် လေးစားစွာ တိုက်တွန်း ပန်ကြားပါသည် ။
ရန်ကုန်ကြေးမုံ