Popular Posts
-
မြန်မာနိုင်ငံသည် အရှေ့ တောင် အာရှ နိုင်ငံများ အတွင်း သယံ ဇာတ ပေါကြွယ် ၀ သည့် နိုင်ငံ ဖြစ် သည် နှင့် အညီ မြန်မာနိုင်ငံ ကို အုပ်ချုပ်မင...
-
ရန်ကုန်မြို့ သည် မြန်မာနိုင်ငံ၏ မြို့ တော်ဖြစ်ခဲ့သည် နှင့်အညီ လူဦးရေအထူထပ်အများပြားဆုံးမြို့  ဖြစ်ခဲ့သည် ။ ယင်းကြောင့် ရန်ကုန...
-
၁၉၈၈ ခုနှစ် တွင် ဖြစ်ပေါ်ခဲ့သည့် အရေးအခင်းကို အကြောင်းပြုကာ တပ်မတော်က အာဏာသိမ်းခဲ့ပြီး ယင်း အာ ဏာသိမ်း အစိုးရ ၏ နောက်ခံ အင်အားအဖြစ် ဖ...
-
သာသနာရေးဆိုင်ရာ ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို တပ်မတော်အစိုးရ လက်ထက် ဒီပဲယင်း အရေး အခင်းကြီး ဖြစ်စဉ် ကို ဖွင့်ဟ ပြောဆို ပြီးနောက် တပ်မေ...
-
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ မှ အနိုင်ရ ပြီး အစိုးရ ဖွဲ့ စည်းခဲ့သည် ။ သမ္မတ ...
-
၂၀၁၃ခုနှစ် နိုဝင်ဘာလဆန်းအတွင်း က ရန်ကုန်မြို့  သာကေတမြို့ နယ် အနီးရှိ ကောင်းကင်တွင် မီးခိုးလ...
-
ဒီ လို မျိုး ဓတ် ပုံ မှ နိုင်ငံတကာ စံချိန် စံညွှန်း မီမည် ဟုဆိုသည် ။
-
ရန်ကုန်သူလှပျိုဖြူများအကြားရေပန်းစား ပဏာရနေသည့် စိုင်းစိုင်းခမ်းလှိုင်
-
ဧရာဝတီ မဂ္ဂဇင်းမှ ဖေါ်ပြချက်များ ကို ဖတ် ရှု ရပြီးသည့်အခါ NIB အကြီးအကဲဟောင်း ဦးခင်ညွန့် နှင့် ပတ်သက်ပြီး သိလို စိတ် များ ပြင်း ပြ လျှက်ရှိ...
-
၂၀၁၂ ခုနှစ် ကမ္ဘာ ပျက် မည် ဆို သော အကြောင်း အရာ အပေါ် မြန်မာပညာရှင်များရှုမြင်ချက် မာယာ လူမျိုးများ အသုံးပြု သည့် ပြက္ခဒိန် ၏ တွက်ရိုးတ...
Sunday, December 30, 2012
NLD နာယက အိပ်ရာထဲ လဲစေခဲ့သည့် မအူပင် မြို့ နယ် NLD ညီလာ ခံ ပျက် ပြားမှု
NLD ဗဟို မှ ထုတ် ပယ်လိုက်သော မြို့ နယ် ညီလာ ခံ ကိုယ်စားလှယ်လောင်း ကိုမင်းဇော် ရန် ကုန် အခြေစိုက် ဂျာနယ်တိုက်များနှင့်ဆက်သွယ်ပြီး ဗဟို နှင့် တိုင်းလူကြီး များ ကြောင့် ပါတီပြိုကွဲတော့မည် ဖြစ်ကြောင်း ဖြေဆိုပြောကြားလျှက် ရှိသည် ဟု သိရသည်။ ကိုမင်းဇော်၏ လက်ကိုင်ဖုန်းမှာ
၀၉၄၃၀၀၁၄၂၃ ဖြစ်သည်။
ကိုမင်းဇော်အနေဖြင့် NLD ဗဟို ဌာ နချုပ် မှ ဦးတင်ဦး ၏ ဘက်လိုက်မှု နှင့် မောက်မာမှုများအကြောင်းကို အဓိကထား အင်တာဗျူးရန် ရည်ရွယ်ထား ကြောင်းသိရသည် ။
ရန်ကုန် ကြေးမုံ ကလည်း NLD မအူပင် အကြောင်း ထပ်မံဖေါ်ပြပေးရန် စီစဉ်လျှက်ရှိပါသည်။
Thursday, December 27, 2012
အာဏာပိုင်များလက်ခံသော်လည်း ကျေးရွာနေပြည်သူများ လက်မခံတဲ့ အုပ်ချုပ်ရေးမှူး
Wednesday, December 26, 2012
နှမ်းတစ်စေ့နှင့် ဆီထွက်အောင် ကြိုးစားနေသည့် မြန်မာ့လယ်ယာစီးပွားကဏ္ဍ
Tuesday, December 25, 2012
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ဂျွန်ကယ်ရီကို ရွေးချယ်

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားက လာမည့် သက်တမ်းသစ်အတွက် နိုင်ငံခြားရေး ၀န်ကြီးသစ်အဖြစ် ရွေးချယ်လိုက်သူ အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီသည် နိုင်ငံတကာ ခေါင်းဆောင် များနှင့် မျက်နှာ မစိမ်းသူ ဖြစ်သကဲ့သို့ မြန်မာ့ ဒီမိုကရေစီနှင့် လူအခွင့်အရေး တို့အတွက် ရှေ့တန်းက အားပေးထောက်ခံခဲ့သူ တဦးလည်း ဖြစ်သည်။
အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ...၏ ဥက္ကဋ္ဌလည်းဖြစ်၊ သံတမန်ရေး ကျွမ်းကျင်ပြီး နိုင်ငံတကာ ခေါင်းဆောင်များနှင့်ပါ ရင်းနှီး ကျွမ်းဝင်သူလည်းဖြစ်ပြီး ၂၀၀၄ ခုနှစ်က သမ္မတလောင်းအဖြစ် ရွေးချယ်ခံ ခဲ့သူလည်းဖြစ်သည့် ဗီယက်နမ် စစ်ပြန် ဂျွန်ကယ်ရီကို သမ္မတ အိုဘားမားက လွန်ခဲ့သည့် သောကြာနေ့က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ် ကြေငြာခဲ့ခြင်းဖြစ်သည်။
ဂျွန်ကယ်ရီသည် အိုဘားမား အစိုးရအတွက် နိုင်ငံတကာသို့ လှည့်လည် သွားခဲ့သူလည်းဖြစ်သလို နှစ်ပေါင်း ၃၀ နီးပါး အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ အဓိက နေရာက ပါဝင်လှုပ်ရှားနေသကဲ့သို့ အထက်လွှတ်တော်တွင်လည်း ဒီမို ကရက်ပါတီနှင့် ရီပတ်ပလီကန်ပါတီ ၂ ရပ်လုံးက လေးစားယုံကြည်မှုရ၍ အထက်လွှတ်တော်ကလည်း နိုင်ငံခြားရေး ၀န်ကြီးအဖြစ် လျှင်မြန်စွာ အတည်ပြုပေးမည်ဟု ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောသည်။
ဂျွန်ကယ်ရီသည် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးရေး ကိစ္စ တွင် အဓိက အခန်းကဏ္ဍကပါဝင်ခဲ့သော်လည်း မြန်မာ- အမေရိကန် ပုံမှန်ဆက်ဆံရေး ပြန်လည် ရရှိစေရန် အမေရိကန် အမတ်များကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ပေးခဲ့သည့်အထဲ မန်ဆက်ချူးဆက် ပြည်နယ်က အထက် လွှတ်တော်အမတ် ဂျွန်ကယ်ရီလည်း ပါဝင်သည်။
မစ္စတာ ဂျွန်ကယ်ရီသည့် လွန်ခဲ့သည့်နှစ် သြဂုတ်လက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အသိအမှတ်ပြု ကြိုဆိုခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ မည်သို့ ဆက်လုပ်မည်ဆိုသည်ကို အနီးကပ်စောင့် ကြည့်နေသည်ဟုလည်း သူက ပြောခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်ဟောင်း တချို့နှင့်လည်း ရင်းနှီးသကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်တွင်လည်း ဂျွန်ကယ်ရီသည် အဓိကအခန်းက ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံခဲ့သေးသည်။
ယခုနှစ်ဆန်းပိုင်းက မြန်မာနိုင်ငံနှင့် ပတ်သက်၍ မှတ်ချက်ပေးရာတွင် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသည့်အသံကို အသိအမှတ်ပြုကာ အားပေး ထောက်ခံသွားရေးကိုလည်း ဆောင်းပါးတပုဒ်ရေးပြီး တိုက်တွန်းခဲ့ဖူးသည်။
"မြန်မာနိုင်ငံက လမ်းဆုံလမ်းခွကို ရောက်နေပြီ ပြောလို့ရတယ်။ အထိအခိုက် မခံတဲ့ အခြေအနေရှိတဲ့ နိုင်ငံတခုအဖြစ် ရှိနေသေးတယ်။ အပြောင်းအလဲကို အားပေးဖို့ ကွန်ဂရက်မှာလည်း ကျနော်တို့ လုပ်ဆောင်မှာပါ။ အဓိက ကျနော်တို့ စောင့်ကြည့်နေတာကတော့ မြန်မာအစိုးရဟာ မြန်မာပြည်သူတွေအတွက် ဘယ်ကဏ္ဍက ဘယ်လို အစပြု လုပ်မလဲဆိုတာနဲ့ လက်တွဲဖော် အသစ်ဖြစ်ရေးအတွက် အနီးကပ်စောင့်ကြည့်နေပါတယ်" ဟု ဂျွန်ကယ်ရီက Empowering Burma's voices of change ဆောင်းပါးတွင် ရေးသားခဲ့ဖူးသည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ မကြာခဏ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာဆိုင်ရာ အမေရိကန် မူဝါဒနှင့် ပတ်သက်၍ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီက အားကိုးရသူ တဦးလည်း ဖြစ်သည်။
နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ကလည်း ဂျွန် ကယ်ရီကို သူ၏ ယုံကြည်စွာ လက်တွဲ လုပ်ဆောင်နေသည့် လုပ်ဖော် ကိုင်ဖက်ကောင်းတဦး ဖြစ်ကြောင်း ပြောသည်။
"အီရတ်စစ်ပွဲ အဆုံးသတ်ရေး သူ ကူညီခဲ့တယ်" ဟု မစ္စ ဟီလာရီက ဆိုသည်။
ထို့အပြင် အာဖဂန် အသွင်ကူးပြောင်းရေးကာလ စေ့စပ်ညှိနှိုင်းမှုတွင် ကူညီခဲ့သကဲ့သို့ အီဂျစ် အပါအ၀င် အရှေ့အလယ်ပိုင်း၊ ပါကစ္စတန်၊ ရုရှား စသည့် နိုင်ငံများနှင့် အရေးကြီးသည့် ဆက်ဆံရေး ကိစ္စများတွင်လည်း ကူညီခဲ့သူဖြစ်ကြောင်းလည်း မစ္စ ဟီလာရီက ဆက်ပြောသည်။
မစ္စ ဟီလာရီသည် မကြာသေးမီက သမ္မတ အိုဘားမား၏ လာမည့် သမ္မတ သက်တမ်းအတွက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ဆက်လက်ယူမည် မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်၍ ယခုကဲ့သို့ ဂျွန်ကယ်ရီကို နိုင်ငံခြားရေး ၀န်ကြီးသစ် အဖြစ် သမ္မတ အိုဘားမားက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် ဂျွန်ကယ်ရီသည် အရှေ့အလယ်ပိုင်းမှ အစပြုကာ နိုင်ငံတကာရေးရာ ဗဟုသုတ နှံ့စပ် ကြွယ်ဝသူဖြစ်ပြီး ဂျွန်ကယ်ရီကို စစ်ပွဲများ၊ အစိုးရ အုပ်ချုပ်ရေး၊ သံတမန်ရေး နယ်ပယ်များတွင် စမ်းသပ်ခံပြီးသား ဖြစ်ကြောင်း မစ္စ ဟီလာရီက ဆိုသည်။
"ဂျွန်ကယ်ရီဟာ ကမ္ဘာတ၀န်းက အမေရိကန် အကျိုးစီးပွားနဲ့ တန်ဖိုးတွေကို ထိထိရောက်ရောက် ရှေ့တန်းရောက်စေဖို့ မနားတမ်း ဦးဆောင်ခဲ့တယ်။ သူနဲ့ အရင်က အတူအလုပ်တွဲလုပ်ရတာကို ကျမ ဂုဏ်ယူတယ်" ဟု ကုလ သမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စ ဆူဇန် ရိုက်စ်က မှတ်ချက်ပေးသည်။
အလားတူ သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများ၊ လွှတ်တော်အမတ် အသီးသီးတို့ကလည်း ဂျွန်ကယ်ရီအား နိုင်ငံခြားရေး ၀န်ကြီးအဖြစ် မျှော်လင့်သူများ ရှိသကဲ့သို့ မေးခွန်းထုတ်သူများလည်း ရှိကြသည်။
ဂျွန်ကယ်ရီသည် ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၆၆ ခုနှစ်တွင် ယေးလ် တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ဗီယက်နမ်စစ်ပွဲ၌ အမေရိကန် ရေတပ်တွင် ဒုဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မဲခေါင်မြစ် တိုက်ခိုက်ရေး ရေယာဉ်မှူးအဖြစ်လည်း တာဝန်ယူခဲ့ကာ ငွေကြယ်၊ ကြေးနီကြယ်နှင့် Purple Heart ဆုတံဆိပ် ၃ ခု ရခဲ့သူဖြစ်သည်။
၁၉၇၀ ခုနှစ်တွင် ဗီယက်နမ်မှ အမေရိကန်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ဗီယက်နမ် စစ်ဆန့်ကျင်ရေး အုပ်စုတခု၏ ခေါင်းဆောင် လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု၌ လူသိများလာခဲ့သည်။
ဂျွန်ကယ်ရီသည် ၁၉၇၂ ခုနှစ်က မက်ဆာချူးဆက်ပြည်နယ် အောက်လွှတ်တော် အမတ်ရွေးပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ၁၉၈၂ ခုနှစ်တွင် နိုင်ငံရေးလောကသို့ ပြန်လည် ၀င်ရောက်လာခဲ့ပြီး မက်ဆာချူးဆက်ပြည်နယ်၏ လက်ထောက်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။ ၂ နှစ်ခန့်ကြာပြီးနောက် အမေရိကန် အထက်လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုတိုင် ၅ ကြိမ် သက်တမ်းဖြင့် မက်ဆာချူးဆက်ပြည်နယ်၏ အထက်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းနေဆဲဖြစ်သည်။
ပြိုင်ဘက်ဟောင်း ဖြစ်သကဲ့သို့ လုပ်ဖော်ကိုင်ဖက် ဟောင်းလည်းဖြစ်သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယခုလဆန်းပိုင်းလောက်ကတည်းက ဂျွန်ကယ်ရီကို ရယ်မောကာ နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီဟု ခေါ်ဆိုခဲ့သေးသည်။
မစ္စတာ ဂျွန်ကယ်ရီ ကိုယ်တိုင်ကလည်း နိုင်ငံခြားရေးဆိုင်ရာ လုပ်ငန်းများတွင် ကျွမ်းကျင်သူဟု သတ်မှတ်ထားလေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။
မစ္စတာ ဂျွန်ကယ်ရီ နိုင်ငံခြားရေး ၀န်ကြီးဖြစ်လာပါက ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများက အသင့်ဆီးကြိုလျှက်ရှိသည်။
ဆီးရီးယားနှင့် အစ္စရေး-ပါလက်စတိုင်း စသည့် အရှေ့အလယ်ပိုင်းမှ အစ၊ မြောက်ကိုရီယား အဏုမြူနှင့် ဒုံးကျည်လက်နက် ကိစ္စနှင့် အာရှရေးရာ အလယ်၊ ကျဆင်းနေသည့် အမေရိကန် စီးပွားရေး ကိစ္စများအဆုံး ကမ္ဘာတ၀န်း အမေရိကန်၏ ဦးဆောင်မှု အခန်းကဏ္ဍများအား မည်သို့ လုပ်ဆောင်သွားမည်ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ပေသည်။
Irrawaddy News
Friday, December 21, 2012
Thursday, December 20, 2012
ကြံ့ခိုင်ရေး ဖေ့ဘုတ်များကို ဘလော့ရန် လှုံ့ ဆော် ပြီ
FACEBOOK ပေါ်မှ ကြံ့ဖွတ်စစ်ခွေးများ
ကြံ့ဖွတ်လက်ပါးစေ စစ်ခွေးများက facebook ပေါ်တွင် နာမည်အမျိုးမျိုး ID အမျိုးမျိုး account အမျိုးမျိုးဖြင့် သံဃာတော်များကို စော်ကားနေခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားများကိုစော်ကားနေခြင်း၊ တိုင်းရင်းသားများကိုရန်စပြီး ပြည်တွင်းစစ်ကို အဓွန့်ရှည်အောင် လုပ်ဆောင်နေခြင်း၊ ရိုဟင်ဂျာဆန့်ကျင်ရေး အရေခြုံပြီး လူမျိုးရေးဘာသာရေး ရန်တိုက်သွေးခွဲနေခြင်း၊ ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်နေသူများကို နှောင့်ယှက်နေခြင်း၊ ဓာတ်ပုံများ ကော်ပီကူးယူ၍ မဟုတ်မမှန်ဇာတ်လမ်းများဖန်တီးကာ ပုဂ္ဂိုလ်ရေး စော်ကားတိုက်ခိုက်နေခြင်းများကို မကြာခဏ တွေ့မြင်နေရပါသောကြောင့် ….. အဆိုပါ ကြံ့ဖွတ်လက်ပါးစေများ၏ facebook …
ID များကို လက်လှမ်းမီသလောက် စုဆောင်းတင်ပြရင်း ၄င်းတို့၏ရည်ရွယ်ချက် အထမမြောက်စေရန် ရိုက်ချိုး ဖျက်ဆီး တိုက်ဖျက်နိုင်သည့် နည်းလမ်းကောင်းတခုကိုပါ တင်ပြလိုက်ပါသည်။
- Facebook ပေါ်တွင် account တခု ရရှိရန် အချိန် ၁၀ မိနစ်ခန့် ပေးရပါသည်။ လိုအပ်သည့် fake ဓာတ်ပုံများ profile အချက်အလက်များ နှင့် friend list ရှာဖွေခြင်းများပါ ပြည့်ပြည့်စုံစုံထည့်သွင်းလုပ်ဆောင်မည်ဆိုပါက ၁၀ မိနစ်မက နာရီနဲ့ချီကာ အချိန်ပေးလုပ်ဆောင်ရပါသည်။ ကြံ့ဖွတ်လက်ပါးစေများက ရည်ရွယ်ချက်ရှိရှိ အချိန်ပေးလုပ်ဆောင်ထားရသည့် ကိစ္စများကို မိတ်ဆွေတို့အနေဖြင့် စက္ကန့်ပိုင်းအတွင်း ချေမှုန်း ဖျက်ဆီး တိုက်ဖျက်နိုင်ပါသည်။
- ၄င်းတို့၏ရည်ရွယ်ချက်ကို ချေမှုန်း ဖျက်ဆီး တိုက်ဖျက်နိုင်သည့်နည်းလမ်းမှာ Block လုပ်ခြင်းပင်ဖြစ်ပါသည်။
- ကြံ့ဖွတ်လက်ပါးစေများကို Block လုပ်ထားခြင်းသည် သင်၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ကာကွယ်ရာရောက်သလို.... ၄င်းတို့၏ ဆိုးညစ်ယုတ်မာသည့် မဟာဗျူဟာမြောက်အကြံအစည်ကိုလည်း တိုက်ဖျက်ရိုက်ချိုးရာရောက်ပါသည်။
အောက်ဖော်ပြပါ ID များကို Block လုပ်ထားခြင်းဖြင့် ကြံ့ဖွတ်လက်ပါးစေများ၏ မဟာအကြံအစည်ကို တိုက်ဖျက်နိုင်ပါသည်။
Mg Lulatt http://www.facebook.com/profile.php?id=100001887532264
သမာဓိ လူသား http://www.facebook.com/profile.php?id=100001040877492&sk=wall
ဆန်း သစ် http://www.facebook.com/Mg.SunThit
ဦး စစ်မင်း http://www.facebook.com/sitmin?sk=wall
Thwaythit Sar http://www.facebook.com/profile.php?id=100002922972197
ဒီမိုလုပ်စား သူတောင်းစား http://www.facebook.com/profile.php?id=100000951936280
ကို ခိုင်ဇော် http://www.facebook.com/profile.php?id=100001815981952
Paing Soe Oo (ပိုင်စိုး) http://www.facebook.com/jfivezerotwo?sk=info
Nay Htun http://www.facebook.com/profile.php?id=100002726076561
Okkar Shwe Win http://www.facebook.com/profile.php?id=100001613103606&sk=info
A Lin Young (အလင်း) http://www.facebook.com/profile.php?id=100002422424816
မင်းကို နိင် (နိင်ငံရေးခွေးထိန်း) http://www.facebook.com/necromancybaby
Link Ing http://www.facebook.com/profile.php?id=100003056807139
Lin Thu Zaw (ကိုဇော်) http://www.facebook.com/profile.php?id=100003109197826
Lighter Man http://www.facebook.com/profile.php?id=100001869438180&sk=wall
Ньейн Чан Аунг http://www.facebook.com/profile.php?id=100000180864035&sk=wall
ပလေတို ဒီမို (ဒီမို ပလေတို) www.facebook.com/kozaw007
Ko John www.facebook.com/jaj80
အထက်ပါစာရင်းတွင်ဖော်ပြထားသောသူများ (နှင့်အပြန်အလှန် comment များ ရေးသားရင်း ၄င်းတို့) ၏ လုပ်ရပ်များ၊ လှုပ်ရှားမှုများ၊ ရည်ရွယ်ချက်များ၊ ကွင်းဆက်အဆက်အစပ်များ၊ စိတ်နေစိတ်ထားများအား ဘက်ပေါင်းစုံ လေ့လာပြီးမှ စာရင်းပြုစုထားခြင်းဖြစ်သည့်အတွက် ၁၀၀ % စစ်ခွေးများဖြစ်ကြောင်း အာမခံပါသည်။
(သားဆွေ)facebook မှ ကူးယူဖေါ်ပြသည်။
Wednesday, December 19, 2012
အ ရေး သာ နေ တဲ့  C I A

CIA နှင့် တရုတ်ယဉ်ကျေးမှုအဖွဲ့ တို့ ထိပ်တိုက်တွေ့ 
မြန်မာနိုင်ငံအတွင်းရှိ တရုတ်ပိုင်စီးပွားရေးလုပ်ငန်းများကို ဖယ်ရှားပစ်ပြီး ယင်းလုပ်ငန်းခွင်နေရာ တွင် အမေရိကန် နှင့် ဥရောပနိုင်ငံများ၏ လုပ်ငန်းရှင်ကြိးများ ၀င်ရောက်အစားထိုးနိုင်ေ၇းအတွက် မြန်မာ နိုင်ငံအနှံ့ ရှိ ပရောဂျက်ကြီးများကို ဆန့် ကျင်သော လူထုဆန္ဒပြပွဲများကို မြန်မာပြည်တွင်းရှိ CIA အဖွဲ့  များ က ဖန်တီးလျက်ရှိရာ ယင်းလှုပ်ရှားမှုများကို တန်ပြန်သောအနေဖြင့် နာမည်ကျော်ထောက်လှမ်း ရေးအဖွဲ့ အစည်းဖြစ်သည့် တရုတ် ယဉ်ကျေးမှုအဖွဲ့ က မြန်မာလူထုကို စည်းရုံးသောလုပ်ငန်းများ လုပ်ဆောင်မှုများပြုလုပ်လာခဲ့သည်။
ထင်ရှားသော သာဓကအနေဖြင့် တရုတ်ကွန်ဖူးမင်းသား ဂျက်လီ၏ One Foundation အဖွဲ့  အနေဖြင့် မြန်မာနိုင်ငံ၏ ငလျင် ဒဏ်သင့်ဒေသများသို့ သွားရောက်မည်ဖြစ်ကြောင်း MMGP သတင်းဌာနမှ ထုတ် ပြန်ထားသည်ဟုဖေါ်ပြခဲ့ကြောင်း၊ မြန်မာနိုင်ငံအခြေစိုက် တ၇ုတ်သံရုံးနှင့် အမေရိကန်သံရုံးတို့ ၏ ၀ါဒဖြန့် ချိေ၇းရုံးများဖြစ်သော အမေရိကန်စင်တာ ပြန်ကြားရေးဌာနနှင့် တရုတ် ယဉ်ကျေးမှုရုံးတို့ မှာ ယခင် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး အနောက်ဘက်တွင် တစ်ရပ်ကွက်တည်းတည်ရှိကြောင်းနှင့် လတ်တလောအနေဖြင့် အမေရိကန်သံရုံးပြန်ကြားေ၇းဌာန အမေရိကန်စင်တာတွင် မြန်မာမျိုးဆက် သစ်လူငယ်များ တစ်စုတစ်စည်းတည်းရှိကြောင်းနှင့် တရုတ်သံရုံးယဉ်ကျေးမှုရုံးမှာ ရန်ကုန်လူထုနှင့် ကင်းကွာလျှက်ရှိကြောင်း သတင်းရရှိသည် ။
Wednesday, December 12, 2012
လယ် တီ ဆ ရာ တော် ဘု ရား ကြီး ၏ သာ သ နာ့  နယ် မြေ အ တွက် နိုင် ငံ တော် သ မ္မ တ က အာ မ ခံ လိုက် ပြီ

သံဃာ့ မဟာနာယက ဆရာတော်ကြီးများ ၏ မိန့် ဆိုချက် တစ်ချို့ ကို ဖြူးမြို့ ရှိ သံဃာ့မြေဆိုင်ရာ အငြင်းပွားမှုတစ်ခု ကို ဖြေရှင်းစဉ်က နာယူမှတ်သားခဲ့ဖူးပါသည်။
ဘုန်းကြီးအလုပ် ဘုန်းကြီး၊ လူ အလုပ် လူ လုပ် ၊ လူ အလုပ် ဘုန်းကြီး လုပ် က သေလျှင် အပါယ်လားတတ်သည် ။
လူအလုပ် လူလုပ်၊ တိရစ္ဆာန် အလုပ် တိရစ္ဆာန်လုပ်၊ တိရစ္ဆာန် အလုပ် လူလုပ် က သေလျှင် အပါယ်လားတတ်သည်။
လက်ပံတောင်းတောင် အရေးတွင် လယ်တီဆရာတော်ကြီး၏ သာသနာ့ နယ်မြေမပျောက်ပျက်အောင်ထိန်းသိမ်းခြင်းသည် ဘုန်းကြီးသံဃာများနှင့် သက်ဆိုင်သလို
ဗုဒ္ဓဘာသာဝင် များ လူပုဂ္ဂိုလ်များနှင့်လည်း သက်ဆိုင်ပါသည်။ သာသနာ့ တာဝန်ကိုထမ်းဆောင်ခြင်းဖြစ်သည်။
သံဃာတော်များကို မီးလောင်တိုက်သွင်း နှိမ်နင်းခြင်းသည် လောက ငရဲ ၏ အလုပ်ဖြစ်ပါသည်။
ငရဲသားတို့ အလုပ်ကို လူလုပ်စရာမလို သလို နိုင်ငံရေးဆိုင်ရာတောင်းဆိုချက်များကို လည်း သံဃာများတောင်းဆိုစရာမလိုပါ။
လက်ပံတောင်းတောင်အရေးအတွက် သာသနာ့ဒါယိကာမ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်စုံစမ်းနေပါသည်။
လက်ပံတောင်းတောင်စုံစမ်းရေးကော်မတီ၏လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေသော
လူစုလူဝေးဖြင့် သာသနာ နှင့် သံဃာ ကို ဗန်းပြသည့် နိုင်ငံရေးအမြတ်ထုတ်မှုများကို
ဆန့် ကျင် ကြ ပါ စို့  လို့ 
ရန်ကုန်ကြေးမုံ
မှ
တိုက်တွန်းလိုက်သည် ။